Monday 30 September 2013

Saturday 28 September 2013

တိမ်မြုပ် ပျောက်ကွယ်လုနီးပါးရှိသော ရခိုင်ရိုးရာ ငစည်ရှာ ပြဇာတ်အကြောင်း


တိမ်မြုပ် ပျောက်ကွယ်လုနီးပါးရှိသော ရခိုင်ရိုးရာ ငစည်ရှာ ပြဇာတ်အကြောင်း

ရခိုင်ရိုးရာ ငစည်ရှာရာဇ၀င်ပြဇာတ်ကြီးသည် ရခိုင်ပြည်နယ်တွင် ထင်ရှားသောပြဇာတ်ဖြစ်သည်။ ရခိုင် ယဉ် ကျေးမှုကို အရေးပါ အရာရောက်အောင်

 ထောက်ပံ့ပေးသော ပြဇာတ်တစ်စောင်လည်း ဖြစ်သည်။
 ယခုလက်ရှိအချိန်အခါတွင် ငစည်တတ်များလည်း ရှားပါး ပျောက်ကွယ်နေချိန်ဖြစ်၍ မူရင်းဇာတ်အတိုင်း အနှစ်သာရပြည့်ဝသော ပြဇာတ်အဖြစ် ကပြနိုင်သူ ရှားပါးနေပြီဖြစ်သည်။ နဂိုမူလမှာလည်း ပျက်စပြု နေပြီဖြစ်သည်။ နဂိုမူရင်းဇာတ်ချင်းသည်လည်း နောက်မကြာမီတွင် ပျောက်ကွယ်သွား နိုင်ပေသည်။ ထို့ကြောင့် ယဉ်ကျေးမှုတစ်ရပ် မကွယ်ပျောက်ရအောင် ပြန်လည် တင်ပြရခြင်း ဖြစ်သည်။
ငစည်ရာဇ၀င် ပြဇာတ်ကို စီစဉ်တင်ပြသူမှာ မင်းဟရီလက်ထက် အမှုထမ်းသော အမတ်ကြီး ဦးဒိုးဝေ ဖြစ်သည်။ အခြားတစ်ဦး ဦးဒိုးဝေဆိုလျှင် ရခိုင်ပြည်နယ်၌ သာမက မြန်မာပြည်တလွှားကပင် ရာဇ၀င်ဆရာအဖြစ် သိကြပါသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် နန်းတက်သော အဘယမဟာရာဇာ လက်ထက်တွင် အမတ်ကြီးအဖြစ်အမှုထမ်းစဉ် လေးဆယ့် ရှစ်အင်္ဂါ ရှိသော ရာဇ၀င်ကျမ်းတစ်စောင်ကို ပြုစုခဲ့သည်။ဤနေရာ၌ ပေရွက်(၁၂) ရွက်ကို တစ်အင်္ဂါ ဟု ခေါ်သည်။ဤရာဇ၀င်ကြီး၌ (၄၈)အင်္ဂါဆိုလျှင် ပေရွက်ပေါင်း(၅၇၆)ရွက် ရှိသည်။ ၄င်း ရာဇ၀င်ကို ဒိုးဝေရာဇ၀င် ဟုခေါ်သည်။ ရာဇ၀င်ဆရာ အဖြစ် လည်းကောင်း ၊ပညာရှိ အမတ် အဖြစ်လည်းကောင်း သိကြသော ဦးဒိုးဝေမှာ မြောက်ဦးခေတ်နောက်ပိုင်းမှ ထင်ရှား လာသူ ဖြစ်သည်။စစ်စစ် ဤဦးဒိုးဝေမှာ ပြဇာတ်ရေးသူမဟုတ် ရာဇ၀င်ဆရာ တစ်ယောက် သာဖြစ်သည်။

ပြဇာတ်ရေးဆရာ ဦးဒိုးဝေသည်(၉၈၄)ခုနှစ်တွင် သီရိသုဓမ္မာရာဇာဘွဲ့အမည်နှင့် နန်းတက်သော မင်းဟရီ လက်ထက်၌ ရမ်းဗြဲမြို့စားအမတ်ကြီးဖြစ်သည်။ ရွှေနန်းတော်၌ အရေးပါ အရာရောက်သော အမတ်ကြီးဖြစ်ပြီး မိဖုရားခေါင်ကြီးနတ်သျှင်မယ် ၏အတွင်းဝန်အမတ်ကြီးလည်း ဖြစ်သည်။ ဘုရင်သီရိ သုဓ မ္မရာဇာလက်ထက်တွင်ထင်ရှားခဲ့သော လေးမြို့စား ငလက်ရုံး၊ လောင်းကြက်စား ငကုသလတို့နှင့်အတူ အမှုထမ်းခဲ့သော ဟူးရားသူကြီး မင်းကျော်၏ သားဖြစ်သည်။
ဘုရင် သီရိသုဓမ္မရာဇာ ကို မိဖုရား နတ်သျှင်မယ် ကလောင်းကြက်စား အမတ် ငကုသလ နှင့် ပူပေါင်း၍ ပယောဂနည်းဖြင့် လုပ်ကြံသောအခါ အမတ်ကြီး ဦးဒိုးဝေသည် ဘုရင့်အမတ် ငလက်ရုံးနှင့်အတူ ရှင်ဘုရင်ဘက်မှ နေခဲ့သည်။ မိဖုရား၏ နန်းတွင်းအရေးတော်ပုံ အောင်မြင်ကာနီးတွင် အမတ်ငလက်ရုံးသည် အသက်လွတ်ရာ လွတ်ကြောင်း ကန်သာရေကြည် သို့ထွက်ပြေးတိမ်းရှောင်လေသည်။ အမတ်ကြီး ဦးဒိုးဝေ လည်း မာန်အောင်ကျွန်းသို့ ထွက်ပြေးတိမ်း ရှောင်လေသည်။ မြောက်ဦးမှ ရေခြားမြေခြား မာန်အောင် ကျွန်းသည် ဦးဒိုးဝေအတွက် အသက်ဘေးမှ လုံခြုံသော နေရာဖြစ်သည်။ ဤသို့ မိဖုရားကြီး နတ်သျှင်မယ်၏ သစ္စာမရှိမှု၊ နန်းတွင်းလုပ်ကြံမှုကို အများပြည်သူများ သိရှိစေရန် အတွက် အမတ်ကြီးဦးဒိုးဝေသည် ငစည် ရာဇ၀င် သို့မဟုတ် ငစည်ပြဇာတ်ကို ရေးသားခဲ့ခြင်းဖြစ်သည်။
ပြဇာတ်၏ ဇာတ်အိမ်ဖွဲ့ပုံမှာ အတော်ပင် ကျယ်ဝန်းပြီး အနှစ်သာရနှင့်ပြည့်ဝသည်။ ပထမတွင် အကသမား၏ ပဏါမနိဒါန်း၊ ဒုတိယတွင် ကျောက်ရိုးသိုက်စကား၊ တတိယတွင် ဇာတ် စကားနှင့် ဇာတ်ချင်း များ၊စတုတ္ထတွင် အကသမား၏ နိဂုံးချုပ်စကားတို့ဖြစ်သည်။ ကျောက်ရိုး သိုက်မှာ (စစ်တကောင်းစား အမတ် ကြီး ပညာကျော်၏သား စစ်တကောင်းမြို့စား ပညာ ၀ံသ ဘွဲ့ခံ ကျီးညိုမှ မွေးသော) လေးမြို့စားအမတ် ငလက်ရုံးရေးသားစီရင်ခဲ့သော သိုက်စကား များ ဖြစ် သည်။
ငစည်ရာဇ၀င်တွင် အဓိက လိုအပ်ချက်ပစ္စည်းများမှာ-
(၁) လက်ထောင်းဆုံကြီးတစ်လုံး၊
(၂) လှော်တက်တစ်ချောင်း၊
(၃) ငါးသဲ့သော ယက်သဲ့တစ်ခု၊
(၄) ငါးထည့်သော ပလိုင်းတစ်ခု၊
(၅) တောင်းတစ်လုံး တို့ဖြစ်သည်။
ဤပစ္စည်းငါးမျိုးတို့မှာ ပြဇာတ်၌ မပါမဖြစ်သော အခမ်းအနားပစ္စည်းတို့ပင်ဖြစ်သည်။ ပြဇာတ်၏ ထူးခြားချက်မှာ တစ်ဦးတည်းက ကပြရသဖြင့် မြန်မာကွက်စိပ်အဟောနှင့် ဆင်တူရိုးမှား ဖြစ်သော်လည်း သေသေချာချာလေ့လာလျှင် ကွက်စိပ်ဟောသကဲ့သို့မဟုတ်ဘဲ တမူထူးခြား သည်ကို တွေ့ရှိရသည်။ ဤသည်ပင်လျှင် ပြဇာတ်၏ထူးခြားချက်ဖြစ်သည်။
ငစည်ရှာ ရာဇ၀င်ကြီးတွင် အဓိက ဇာတ်ဝင်ခန်း(၂၁)ခန်း ပါဝင်သည်။ ပထမဆုံး အကသမား၏ အာသီသ နိဒါန်းကိုပြောဆိုပြီး ကျောက်ရိုးသိုက်ကို ရွတ်ဖတ်ပြီးမှ ဇာတ် ၀င်ခန်း(၂၁)ခန်းတို့မှာ အစဉ်အတိုင်း ကပြရသည်။ ဇာတ်ဝင်ခန်း (၂၁) တို့မှာ-
(၁) သီရိသုဓမ္မာရာဇာ (မင်းဟရီ) မိဖုရားရွေးကောက်ရန် အမတ်တို့နှင့်တိုင်ပင်ခန်း။
(၂) တင်းဝစားအမတ်မှ သမီးဝါလှဖြူ(နတ်သျှင်မယ်)ကိုဆက်သခန်း။
(၃) ငကုသလ ငခွေးချေ လောင်းကြက်မြို့ကို စားရခန်း။
(၄) လောက်းကြက်စားအမတ် ငကုသလ ငခွေးချေ မြောက်ဦးမြို့သို့ လူပျိုလှည့်သွားခန်း။
(၅) မိဖုရားဝါစိုးဖြူ(နတ်သျှင်မယ်)နှင့်လောင်းကြက်စားအမတ်တို့ သင့်မြတ်ခန်း။
(၆) ငစည်ရတတ်သူကို ရှာဖွေခန်း။
(၇) ပါရဲဘ ငစည်ရှာရန် လက်ခံခြင်း။
(၈) ခရီးထွက်လာရာ ဟင်းခရော်ရွာတွင် ညအိပ်ခန်း။
(၉) ရခိုင်(၄၄)ကျွန်းတွင် ငစည်ရှာခန်း။
(၁၀) ဗေဒင်မေးခန်း။
(၁၁) ပါရဲဘနှင့် ဘူးဝေမိ အပြန်အလှန်မှာခန်း။
(၁၂) အနောက်ပြည်သို့ ငစည်ရှာထွက်ခန်း။
(၁၃) နတ်မေးခန်း။
(၁၄) “ အောင်ကျော်ဖြူ” တစ်ခန်းရပ် ကြားညှပ်ပြဇာတ်။
(၁၅) မာန်အောင်ကျွန်းသို့ ကူးခန်း။
(၁၆) သစ်ပုံချောင်းသို့ ရောက်ခန်း။
(၁၇) မာန်အောင်သူမတို့ ငါးသဲ့ခန်း။
(၁၈) ဘုရင်နတ်ရွာစံခန်း။
(၁၉) သားတော် အဆိပ်သင့်၍ သေခန်း။
(၂၀) ငကုသလ နန်းတက်၍ မိဖုရား ၀ါစိုးဖြူ (နတ်သျှင်မယ်)ကိုနှင်ထုတ်ခန်း။
(၂၁) ငကုသလ နတ်ရွာစံခန်း နှင့် အကသမား၏ အာသီသ နိဂုံးချုပ်စကား တို့ပင်ဖြစ်သည်။
ဤနေရာ၌ ငစည်ရှာပြဇာတ်ကို အသေးစိတ်ဖော်ပြရလျှင် နေရာတော်တော်များများ ယရမည်ဖြစ်၍ အများပြည်သူများ သံဝေဂပွားများနိုင်ရန်အတွက် ပြဇာတ်၏ အကျဉ်းချုပ်ကိုသာ တင်ပြလိုက်ရပါသည်။
ပြဇာတ်၏အစတွင် သီရိသုဓမ္မရာဇာ(မင်းဟရီ) မင်းကြီး ထီးနန်းစိုးစံသည်။ ဘုရင်တွင် မိဖုရား မရှိသေး၍ ထိုက်တန်သူကို မိဖုရားခေါင်ကြီး ရွေးချယ်တင်မြှောက်ရန် ပညာရှိအမတ်တို့နှင့် တိုင်ပင် တော်မူသည်။ အမတ်များက တင်းဝစားအမတ်ကြီး၏သမီး “၀ါလှဖြူ” သည် မိဖုရားအရာနှင့် ထိုက်တန် အောင် ချောမောလှပကြောင့် လျှောက်ထားကြသည်။ ဘုရင်ကလည်း သဘောကျသဖြင့် ၀ါလှဖြူကို “ ၀ါစိုးဖြူ(နတ်သျှင်မယ်) အမည် နှင့် မိဖုရား အရာအပ်နှင်းသည်။
လောင်းကြက်စား ငကုသလအမတ်ကြီးသည် မိဖုရားအဖြစ် ရွေးချယ်ရန် သီရိသုဓမ္မရာဇာ၏ မိဖုရား ၀ါစိုးဖြူ(နတ်ရှင်မယ်) ကိုမြင်ယောင်မိသည်။ လောင်းကြက်မြို့ကို အမတ်တို့အားအပ်ပြီး မြောက်ဦးမြို့သို့ လူပျိုလှည့်ရန် ထွက်ခဲ့သည်။
မြောက်ဦးတွင် မိဖုရားနှင့်သင့်မြတ်ပြီး ဘုရင်သီရိသုဓမ္မရာဇာကို အင်းအိုင်၊ယတြာနည်းဖြင့် လုပ်ကြံရန် အမတ်အချို့နှင့် တိုင်ပင်ကြသည်။ အင်္ဂါသား သီရိသုဓမ္မရာဇာအား ဗုဒ္ဓဟူးသား ငကုသလ ငခွေးချေက နံနှိမ်ရန် အင်္ဂါနံ”ငစည်” ကို နန်းတော်သို့တင်ရန်အကြံ ပေးသည်။ ငစည်ကို နံနှိမ်ခြင်းဖြင့် ဘုရင် သီရိ သုဓမ္မရာဇာကို သေစေရန် ဖြစ်သည်။ မိဖုရားဝါစိုးဖြူ(နတ်သျှင်မယ်) သည် ဘုရင်ကို မလို လောင်းကြက် စားကိုသာလို၍ ငစည်ရနိုင်သူကို ရှာဖွေခိုင်းသည်။
ထိုအခါ ဘူးပင်ရွာမှ “ ပါရဲဘ” ဆိုသူ ဆင်းရဲသားသည် ငစည်ရှာရန် လက်ခံပြီး ယောက်ဖကို အဖော်ခေါ်ကာ ငစည်တွေ့နိုင်မည်ထင်သော နေရာများကို လှေငယ်တစ်စင်းဖြင့် ခရီးထွက်လာရာ ဟင်းခ ရော်ရွာသို့ ရောက်သည်။ ထိုမှ ရခိုင်(၄၄) ကျွန်းသို့ လှည့်လည်ရှာဖွေသည်။ မြောက်ဦးတွင် ငစည်မရနိုင်၍ ဗေဒင်ဆရာထံသွားမေးရာ အနောက်ပြည်တွင် ရနိုင်မည်ဖြစ်ကြောင်း ဟောသည်။ အနောက်ပြည် သို့ ခရီးမသွားမီ ပါရဲဘသည် ဇနီးသည်” ဘူဝေမိ” ထံသွား၍ အပြန်အလှန် မှာကြားကြသည်။ ထို့နောက် အနောက်ပြည်သို့ ခရီးမသွားမီ ပါရဲဘ သည် ပင်လယ်ကိုဖြတ်၍ မာန်အောင်ကျွန်းသို့ ကူးခဲ့ကြသည်။
မာန်အောင်ကျွန်းတွင်လည်း ငစည်ရှာမရ၍ နောက်ဆုံးလက်လျော့ပြန်ခဲ့ကြသည်။ မိဖုရား၏ အလိုကျရှာခိုင်းသော ငစည်ဖြစ်၍ မရဆိုသည်ကို မကြားလိုဟု ဘုရင်က အမိန့်ချမှတ်ရာ အမတ်ငမှန် ကန်သည် ရွှေစင်(၁)ပိဿာကို ငစည်ငါးရုပ်ထုလုပ်၍ ဆက်သရာ နံနှိမ်ထားသဖြင့် သက္ကရာဇ် (၁၀၀၀)ပြည့် နယုန်လဆုတ်(၂) ရက်တနင်္လာနေ့တွင် ဘုရင် သီရိသုဓမ္မရာဇာ ကံကုန်ရှာသည်။ သီရိသုဓမ္မရာဇာ နန်းသက်(၁၆) နှစ်ရှိခဲ့သည်။ သားတောင်စနေမင်း နန်းတက်ပြန်သည်။ နန်းတက်၍ တစ်ပတ်အကြာတွင် ကျောက်ကြီးရောဂါ စွဲကပ်လေသည်။ နတ်ရှင်မယ်သည် ငကုသလအမတန်နှင့် တိုင်ပင်ပြီး နန်းတော်၏ အရှေ့မြောက်ထောင့် “ ၀င်းစား မ” အရပ်သို့ ယာယီရွှေ့ပြောင်းစံစေ၏။ ဤသို့စံနေစဉ် မယ်တော်နတ် ရှင်မယ်သည် ဆေးထဲ၌ အဆိပ်ခတ်၍ သားတော်ကိုသတ်လိုက်သည်။ မင်းစနေသည် နန်းသက်ရက်(၂၀) ရှိခဲ့သည်။
ထိုအခါမှ လောင်းကြက်စား ငကုသလ ငခွေးချေသည် သက္ကရာဇ် (၁၀၀၀) ခုနှစ်တွင် “ နရပတိ” ဟူသော အမည်ဖြင့် မြောက်ဦး နန်းကို သိမ်းပိုက် အုပ်ချုပ်လေသည်။ ထို့နောက် သားကိုမကြင် လင်ကိုမတွယ်တာသော မိန်းမယုတ် နတ်သျှင်မယ်ကို နန်းတော်မှ နှင်ထုတ်ကာ တောဇနပုဒ်တွင် သေရသည်။ နန်းတက်၍ (၇) နှစ်အကြာတွင် ငကုသလ ငခွေးချေလည်း နတ်ရွာစံလေသည်။ ဤနန်းတွင်း အရှုပ်အထွေးကြောင့်ပင် ရခိုင်ရာဇ၀င် သည်တစ်မျိုးတစ်ဖုံ ပြောင်းသွားရသည် ဟု ထင်သည်။ ဤသည်ပင် လျှင် ငစည်ရာဇ၀င် အကျဉ်းချုပ်ဖြစ်သည်။
ဤဆောင်းပါးကို တင်ပြရသောကြောင့် ရခိုင်သူရခိုင်သားများအတွက် ပျောက်ကွယ်နေသော ရတနာတစ်ပါးကို ပြန်ရသကဲ့သို့ ထင်မှတ်ပါက ဆောင်းပါးရေးရ ကျိုးနပ်ပါမည်။ ရခိုင်သူ ရခိုင်သားများ၊ သမိုင်းဗဟုသုတ၊ ဉ်ကျေးမှု ဗဟုသုတ၊လူမျိုးရေးဗဟုသုတ များကို ရှာဖွေတိုးတက်၍ အမျိုးဂုဏ် ဇာတိ ဂုဏ်ကို မြှင့်တင်နိုင်ကြပါစေ။

ရမ္မာဝတီ-ဇီဝဇိုး
ကျမ်းကိုးစာရင်းများ
(၁) မောင်တင်မောင်ဌေး – ရခိုင်ယဉ်ကျေးမှုသုတေသနစာတမ်း။
(၂) နတ်မောက်ဘုန်းကျော် – နတ်ရှင်မယ်။ ၁၉၆၀ ခုနှစ်၊ ဇူလိုင်လထုတ် ရခိုင်
အာဇာနည် အထူးထုတ်၊ မြ၀တီမဂ္ဂဇင်း။
(၃) ဦးမင်းနိုင် – ပြည်ထောင်စု အကပဒေသာ။
(၄) ရမ်းဗြဲတောင်ကျောင်းဆရာတော် – ရခိုင်ရာဇ၀င်သစ်ကျမ်းစာအုပ်
(၅) ရမ်းဗြဲတောင်ကျောင်းဆရာတော် – ရဇက္ကမသင်္ခေပကျမ်း။
………………
Arakan Folks မှကူးယူဖော်ပြပါသည်။

Wednesday 25 September 2013

" ကမန် ” (သို့မဟုတ်) “ ကုလား ” ၀င်ပေါက်

" ကမန် ” (သို့မဟုတ်) “ ကုလား ” ၀င်ပေါက်
-----------------------------------------


" အမှန်က နှစ်သောင်းလောက်ရှိတဲ့ ကမန်လူမျိုးဟာ နှစ်သိန်းလောက်ဖြစ်နေလို့ ကျွန်တော်တို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်၊ ကုလားကို ကမန်ဖြစ်အောင် လ၀ကကပဲ လာဒ်စားပြီး လုပ်ပေးနေတာ၊ ခံရတာက ကျွန်တော်တို့ကမန်တွေပဲ "လို့ ရမ်းဗြဲမြို့နယ်က " ကမန် "တစ်ယောက် BBC ကျေးတမာနဲ့ပေဖူးလွှာကဏ္ဍကနေ ၂၀၀၄-ခုနှစ်လောက်က ထအော်တာကို ကြားလိုက်ရတော့ ကျွန်တော့်ကိုယ်တွေ့ ကမန်အသွင်ပြောင်းလဲမှုကို တင်ပြချင်နေခဲ့တယ်။ ခုအခြေအနေမှာ လိုအပ်ချက်ကလည့် ရှိနေပြီမို့ အုပ်စိုးသူအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ မြန်မာရဟန်းရှင်လူ ပြည်သူပြည်သားတွေ စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါတယ်။

၁၉၉၂-ခုနှစ် ပတ်ဝန်းကျင်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ သိမ်ကျောင်းရွာထိပ်မှာ ကျွန်တော်က သစ်စက်လုပ်ငန်းလုပ်နေတယ်။ တစ်နေ့မှာ ကျွန်တော်တို့နဲ့ ကပ်ရပ်ကုန်ခြောက်ဆိုင်ကို ဈေးဝယ်ရန်သွားတော့ ကျွန်တော်နဲ့ အထူးခင်မင်ရင်းနှီးနေတဲ့ ဆိုင်ရှင်အဒေါ်ကြီးက" ဒါမင်းတို့ရခိုင်ပြည်က ကမန်လူမျိုးတွေပဲ "လို့ လူစိမ်းငါးယောက်နဲ့ မိတ်ဆက်ပေးတယ်။

ကျွန်တော်က "မင်းတို့ဘယ်ကလဲ"လို့ ရခိုင်စကားနဲ့မေးလိုက်တော့၊ လ၀က ပုံစံစာရွက်တွေ ဖြည့်နေသူတစ်ဦးက "မြောက်ဦးမြို့ကပါ "လို့ ရခိုင်စကားနဲ့ပြန်ပြောတယ်။ "မြောက်ဦးမြို့ ဘယ်ရပ်ကွက်ကလဲ"လို့ ထပ်မေးတော့ "ရွှေဂူတောင်ကပါ"တဲ့။ "ငါမြောက်ဦးမြို့သားပဲ၊ ရွှေဂူတောင်မှာ ကုလားပဲနည်းနည်းပါးပါးရှိတယ်၊ ကမန်မှမရှိတာ"လို့ ပြန်ပြောလိုက်တော့ သူငြိမ်သွားတယ်။ ကျန်လေးယောက်ကို "မင်းတို့ကကောဘယ်ကလဲ"လို့ ရခိုင်လိုမေးတော့ နားမလည်သလို ပြန်ကြည့်နေလို့၊ ဗမာစကားနဲ့ မေးလိုက်တော့လည်း နားမလည်ကြ။ ပထမဆုံး ရခိုင်လိုဖြေခဲ့တဲ့လူကိုပဲ ကုလားလိုမေးနေကြတယ်။ အဲဒီလူက သူတို့ကို ကုလားလိုပြန်ပြောလိုက်တော့ ကြောက်ကြောက်လန့်လန့်မျက်နှာနဲ့ ကျွန်တော့်ကို ငေးကြည့်နေကြတယ်။ အဲဒီ ၄-ယောက်က ရခိုင်ပြည်မှာပင် မနေဖူးပဲ ဘင်္ဂလားဒေ့ခ်ျက တိုက်ရိုက်ဝင်လာသူတွေဆိုတာ ကျွန်တော်သဘောပေါက်လိုက်တယ်။

" သူတို့ခမျာ မြန်မာစာလည်းမရေးတတ်တော့ ငါကပဲဒီပုံစံတွေကို ဖြည့်ပေး၊ တို့ရှေ့က လ၀ကနဲ့ ဆက်သွယ်ပေး လုပ်နေရတယ်။ လ၀က က တစ်ယောက်ကို သုံးထောင်ကျပ်နှုန်းယူတယ်၊ အဒေါ့်ကိုတော့ လ္ဘက်ရည်ဖိုးလောက်ပဲပေးတယ်။ ဒါပေမဲ့ လာလုပ်တဲ့ ကမန်တွေကများတော့ အိမ်စရိတ် နည်းနည်းပါးပါး ကာမိတာပေါ့ "လို့ ဆိုင်ရှင်အဒေါ်ကြီးကပြောတော့ ကျွန်တော်တို့ သစ်စက်ရှေ့မှာရှိတဲ့ လ၀ကရုံးကလူကြီးတွေ ညဘက်မှာလည့် အိမ်မပြန်ကြပဲ စားကြသောက်ကြ၊ တရုန်းရုန်းနဲ့ မိန်းမပျက်တွေနဲ့ ပျော်ပါးနေကြတာ ဒီဝင်ငွေကြောင့်ပဲလို့ နားလည်လိုက်တယ်။

စစ်အစိုးရက နိုင်ငံအနှံ့ မြို့သစ်တွေဖေါ်ပေးနေတယ်၊ ကျူးကျော်ရပ်ကွက်တွေကိုပါ မြို့သစ်တွေမှာ နေရာချထားပေးတော့ သန်းခေါင်စာရင်းပျောက်တဲ့လူနဲ့ မှတ်ပုံတင်မရှိတဲ့လူတွေ အများကြီးဆိုတော့၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးတာကို လျှော့လျှော့ပေါ့ပေါ့နဲ့ လုပ်ပေးနေခဲ့တယ်။ ဒီအကွက်ကို ကုလားတွေက ကောင်းကောင်းအသုံးချပြီး လှိမ့်ဝင်လာတာတွေ အကုန်လုံး မြို့သစ်တွေမှာလာပြီး မှတ်ပုံတင်လုပ်ကြတယ်။ မှတ်ပုံတင်မှာမှ " ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် အဆင့်တင်မကပဲ၊ ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား " အထိ လုပ်ပေးလိုက်ကြတယ်။

မြို့သစ်ပေါင်း မြောက်များစွာမှာ သူတို့ဘယ်လောက်များများ လုပ်သွားကြပြီလဲ၊ တွေးကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်။ ရမ်းဗြဲမြို့နယ်က ကမန်တစ်ယောက် ၂၀၀၄-ခုနှစ်ပတ်ဝန်းကျင်မှာ BBC ကနေပြောလိုက်တဲ့အချိန် နှစ်သိန်းရှိနေပြီဆိုတော့ ခုဆိုဘယ်လောက်များ ရှိနေပြီလဲ၊ ဌာနဆိုင်ရာတွေနဲ့ ရဲ၊ စစ်တပ်တွေထဲကို ကုလားတွေ ကမန်အရေခြုံပြီး ဘယ်လောက် များများစားစား ၀င်ရောက်နေရာယူထားကြပြီလဲ၊ စဉ်းစားမိတိုင်း တုန်လှုပ်ခြောက်ခြားမိရတယ်။
ကမန်ကို တိုင်းရင်းသားအဖြစ် သွတ်သွင်းလိုက်တာကတော့ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအတည်ပြုပြီးမှ မဆလ အစိုးရက သတ်မှတ်လိုက်တာ။ မြန်မာပြည်သူတွေ အကုန်လုံးကို ချပြအသိပေးဖို့ မပြောနဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောတူညီချက်ကိုပင် မေးစမ်းမကြည့်ပဲ ထင်သလိုလုပ်ခဲ့တယ်။ အဲဒီတုန်းက ရခိုင်စကားပြောပြီး ရခိုင်မှာ အနေကြာလာတဲ့ ဒီကမန်လူမျိုးတွေကို ခင်မင်မှုအစွဲနဲ့ ရခိုင်ပညာရှင်တစ်ချို့က မဆလ အစိုးရနဲ့အတူ တိုင်းရင်းသားအဖြစ် လက်ခံခဲ့ပေမယ့် ပညာရှင်အများစုနဲ့ ရခိုင်ပြည်သူတွေက လုံးဝလက်မခံခဲ့ကြဘူး။

လက်မခံတဲ့ ရခိုင်ပညာရှင်အများစုနဲ့ ပြည်သူတွေရဲ့ သဘောထားကတော့- နံပါတ် (၁) အချက်-ကမန်ဆိုတာ မြို၊ သက်၊ ဒိုင်းနက်၊ ခမွီး၊ ရခိုင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ကရင်တို့လို ဒီမြေ၊ ဒီရေမှာ ဘယ်အချိန်ကာလကစပြီး နေထိုင်လာကြသလဲဆိုတာကို မှန်းဆမှုသာပြုနိုင်တဲ့ တိုင်းရင်းသား စစ်စစ်မျိုးမဟုတ်ဘဲ ၁၆၆၀-ခုနှစ်လောက်မှာမှ တိုင်းတစ်ပါး အာဖကန်နစ္စတန်က လာရောက်နေထိုင်သူတွေ ဖြစ်နေလို့ပဲ။

နံပါတ် (၂) အချက်က ကမန်ကိုအကြောင်းပြုပြီး ကုလားတွေ ရခိုင်ကိုပိုင်ဆိုင်ဖို့ ကြိုးစားမှုတွေ သမိုင်းမှာရှိနေတော့ ကမန်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်တာဟာ ကုလားတွေအတွက် တိုက်ကွက်ကြီး ဖြစ်လာနိုင်တာကို ရခိုင်ပညာရှင်အများစုနဲ့ အသိအမြင်ကျယ်တဲ့ ပြည်သူတွေက သိထားခဲ့ကြသလို ထင်ခဲ့တဲ့အတိုင်းလည်း ဖြစ်လာခဲ့တာပါပဲ။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ ကမန်ကိုရှေ့ကတင် ကုလားတွေက ၀ိုင်းပြီးမေးပေးခဲ့လို့ စစ်တွေမဲဆန္ဒနယ်မြေမှာပင် ကမန်တစ်ယောက် မဲအနိုင်ရခဲ့တယ်။

ခုဖြစ်နေတဲ့ ရခိုင်ပဋိပက္ခမှာလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ ခိုးဝင်၊ တိုက်ဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ပဲ ဖြစ်နေကြတာမဟုတ်ပါဘူး၊ အစ္စလာမ်ဘာသာဝင်အားလုံးနဲ့ ဖြစ်နေကြတာပါလို့ ကမ္ဘာကို လှည့်စားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကုလားတွေက ကမန်ကိုပါ ပြဿနာထဲပါလာအောင် ဆွဲသွင်းနေတယ်။ ၈၈-ကျောင်းသားခေါင်းဆောင် ကိုမြအေးစကားကို ငှားယူပြောရရင် " ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အရေးကို အစ္စလာမ်ဘာသာအရေး ဖြစ်လာအောင် ဖန်တီးနေကြတာပါ "လို့ ပြောချင်တယ်။

ကမန်ဆိုတာက အစ္စလာမ်ဘာသာကို ကိုးကွယ်တာကလွဲလို့ ရခိုင်လိုပြောပြီး၊ ရခိုင်လိုနေကြသူတွေ၊ ကုလားစကား(ဘင်္ဂလီစကား)လည်း မတတ်ကြဘူး။ ကုလားစာတတ်ဖို့ကအဝေးကြီး၊ ကုလားတွေဟာ သူတို့ထက် နိမ့်ကျတဲ့လူမျိုးတွေလို့ သတ်မှတ်ပြီး ကုလားနဲ့သားပေး သမီးယူလည့် မလုပ်ခဲ့ကြဘူး၊ ရခိုင်တွေနဲ့ပဲ ရင်းနှီးခင်မင်စွာနဲ့ နေထိုင်လာခဲ့ကြတယ်။

ခက်တာက ကုလားစာမတတ်တော့ ဗလီဆရာတွေကို ဘူးသီးတောင်၊ မောင်တောဘက်က ခေါ်ယူကြရတယ်။ အဲဒီအယူသည်း ဗလီဆရာတွေရဲ့ မှိုင်းတိုက်မှု၊ စစ်အစိုးရလက်အောက် ရခိုင်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေလာမှု၊ ကုလားတွေက နိုင်ငံတကာအထောက်အပံ့တွေ ရရှိနေမှု၊ လာဒ်ပေးလာဒ်ယူနည်းနဲ့ ကုလားတွေ ကြီးပွားလာမှုတွေကြောင့် ကမန်ဟာ နောက်ပိုင်းမှာ ကုလားတွေဘက်ကို ယိမ်းလာကြတယ်။ ဘယ်အထိယိမ်းလာလဲ ဆိုရင် ပင်လယ်ပြင်ကို စက်လှေနဲ့ ငါးဖမ်းထွက်တော့ စက်လှေပေါ်မှာ ငါးယောက်လောက်ပဲပါသွားတာ ပြန်ဝင်လာတော့ ကုလားအယောက် နှစ်ဆယ်လောက် ပါလာတယ်။ သူတို့ရပ်ရွာတွေမှာ ၀ှက်ထားပေးပြီး လာဒ်ပေးလာဒ်ယူနည်းနဲ့ မှတ်ပုံတင်ယူပေးလိုက်ကြတယ်။ ဘူးသီးတောင်၊ မောင်တောက ဗလီဆရာတွေရဲ့ ဘာသာရေးမှိုင်းက ဘယ်လောက်ထိ ၀င်လာလဲဆိုရင် အမေရိကန်နိုင်ငံ တိုက်ညီနောင်ကို လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့ ၂၀၀၁-ခုနှစ် (၉)လပိုင်း၊ (၁၁)နေ့ကဆိုရင် စစ်တွေမြို့ နာဇီရပ်ကွက်နဲ့ တစ်ပြိုင်တည်း ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်မှာ ထမင်းစားပွဲကြီးတွေလုပ်ပြီး အောင်ပွဲခံခဲ့ကြတယ်။ (၉/၁၁)နှစ်ပတ်လည်နေ့ကိုလည်း နှစ်တိုင်း အောင်ပွဲပြုလုပ်ကြသေးတယ်။ အဲဒီလိုနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တစ်စတစ်စ ဝေးကွာလာတဲ့ ကမန်တွေဟာ ခုပဋိပက္ခမှာလည်း ကုလားဘက်ပါသွားတာ မဆန်းပါဘူး။

၂၀၁၂.၁၀.၃၀-ရက်နေ့ ကျောက်နီမော် ပဋိပက္ခအတွက် ၃၀-ရက်နေ့ည BBC အကြီးတမ်းသတင်းထောက် ဦးကိုကိုအောင်က Interview လုပ်တာကြားလိုက်ရတယ်။ ကမန်ခေါင်းဆောင် "အုလမာ သာသနာ့ပညာရှင်များအဖွဲ့ ဥက္ကဌ ဦးမောင်မောင်တင်"ဆိုတဲ့လူဟာ အင်တာဗျူးမှာ ဗမာစကားကို ကုလားလိုပြောနေတယ်။ အမှန်က ကမန်ဆိုတာ ကုလားစကားတစ်ခွန်းမှ တတ်တဲ့လူတွေမဟုတ်ဘူး။ ရခိုင်စကားကို ရခိုင်တွေပြောသလိုပဲ ပီပီသသပြောနေကြတဲ့လူတွေ၊ သူတို့ ဗမာစကားပြောရင်လည့် ရခိုင်တွေဝဲသလိုပဲဝဲကြတယ်။ ခုတော့ ကမန်ခေါင်းဆောင် "ဦးမောင်မောင်တင်"ဟာ ကုလားသံနဲ့ပြောနေတော့ သေချာတာပေါ့ ကမန်ဝင်ပေါက်က ၀င်နေတဲ့ ကုလားတစ်ယောက်ပေါ့။

ခိုင်ထူး (ARG-222)
ရခိုင်မျိုးစောင့်အုပ်စု
ဂျပန်


သံတွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကုလားမီဒီယာများအ၀င် BBC, ဧရာဝတီစသော ပြည်ပမီဒီယာများတွင် ယခင်အသုံးအနှုန်းများဖြစ်သည့် "ရိုဟင်ဂျာ" "မူဆလင်" စသောအသုံးများကို မသုံးတော့ဘဲ 'ကမန်" ဆိုသောအသုံးအနှုန်းကို စတင်သုံးစွဲလာတာကို တွေ့နေရပါတယ်...။ ဒါဟာ ပိုပြီးတော့ အန္တရယ်များပါတယ်..။
ဘာဖြစ်လို့လဲဆိုတော့ ကမန် ဆိုတာဟာ မြန်မာအစိုးရက တရာဝင်အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော အစ္စလာမ်ဘာသာဝင်မျိုးနွယ်စုဖြစ်နေလို့ပါ..။ ဒါကိုအသုံးချပြီးတော့ ရှိသမျှကုလားလူမျိုးများကို ကမန် ဟူသောဝေါဟာရကို အသုံးချကာ နိုင်ငံရေးအရ နောက်တစ်မျိုး ကြိုပမ်းလာနိုင်လို့ပါဘဲ..။ တကယ်တော့ ကမန် ဆိုတာ ၂၀၁၀ ခုနှစ်အထိ အစိုးရ လ.၀.က စာရင်းအရ ၂ သောင်းကျော်သာရှိပါတယ်..။ ကမန် ပါတီကလဲ ကမန် ဆိုတာဟာ ဘင်္ဂလီကုလားများနှင့် လုံးဝ ဆက်နွယ်မှုမရှိကြောင်း အတိအလင်းကြေငြာ ထားပြီးသားပါ..။ အားလုံး သတိရှိကြပါစေ...........။

Ko Kyi Win


  ရဲရင့်ငယ်(ကနေဒါ)ကကူးယူဖေါ်ပြပါသည်။

Monday 23 September 2013

ဆရာဂါမဏိပြောတဲ့မြန်မာ့မြေမှ တိုင်းရင်းသား ညီအကို မောင်နှမများ (၁၃၅)




စာဖတ်သူများခင်ဗျား


ပင်တိုင် ဆောင်းပါးရှင် ဆရာဂါမဏိက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး နအဖက ကြေညာထားချက် အပေါ်တွင် အချက်အလက် အထောက်အထား များဖြင့် မှားယွင်းနေကြောင်း ထောက်ပြ ရှင်းလင်း ထားတဲ့ ဆောင်းပါး တစ်ပုဒ် ပေးပို့လာပါတယ်။
နအဖဟာ အရင် အစိုးရ အဆက်ဆက်နဲ့ လမ်းခွဲ ထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရ လုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာ တစ် ခု-တစ် ယောက်စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့ အယူအဆ တွေကို ဆက်ကျင့်သုံးနေပါတယ်။ အခု ဆောင်းပါး မှာတော့ မြန်မာပြည်မှာတိုင်းရင်း သား ၁၃၅ မျိုးတကယ် ရှိ မရှိကို ဆန်းစစ် ဖော်ထုတ် သွားပါမယ်။
ပထဆုံး ကချင် လူမျိုးတွေကို ကြည့်ရင် နဝတ-နအဖက ကချင် ၁၂ မျိုးလို့ ဖော်ပြ ထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကား လေယူလေသိမ်း ကွဲတွေကို သီးခြား လူမျိုးအဖြစ် ဇွတ်အတင်း ပြထား ပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့ နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖော နာမယ် နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့ နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုး အရေအတွက် ဖောင်းပွစေ ချင်လွန်းအားကြီးလို့ သီးသန့် လူမျိုးမဟုတ်တာကို အဟုတ်ကြီး လုပ်ထည့်တာ ဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖော အနွယ်ကွဲတွေသာ ဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာ ဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ် ပြထားတဲ့ တရုမ်းနဲ့ ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာလက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။
 နအဖစာရင်း 
အမှန်စာရင်း
  
 ကချင်

 ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီးနှင့် လီဆူးတို့ကို လွှမ်းခြုံခေါ်ဝေါ်သည့် အမည်
တရုမ်း

ရဝမ်မျိုးနွယ်စု
ဒလောင်

ရဝမ်မျိုးနွယ်စု
 ဂျိန်းဖော
  
 ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်းနှင့် အခြား မျိုးနွယ်စုများပါဝင်)
ဂေါ်ရီ

ဂျိန်းဖောမျိုးနွယ်စု
ခခူ

ဂျိန်းဖောမျိုးနွယ်စု
ဒူးလန်း

ဂျိန်းဖောမျိုးနွယ်စု
 မရူ (လော်ဝေါ်)
 မရူ
ရဝမ်
ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်းနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
၁၀
လရှီ (လချိတ်)
လရှီ
၁၁
အဇီး
အဇီး သို့မဟုတ် ဇိုင်ဝါး
၁၂
လီဆူး
လီဆူး သို့မဟုတ် ယောယင် သို့မဟုတ် လီရှော
၁၂
စုစုပေါင်း
စုစုပေါင်း
နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာဇယိမ်း၊ ကယန်း၊ (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ကယန်း (ပဒေါင်) လူမျိုးရဲ့ အမည်ကွဲတွေ သို့မဟုတ် မျိုးနွယ်ကွဲတွေသာဖြစ်လို့ နအဖပြောတဲ့ ၉ မျိုးဟာ လက်တွေ့မှာ ၅ မျိုးဘဲဖြစ်သွားပါတယ်။ဂေဘားလူမျိုး ကတော့ ဘွဲကရင် သို့မဟုတ် ကယားထဲမှာ ပါဝင်ပါတယ်။
 နအဖစာရင်း 
အမှန်စာရင်း
  
 ကယား
 
ကယား
ဇယိမ်း

ကယန်းမျိုးနွယ်စု
ကယန်း (ပဒေါင်)
ကယန်း (ပဒေါင်၊ ကဲ့ဒို၊ ယင်းဘော်၊ ဇယိမ်းတို့ ပါဝင်)
ကဲ့ဒို

ကယန်းမျိုးနွယ်စု
ဂေဘား

ဘွဲကရင်မျိုးနွယ်စု
ဘရဲ့ (ကယော)
ကယော
မနုမနော
မနုမနော
ယင်းတလဲ
ယင်းတလဲ
ယင်းဘော်

ကယန်းမျိုးနွယ်စု
စုစုပေါင်း
စုစုပေါင်း
နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့နာမယ်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကို လွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုး ကသတ်သတ်၊ စကော ပိုး ဘွဲ စတဲ့ လူမျိုးက သတ်သတ် လုပ်ထားတာ အင်မတန် ရယ်စရာ ကောင်းပါတယ်။ လူမျိုးတွေ ဖောင်းပွ စေချင် လွန်းလို့ ကြံမိကြံရာ လုပ်လိုက်တာ တိုင်းပြည် အုပ်ချုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်းဖြစ်သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမယ်တောင် အမှန်အတိုင်းမသိဘဲ အစိုးရ လုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့ စရာ ဖြစ်ကုန်ပါတယ်။ကရင်လူမျိုးဟာ ၃ မျိုးဘဲရှိပါတယ်။ ပကူး၊ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ စကော ကရင် မျိုးနွယ်ကွဲတွေဖြစ်သလို ကရင်ဖြူ၊ ပလေကီး ကတော့ ဘွဲကရင်ရဲ့အမည်ကွဲနဲ့ မျိုးနွယ်ကွဲသာဖြစ်ပါတယ်။ မိုးပွား နဲ့ မွန်ကရင် ဆိုတာ ပိုးကရင် ဖြစ်ပြီး စာဖြူကရင်ဆိုတာကတော့ လူမျိုးကိုပြောတာ မဟုတ်ဘဲ ခရစ်ယန် ဘာသာဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ် လုပ်မှုကိုထင်ရှားနေစေပါတယ်။
ကယား၊ ကယန်း လူမျိုးများဟာ ရင်းမြစ် အားဖြင့် ဘွဲကရင် လူမျိုးဖြစ်ပေမဲ့ မျက်မှောက် ကာလ မှာတော့ သီးခြား လူမျိုးတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ကယား လူမျိုးထဲ ထည့်ထားတဲ့ ဂေဘားလူမျိုးကလည်း ဘွဲကရင်ဘဲ ဖြစ်ပါတယ်၊ သီးခြား လူမျိုး အမှတ်အသား လက္ခဏာ ခံယူတဲ့ အနေအထား မရှိသေးဘဲ ဘွဲကရင် မျိုးနွယ်ကွဲ အမှတ်အသား လက္ခဏာ ကိုသာ ခံယူနေဆဲဖြစ်ပါတယ်။ ပအိုဝ်း လူမျိုး ကတော့ နဂို မူလရင်းမြစ် အားဖြင့် ပိုးကရင် ဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုး လက္ခဏာ ခံယူ ထားပြီ ဖြစ်တယ်။
 နအဖစာရင်း 
အမှန်စာရင်း
  
 ကရင်

စကော၊ ပိုးနှင့် ဘွဲတို့ကို ခြုံ၍ ခေါ်သော အမည်
ကရင်ဖြူ

ဘွဲကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
ပလေကီး

ဘွဲကရင်မျိုးနွယ်စု
မွန်ကရင် (စာဖြူ)

ပိုးကရင်အမည်ကွဲ၊ စာဖြူဆိုသည်မှာ ခရစ်ယာန်ဘာသာဝင်ကို ဆိုလို
စကော
  
စကော (ပကူး၊ တလှေပွား၊ မောနေပွားနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
တာလှေပွား

စကောကရင်မျိုးနွယ်စု
ပကူး

စကောကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
ဘွဲ
ဘွဲ (ကရင်ဖြူ၊ ပလေကီး၊ ဂေဘားနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
မောနေပွား

စကောကရင်မျိုးနွယ်စု
၁၀
မိုးပွား

ပိုးကရင်မျိုးနွယ်စု
၁၁
ရှူး (ပိုး)
ပိုး (မိုးပွား၊ မွန်ကရင်နှင့် အခြား မျိုးနွယ်စုများ ပါဝင်)
၁၁
စုစုပေါင်း
စုစုပေါင်း
နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြ ထားတာပါဘဲ။ ထုံးစံ အတိုင်း ချင်း ဆိုတဲ့နာမယ် နဲ့ လူမျိုးတမျိုးလည်း ပြထား ပါသေးတယ်။ ၅၃မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ် မှတ်နိုင်တဲ့နာဂ၊ မဏိပူရနွယ်ဘွားကသည်း နဲ့ နီပေါနွယ်ဘွားလင်းဘု ကိုလည်း ထည့်ထားတယ်။ဒီကနေ့ ချင်းနိုင်ငံရေး ပါတီတွေနဲ့ ပညာရှင်များ လက်ခံ အတည်ပြု ထားတာ ချင်းလူမျိုး ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race/Tribe မဟုတ်တဲ့မျိုးနွယ်စု/ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို သရုပ်ခွဲလိုက်ရင် အခုလို တွေ့ရပါတယ်။
 နအဖစာရင်း 
အမှန်စာရင်း
 ချင်း

ဇိုမီး၊ ကူကီး၊ လိုင်မီး၊ မရာ၊ ချိုမီး၊ ခမီး၊ ရှိုမီးနှင့် မီဇိုတို့ကို လွှမ်းခြုံခေါ်သောအမည်
၁၀
ခေါနိုး၊ ဂန်တဲ့၊ ဂွေးတဲ၊ ငန်း၊ ဆီစာန်၊ ဆိုင်းဇန်၊ ဇို၊ တီးတိန်၊ တေဇန်၊ ဒင်မ်
ဇိုမီးချင်း
ခေါင်ဆိုင်၊ တာ့ဒိုး
ကူးကီးချင်း
 ၁၅ 
ခွာဆင်းမ်၊ ခွန်လီ၊ ဆင်တန်၊ ဇာဟောင်၊ ဇိုဖေ၊ ဇန်ညှပ်၊ တပေါင်၊ တိုင်ချွန်း၊ တောရ်၊ မိအဲ၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို၊ ဇိုတု့း
လိုင်မီးချင်း
မရာ၊ မတူ
မရာ
ဒိုင် (ယင်ဒူး)၊ မကန်း၊ မွင်း၊ အုပု၊ ရောင်တူ
ချိုမီးချင်း
ခမီ၊ အဝခမီ၊ ခေါင်စို၊ ပနန်း၊ လေးမြို၊ ဝါကင်းမ်၊ အနူး
ခမီးချင်း(မြို)
ဆလိုင်း၊ အရှို
ရှိုမီးချင်း
ကလင်ကော (လူရှိုင်း)၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို
မီဇိုချင်း (လူရှိုင်း)
နာဂ၊ တန်ခူး၊ မာရင်၊ အနန်

နာဂ
မေ့ထေး (ကသည်း)
မဏိပူရ်
လင်းဘု
နီပေါ
၅၃
စုစုပေါင်း
 ၈+၃
စုစုပေါင်း
ကူကီး (သာဒိုး) ဟာ ရင်းမြစ် အားဖြင့် ဇိုမီးလူမျိုးဖြစ်ပေမဲ့ အခုတော့ သီးခြား လူမျိုး အဖြစ် ရပ်တည်ပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခုသီးခြားလူမျိုးအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင် လူမျိုးထဲ ထည့်မထားရင် ချင်း ၅၅မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့ နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နားကပ် သွားနိုင်ပါတယ်။ နာဂလူမျိုးကိုတော့ ချင်းလူမျိုးထဲ သတ်မှတ် ထည့်သွင်းလို့ မရဘဲသီးခြား မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးတမျိုး အဖြစ် သတ်မှတ် ရမှာဖြစ်ပါတယ်။ နအဖရဲ့ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲ အစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက် များပါတယ်။ နာဂ လူမျိုးမှာ ပြည်နယ် မရှိလို့ ချင်းလို လူမျိုး အများကြီး ခွဲမပြတာ ဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် တိုင်းရင်းသား အရေအတွက်၃ဝဝကျော်သွားနိုင်ပါတယ်။
နအဖစာရင်း      
အမှန်စာရင်း
ဗမာ
ဗမာ (ယော)
ထားဝယ်
ထားဝယ်
ဘိတ်

ထားဝယ်စကားဝဲအစု
ယော

ဗမာစကားဝဲအစု
ကဗိန်း
ယဗိန်း
ကဒူး
ကဒူးကနန်း
ကနန်း

ကဒူးကနန်းမျိုးနွယ်စု
ဆလုံ

ဆလုံ
ဖွန်း

ဖွန်း
စုစုပေါင်း
၎+၂
စုစုပေါင်း
နအဖက ဗမာ (ခေါ်) မြန်မာ လူမျိုးစု အရေအတွက်ကို နဝင်းကျေအောင် ၉ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြား လူမျိုးတွေ အဖြစ် ပြထားတယ်။ စကားဝဲ dialect အစုကွဲသာ ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ အခု အချိန်ထိတော့ ဒီအစုတွေဟာ သီးခြားလူမျိုး သရုပ်လက္ခဏာနဲ့ ရပ်တည်ချင်စိတ် ပြင်းပြတာ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ နောင်မှာတော့ ဘိတ်နဲ့ထားဝယ်ဟာ သီးခြား သရုပ်လက္ခဏာနဲ့ ရပ်တည်ချင် ရပ်တည်လာနိုင် ပါတယ်။ နအဖဟာ ရှမ်းပြည်က သီးခြား ဗမာ လူမျိုးစု အနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသား ကိုတော့ရှမ်းလူမျိုးထဲ ထည့်ထား ပါတယ်။ ကဒူးနဲ့ကနန်းကိုလည်း ခွဲပြထား သလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ထဲက ဖွန်းလူမျိုးနဲ့ တိဘက်-ဗမာ အနွယ် မဟုတ်တဲ့ ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာတွေဟာ မနုဿဗေဒအသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်းထဲက နာဂတွေ ကျတော့ ချင်းလူမျိုးထဲ ထည့်ထားပေမဲ့ကချင်ပြည်နယ်ထဲက ကဒူး ကနန်းတွေကိုတော့ ဗမာလူမျိုးထဲ ထည့်ထားတယ်။
နအဖဟာ မွန် ကိုတော့ တမျိုးထဲပဲပြထားပြီး တခြား မွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲ ထည့်ပြ ထားပါတယ်။
 နအဖစာရင်း 
အမှန်စာရင်း
 မွန်
မွန်
စုစုပေါင်း
စုစုပေါင်း

