Saturday 26 October 2013

အိမ်ရိုက်သံ

အိမ်ရိုက်သံ
======

ဒီစာလေး ဖတ်ပေးပါအုံး၊ သိပ်ကောင်းတဲ့ စာလေးပါ၊ သူငယ်ချင်းတစ်ယောက်ဆီကရတာပါ၊ ဒီစာလေးဖတ်ပြီး ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………
ဒီစာလေးကိုကျေးဇူးပြုပြီး ဆုံးအောင်ဖတ်ပေးပါ….

ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။
မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊
မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီးသွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊
တော်တယ်ငါ့သားလို့လည်း ဆိုပါတယ်။
ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။
အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။
ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။
(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)

Friday 25 October 2013

ဗိုလ်ချုပ်အောင်ဆန်း တည်ထားခဲ့သော စေတီတစ်ဆူ

ရုပ်ရှင် ကန့်လန့်ကာနောက်မှ ဖုံးဖိခဲ့တဲ့ အတွင်းရေး၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထားခဲ့သော စေတီတစ်ဆူ


ဤသတင်းမှာ လူမသိအောင် ဖုံးဖိခဲ့ကြသော ရုပ်ရှင် ကန့်လန့်ကာ နောက်ကွယ်မှ အတွင်းရေးတစ်ခုဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ လွန်ခဲ့သော ၅၆နှစ်က ဟံသာဝတီ သတင်းစာတွင် ရုပ်ရှင်ကန့်လန့် ကာ နောက်မှ ဖုံးဖိခဲ့တဲ့ အတွင်း ရေး၊ ဗိုလ် ချုပ်အောင်ဆန်းတည် ထားခဲ့သော စေတီတစ်ဆူ ခေါင်း စဉ်ဖြင့် အထက်ပါ စေတီ ဓာတ် ပုံကို ဖော်ပြသည်။ ဓာတ်ပုံရိုက် ကူးသူမှာ သတင်းထောက် မဟုတ်ဘဲ ရုပ်ရှင်ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေနှင့် အောင် မင်္ဂလာရုပ်ရှင်မှ ကင်မရာမင်း ကိုရှိန်တို့က အဝေးမှနေပြီး ရိုက်ကူးခဲ့သော ပုံဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ အချို့ သတင်းစာတွင် အနည်း အကျဉ်း ရေးသား ထုတ်ဖော်ပြီးကြပြီ ဖြစ်စေကာမူ ကန့်လန့်ကာ အတွင်းဝယ်မှ ကွယ်ဝှက်ခဲ့သော သတင်း တစ်ခု ကတော့ ကျန်ခဲ့သေး၏။
ဖြစ်ခဲ့ကြပုံမှာ ဤသို့ပင်၊ အောင်မင်္ဂလာရုပ်ရှင်မှ မင်းသား ခင်မောင်ညွန့်သည် ရွှေနန်း ကျင် အသံထွက်ကို ရိုက်ကူး ခဲ့စဉ် ဇာတ်သိမ်းခန်းတွင် ရွှေနန်းကျင်နှင့် ပတ် သက်၍ကျိုက်ထီးရိုးဘုရားကို ထည့် ပြလိုသဖြင့် မည်သို့ မည်ပုံကြံ စည်ရ မည်ကို မတွေးတတ် အောင်ဖြစ်ကြသည်ဆို၏။ ကျိုက်ထီးရိုးဘုရားကို ရိုက်ကူးရ မည်မှာ မလွယ်ကူပါ။ (ထို စဉ်က) ရောင်စုံသူပုန်သောင်း ကျန်းသူများကြီးစိုးရာ ဌာန ဖြစ်နေ၍ မည်သူမျှ သွား ရောက်ဝံ့ကြမည်မဟုတ် သဖြင့် ရွှေနန်းကျင်နှင့် ကျိုက်ထီးရိုး မှာ လမိုင်းမ ကပ်နိုင်အောင် အခက်ပွေနေ၏။ သို့သော် မင်းသားခင်မောင်ညွန့်သည် မတတ်နိုင်သည့် အဆုံးတွင် သဏ္ဍာန်လုပ်သရုပ်နှင့်တူ အောင် ကျိုက်ထီးရိုးစေတီပုံကို ပန်း ချီဆရာ အားကိုးဖြင့် စက္ကူနှင့် ရုပ်လုံး ဖော်ပြီး ဖန်တီးလိုက်ကြ တော့၏။ သို့ ရာတွင် အတုနှင့် အစစ်မှာ ဆီနှင့် ရေလိုကွာ နေသဖြင့် ကျိုက်ထီးရိုးပုံ မှာ မှုန်ဝါးဝါးဖြစ်နေသည်။
တစ်နေ့ ကျုပ် ကျိုက်ထီး ရိုးဘုရားအစစ်ကို သွားရိုက် ပေးပါရစေ ဟု တက္ကသိုလ်ဝင်း ဖေကမြည်လာရာ ခင်မောင်ညွန့် ပင် မျက်လုံးပြူးသွား၏။ နေ ပါစေ ကိုယ့်လူခင်ဗျား အသက် အန္တရာယ်အတွက် ကျုပ်တာ ဝန်မယူနိုင်ဘူးဟု ပြင်းပြင်း ထန်ထန် ငြင်းဆန်လိုက်၏။ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ဒါရိုက်တာတက္ကသိုလ် ဝင်းဖေ သည် ရန်ကုန်မှ ရုတ်တရက် ပျောက်သွား၏။ မင်းသားခင် မောင်ညွန့်မှအစ ကိုဝင်းဖေအိမ်သားများပါ လှုပ်လှုပ်ရွရွဖြစ်သွားကြ၏။ဂျစ်ကားတစ်စီး နှင့် ရန်ကုန်မြို့ရှိ သူ့အသိအိမ် များသို့ အနှံ့အပြားရှာဖွေ ခဲ့သော်လည်း အစအနမှ မမြင် ရသဖြင့် အားလုံးခေါင်းကြီး သွားကြ၏။ နောက်တစ်နေ့ ခင်မောင်ညွန့် အလုပ် တိုက်ဖြစ် သည့် စပတ်လမ်းအောင်
မင်္ဂလာရုပ်ရှင်ကုမ္ပဏီသို့ လူ တစ်ယောက်စာလာပေးသွား သည်ဆို၏။ထိုစာမှာ တက္ကသိုလ် ဝင်းဖေအား သောင်းကျန်း သူများ ပြန်ပေးဆွဲထား သလိုလို သိရ၏။ ဓာတ်ပုံဆရာ ကို ရှိန်ပါ အဆစ်ပါရပုံ သိရသောအခါ ခင်မောင်ညွန့်ခေါင်း မီးလောင် တော့၏။ ကုမ္ပဏီအား အသိ မပေးဘဲ ကိုဝင်းဖေသည် ဓာတ်ပုံဆရာကိုရှိန်ကို ခေါ်၍ ကျိုက်ထီးရိုးဘုရားသွားရိုက် ကြကြောင်း ပေါ်လာတော့၏။ မိမိ ပယောဂမကင်းသဖြင့် နောက် ဆုံး ပြန်ပေးလက်မှ ရွေးလိုရ ငြားအောင် မင်္ဂလာရုပ်ရှင် မန်နေ ဂျာဦး တင်အေးကို ငွေ ထုပ်ပိုက်စေပြီး ကျိုက်ထိုသို့ ကတိုက်ကရိုက်လွှတ်ရတော့၏။ သို့သော် ဦးတင်အေးသည် ငွေ ထုပ်ပိုက်ပြီး ကျိုက်ထို အရောက် ကျိုက်ထီးရိုးပြန် အသိ ဘုန်းကြီး တစ်ပါးနှင့်တွေ့၍မိမိတို့ ဒုက္ခကို ဖွင့်၍ အကူအညီ တောင်းမိရာ ထိုရဟန်းပျိုက ရုပ်ရှင်သမား နှစ်ယောက် ကျိုက်ထီးရိုးဘုရား ကို ရုပ်ရှင် ရိုက်ကူးသွားကြောင်း ယခု ရန်ကုန်သို့ ပြန်သွားပြီ သတင်းကောင်းကြားရသော အခါ ဦးတင်အေးမှာ ကိုဝင်း ဖေဖြစ်ရမည်ဟု ယုံ ကြည်ကာ ဝမ်းသာအားရ ရန်ကုန်ပြန် ခဲ့ရာ၊ အောင်မင်္ဂလာရုပ်ရှင် တိုက်တွင် ပြုံးပြုံးကြီးထိုင်နေ သော ကိုဝင်းဖေကို တွေ့ရ၏။
ကိုဝင်းဖေသည် သောင်း ကျန်းသူတို့ ကျက်စားကြီးစိုး သော နယ်ပယ်ထဲသို့ မည်သို့ မည်ပုံ ကျိုက်ထီးရိုး ဘုရားအား မရမက ရိုက်ကူးနိုင်ခဲ့သည် ကိုတော့ ချီးကျူး စရာဖြစ် တော့ ၏။ ထိုမှတစ်ဖန် ကိုဝင်းဖေ တို့ကို အခွင့်ကောင်းယူကာ ဓာတ်သိအချို့ကပင် ငွေချူ နည်း တစ်မျိုးဖြင့်အောင် မင်္ဂလာ ရုပ်ရှင်သို့ စာပေးပုံကလေး မှာ လည်း လျှင်လွန်းလှ၏။ သို့ သော် သူရဲကောင်းဆန်ဆန် ကျိုက်ထီးရိုးဘုရားအစစ်ကို ရိုက်ကူးနိုင်ခဲ့သူ တက္ကသိုလ် ဝင်းဖေကိုတော့ ဂုဏ် ပြုပွဲ လုပ်လို၍ မတ်လ ၁ရက်နေ့က သတင်းစာတိုက်မှ အယ်ဒီ တာများနှင့် ရုပ်ရှင်ဝေဖန် ရေးဆရာတစ်စုကို မီးရထား ဟိုတယ်တွင် ခေါ်ယူတွေ့ဆုံ ပြီး ကိုဝင်းဖေ၏ စွန့်စားခဲ့ပုံ အကြောင်း ကို ပြန်ပြောင်း သတင်းပေးသည်။
” ကျွန်တော်နဲ့ ကိုရှိန်က ဓာတ်ပုံပစ္စည်းများကို တစ်ခုစီ ဖြုတ်ပြီး ရဟန်းပျိုငါးပါးရဲ့ အကူအညီနဲ့ သူပုန်သူကန်နှင့် ဓားပြများကြီးစိုးနေသော ကျိုက်ထီးရိုးဘုရားကို ထွက်ခဲ့ တယ်။ဘရင်းဂန်းတွေ စတင်း ