Friday 26 September 2014

အရပ်သား အစိုးရ လက်ထက် မထူးခြားခဲ့သော ထူးထူးခြားခြား ရှာဖွေမှုများ


သမ္မတ ဦးသိန်းစိန် အစိုးရကာလ အတွင်း လူထု စိတ်ဝင်စားမှု အထူးရှိခဲ့ပြီး ဒုတိယကမ္ဘာ စစ်လက်ကျန် စပစ်ဖိုင်းယား လေယာဉ်ရှာဖွေမှု၊ ပဲခူး ရွှေသုံးတန်ရှာဖွေ တူးဖော် မှုနှင့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေရေး လုပ်ငန်းများကို ပြုလုပ်ခွင့် ရခဲ့ သည်မှာ လူတိုင်း အသိပင်ဖြစ်သည်။
သန်းပေါင်း မြောက်မြားစွာ နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် ရရှိမည့် စပစ်ဖိုင်းယား ကို နည်းပညာ မြင့်သည့် ဗြိတိန်နိုင်ငံမျိုး က ဦးဆောင်ရှာဖွေခဲ့ သည်။ ငွေကြေး လည်း ခြူး တစ်ပြားမှ မစိုက် ထုတ်ရသဖြင့် တွေ့ မည်ဆိုလျှင် နိုင်ငံ အတွက် အကောင်းသာ ဖြစ်မည်။ ထို့အတူ ဓမ္မစေတီခေါင်းလောင်း သည်လည်း အဖိုး မဖြတ်နိုင် သည့် သမိုင်း အမွေ၊ ဂျပန်ရွှေသည် လည်း နိုင်ငံငွေပင် ဖြစ်မည်ဖြစ်ရာ လူအများက ရှာဖွေတွေ့ရှိ စေလိုကြသည်။ သို့သော်လည်း ထိုရှာဖွေ မှုများက လူထု ၏မျှော် လင့်ချက် ကို မဖြည့် ဆည်းပေးနိုင်ကြပေ။
စပစ်ဖိုင်းယား လေယာဉ်ရှာဖွေမှု
ဗြိတိန် ဝန်ကြီးချုပ်၏ ၂ဝ၁၂ ခုနှစ်၊ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် နှစ်ဦး တွေ့ဆုံကြ စဉ်မြန်မာနိုင်ငံ၌ မြှုပ်နှံခဲ့ဖွယ် ရှိသော စဖစ် ဖိုင်းယားလေယာဉ် များကို ရှာဖွေရန် သဘောတူ ခဲ့ကြပြီး စမ်းသပ် ရှာဖွေမှုကို ၂ဝ၁၂ ဒီဇင်ဘာလ၌ မြစ်ကြီးနား တွင် စတင်ပြုလုပ်ခဲ့သည်။
ရှာဖွေရေး အဖွဲ့က ရန်ကုန် လေဆိပ် အနီးတွင် စပစ်ဖိုင်းယား လေယာဉ် ၃၆ စီး မြှုပ်နှံထားကြောင်း၊ အခြား လေယာဉ် ၁၈ စင်းကို မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီး နားမြို့တွင် လည်းကောင်း၊ နောက်ထပ် လေယာဉ် ၆ စင်းကို မြန်မာနိုင်ငံ အလယ် ပိုင်း မိတ္ထီလာမြို့တွင် လည်းကောင်း မြှုပ်နှံ ထားခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။
ယခု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ရှိရာနေရာ၊ မိတ္ထီလာနှင့်  မြစ်ကြီးနားတွင် အဆင့်မြင့်ရေဒါ နည်းပညာ များ အသုံးပြုပြီး ဒုတိယကမ္ဘာစစ် ကမြှုပ်နှံခဲ့ ထား ခဲ့သော ဗြိတိသျှ တော်ဝင်လေတပ် ပိုင် တစ်ယောက်စီး စပစ်ဖိုင်းယား တိုက် လေယာဉ် များကို ပိုက်စိတ်တိုက် ရှာဖွေ ခဲ့ကြရာ မီဒီယာများ၏ အထူး ဂရုစိုက်မှုကို ရရှိ ပြီး ပြည်သူ လူထုက အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြသည်။
 ပြည်ထောင်စု အစိုးရ အဖွဲ့ကကော်မတီ ဖွဲ့၍ အစိုးရက ၅ဝ ရာခိုင်နှုန်း၊ ဗြိတိန်မှ ဒေးဗစ်ကန်ဒဲလ်ပါ အဖွဲ့နှင့် ရွှေတောင်ပေါ် ကုမ္ပဏီ တို့က ၅ဝ ရာခိုင်နှုန်းဖြင့် စသဖြင့် အကျိုး အမြတ် ခွဲဝေယူရန် သဘောတူ ခဲ့ကြသည်။ စပစ်ဖိုင်းယား တိုက်လေယာဉ် များ မြေမြှုပ်ခဲ့ သည်ကို တွေ့မြင်ခဲ့သူ အသက် ၉၁ နှစ် အရွယ် ဗြိတိသျှ စစ်သား ဟောင်း မစ္စတာ စတန်လေလည်း ရှာဖွေ ရာတွင် ပါဝင်ခဲ့သည်။
သို့သော် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် Mr.David J.Cundall ၏ ရှာဖွေမှုကို ထောက်ပံ့သော Warga- ming Ltd ကုမ္ပဏီက မြန်မာနိုင်ငံတွင် စပစ်ဖိုင်း ယားလေယာဉ်ပျံ များ မြှုပ်နှံထား ခဲ့သည်ကို မယုံကြည်တော့သည့် အတွက် ရှာဖွေမှု ပြီးဆုံးကြောင်း ကြေညာခဲ့သည်။
”သူတို့က မြန်မာပြည်မြေ အနေ အထားကို မသိဘဲနဲ့ မြေကို ၂ ပေ၊ ၅ ပေ လောက်လေး တူးပြီးတော့ မရှိဘူးလို့ ဘယ်လိုလုပ် ပြောလို့ရမလဲ” ဟု ဘူမိဗေဒ ပညာရှင် ဦးစိုးသိန်း ကလေယာဉ် ရှာဖွေ ရေး အပေါ် မှတ်ချက်ပေးခဲ့သည်။
အဓိက ထောက်ပံ့ပေးသည့် Wargaming Ltd ကုမ္ပဏီကြီး မရှိတော့သည့် တိုင် Mr.David J.Cundall က စပစ်ဖိုင်း ယားလေယာဉ် များ တည်ရှိသည် ဆိုသည် ကို ဆက်လက် ယုံကြည် ခဲ့သည်ဟု ဆိုသည်။
ပဲခူးရွှေသုံးတန်ရှာဖွေမှုကြီး
ပဲခူးတိုင်း ဒေသကြီး ဇီးကုန်းမြို့နယ် အတွင်း၌ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံထားခဲ့သည့် ရွှေသုံးတန် ကို ကတ္တရာစေးနှင့် ပိတ်ထားသော သေတ္တာ များ အတွင်း တွေ့ရှိပြီဟု ရှာဖွေရေး အဖွဲ့ ထဲတွင် ပါဝင်သည့် ဘူမိဗေဒ ပညာရှင် ပါမောက္ခဟောင်း ဦးစိုးသိန်းက ၂ဝ၁၃ခုနှစ် ဇူလိုင်လ ကထုတ်ပြောခဲ့ရာ အများက စိတ်ဝင် စား သွားသည်။
အစိုးရသစ် ကာလ အတွင်း ဒုတိယ ကမ္ဘာစစ်လက်ကျန် ပစ္စည်းများကို ရှာဖွေ နေမှုတို့တွင် ဗြိတိသျှ စဖစ်ဖိုင်းယားပြီး လျှင် ဂျပန်ရွှေသုံးတန် သည် ဒုတိယမြောက် လုပ်ငန်း တစ်ခုဖြစ်လာသည်။
 ရွှေသုံးတန် ကိုပြည်ထောင်စု အစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင် ရှာဖွေနေသည် ဟုသာ ပြောကြားပြီး အကျိုးအမြတ် ခွဲဝေမှုကိုမူ ဦးစိုးသိန်းက မပြောကြားခဲ့ပေ။
”ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲ လေးတွေ ရှိနေသေးတယ်” ဟု ဘူမိဗေဒ ပညာရှင် ပါမောက္ခ ဟောင်း ဦးစိုးသိန်းက ဒုတ်ဒုတ်ထိ ကျိန်းသေ ပြောကြားခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းကြီးရှာဖွေမှု
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူ ရေးလုပ်ငန်းအား၂ဝ၁၄ ခုနှစ် သြဂုတ် ၉ ရက် မနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့ ရာ ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်း နှင့် ပဲခူးမြစ် သုံးခု ဆုံရာ ရေပြင်တွင် စက်လှေ များဖြင့် ပြည်သူလူထု က သွားရောက် ကြည့်ရှု ခဲ့ကြသည်။
၁ဝ နှစ်ကျော် အတွင်း ဆယ်ယူရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ သည့် ထိုလုပ်ငန်းကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဇူလိုင် ၁၄ ရက်တွင် ခွင့် ပြု မိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ကော့သောင်းမြို့မှ ရေငုပ် သမား ဆယ်ယောက်နှင့် အတူ သောင်တူး စက်တို့ကို အသုံးပြု၍ မြန်မာ့နည်း မြန် မာ့ဟန်၊ နတ်နှင့် နဂါးအကူအညီ များဖြင့်  ဦးစံလင်း က ခေါင်းဆောင်၍ ရှာဖွေခဲ့ရာ သြဂုတ်၂၆ ရက်တွင် ခေါင်းလောင်းကြီး ကိုကြိုးဖြင့် ချီသိုင်းပြီးသွားပြီဖြစ်ကြောင်း သတင်းပင် ထုတ်ပြန်ခဲ့သေးသည်။
သို့သော် ခေါင်းလောင်းကြီးကို ရှာမတွေ့ဘဲ ပြည်သူ လူထုသာ အလုပ်ပျက် အကိုင်ပျက် တွေ့နိုးတွေ့နိုးနှင့် အလိမ်ခံ လိုက်ရသည်။
”ကျွန်တော်တို့ ခေါင်းလောင်းကြီး ဆယ်ယူဖို့ရာမှာ ရွှေရောင် နဂါးမင်းကြီး က ဆီမီး ပူဇော်နေလို့ပါ။ ပြီးတာနဲ့ ဆယ် သွားမှာပါ”ဟု ပြောဆိုခဲ့သော ဦးစံလင်း ၏ စကား မှာ ပြည်သူလူထု အကြား ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့သည်။
ယင်းသို့သော ဖြစ်ရပ်တို့သည် ဒီမိုကရေစီ အစိုးရ လက်ထက်တွင်အမှန်ပင် ရှိခဲ့သည်။
ထိုမတိုင်ခင် ကလည်း မရှာဖွေရ သေးသော  ရွှေတြိဂံ နယ်မြေ၌ နှစ် ပေါင်း ၃ဝ ခန့် ရှာဖွေ ထုတ်လုပ်နိုင်သည့် ရွှေကြောသစ်ကြီး သတင်း၊ တိုင်းရင်း သားနယ်မြေ အချို့ရှိ ရတနာကြော များ စသည့် သတင်း တို့ကလည်း ၂ဝ၁၁ ခုနှစ် ထဲတွင် ရှိခဲ့ဖူးသည်။
နောင်လာမည့် ၂ဝ၁၅  ခုနှစ်တွင် လည်း မည်သို့သော ရှာဖွေမှုကို ပြုလုပ်ဦး မည်လဲ ဆိုသည်ကိုပါ အများက စိတ်ဝင် စားနေသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.