 နအဖစာရင်း 
အမှန်စာရင်း
 ရခိုင်
ရခိုင်
ကမန်
ကမန်
ခမြီး

ခမီးချင်း
ဒိုင်းနက်
ဒိုင်းနက်
မရာမာကြီး
မရမာကြီး
မြို

ခမီးချင်းမျိုးနွယ်စု
သက်
သက်
စုစုပေါင်း
စုစုပေါင်း
ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပြီး နအဖရဲ့ ချင်း ၅၃မျိုးဆိုတဲ့အထဲပါပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့မြို ဟာသီးခြားလူမျိုးနှစ်မျိုးမဟုတ်ဘဲ တမျိုး တည်းအောက်က မျိုးနွယ်ကွဲတွေသာဖြစ်ပါတယ်။
နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ ဗမာမျိုးနွယ်တွေ၊ ပအိုဝ်းလို တခြားတိဘက်ဗမာမျိုးနွယ်တွေ၊ မွန်ခမာမျိုးနွယ်တွေစသဖြင့်ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီးရှမ်းကလေးနဲ့ တိုင်းလေ့ ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့တိုင်းလျမ် ကိုပြထားပေမဲ့ တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလီ၊ တိုင်းလျန် (ရှမ်းနီ) နဲ့ ဒရယ် ကိုချန်ထားတယ်။ တိုင်း (ရှမ်း) လူမျိုးတွေဟာသီးခြားလူမျိုးတွေအဖြစ် သရုပ်လက္ခဏာခံယူမလား၊ တိုင်းလူမျိုးကြီးထဲကမျိုးနွယ်ကွဲ၊ စကားဝဲ အစုကွဲတွေအဖြစ်သာ ခံယူမလား ဆိုတာတော့ဆက်လက်ဖော်ထုတ်ရအုံးမှာ ဖြစ်ပါတယ်။
အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ်ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူမကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် တမျိုးတည်း ဖြစ်သလိုမြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။နယ်ချင်းထိစပ်နေလို့ ယူနန်တရုတ် လူမျိုးကို (ယူနန်တရုတ် မဟုတ်ဘဲ မင်မင်းဆက်နောက်ဆုံးဘုရင်နဲ့အတူပြေးလာတဲ့ မြောက်ပိုင်းသား မန်ဒါရင်တရုတ် လို့လဲတချို့သမိုင်းတွေမှာ ဆိုပါတယ်) ဗမာပြည်ရဲ့ တိုင်းရင်းသားကိုးကန့်လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရသလို ယွန်း (မြောက်ပိုင်းထိုင်း)လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း)၊တိုင်းလျမ် (ယူနန်) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရတယ်။ ချင်းပြည်ဘက်မှာလည်း ကသည်း (မဏိပူရ)လူမျိုး၊ လင်းဘု (နီပေါ) လူမျိုးတို့ကို တိုင်းရင်းသားသတ်မှတ်ထားပေမဲ့အလားတူ ဗမာပြည်နယ်နိမိတ်ထဲ နေထိုင်နေတဲ့ တိုင်းလိ (ယူနန်)၊ ပသျှူး (မလေး)၊တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့တိုင်းရင်းသားအဖြစ် ဖော်ပြထားတာမတွေ့ရပါဘူး။
 နအဖစာရင်း 
အမှန်စာရင်း
ရှမ်း၊ ရှမ်းကြီး၊ တိုင်းလုံ
တိုင်းလုံ (တိုင်းယိုင်)
ဂုံ
တိုင်းခွန် (ဂုံ)
မောရှမ်း
တိုင်းမော
တိုင်းလျမ်
တိုင်းလျမ် (ယူနန်)
ခန္တီးရှမ်း
တိုင်းခမ်းတီး (ကချင်)
ရှမ်းကလေး၊ တိုင်းလေ့
တိုင်းနွဲ့ (ထိုင်း)
ယွန်း
တိုင်းယွန်း (ဇင်းမယ်ထိုင်း)
ပလေး၊ ပလောင်
ပလောင်
ဝ၊ အင်၊ စုံ
တိုင်းလွယ်
၁၀
တိုင်းလွယ် (ဝ)
ဓနု
၁၁
ဓန
တောင်ရိုး
၁၂
တောင်ရိုး
ဓနော
၁၃
ဓနော
လားဟူ၊ ကြီ
၁၄
လားဟူ
ကော်၊ ဖျင်
၁၅
အခါ
ခမူ
၁၆
ခမူ (လော)
မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ်
၁၇
မြောင်
ကိုးကန့်
၁၈
ကိုးကန့် (တရုတ်)
အင်းသား
၁၉
အင်းသား
ပအိုဝ်း
၂၀
ပအိုဝ်း
ယင်းကျား၊ ယင်းနက်
၂၁
ယင်း
မိုင်းသာ
၂၂
မိုင်းသာ
၃၃
စုစုပေါင်း
၂၂
စုစုပေါင်း
ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅မျိုးဆိုတာမှာ ၇၆ မျိုးဟာ စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာဖြစ်နေပြီး(၅၉) မျိုးသာ တကယ်အမှန်အကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၅၉မျိုးသာရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ထမန်၊ တိုင်းလျန်(ရှမ်းနီ)၊ ဒရယ်၊ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ)၊ တို့နဲ့ နယ်စပ် ဟိုဘက် ဒီဘက်ခွနေလေ့ ရှိတဲ့တိဘက်၊ ဂေါ်ရခါး၊ တိုင်းလိ၊ တိုင်းနူ(ရှမ်းတရုတ်)၊ မလေး-ပသျှူး၊ စစ်တကောင်းသားဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့လူမျိုးတွေ ရှိပါတယ်။ ဒီထဲမှာယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ ခမူတို့ဟာ မျိုးတုံးလုဆဲဆဲ၊ သို့မဟုတ်လူဦးရေရာဂဏန်းလေးသာရှိတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒါ့အပြင်သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ်ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့မျိုးနွယ်ကွဲတွေ ရှိနိုင်ပါသေးတယ်။ ရှမ်းလူမျိုးကွဲတွေထဲကသီးခြားလက္ခဏာအမှတ်အသား မခံယူလိုတာရှိရင် ၅၉ မျိုးထက် လျော့နိုင်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဗမာပြည်ရဲ့ တိုင်းရင်းသားလူမျိုးအရေအတွက်ဟာ ၇ဝမကျော်ပါဘူး။ ဒါပေမဲ့ နအဖဟာ တိုင်းရင်းသား လူမျိုးအရေအတွက်ဆယ်ဂဏန်းမပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ်ထူထောင်မှာပါဘဲ။ နအဖ စကား၊ နအဖစာရင်းတွေဟာ ဘယ်လိုမှစိတ်ချယုံကြည်စရာမရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့နိုင်ငံထဲက လူမျိုးတွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်းမရှိဘူးဆိုတာကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေ ခံနေပါတယ်။

ဒီနေရာကူယူဖေါ်ပြတာပါ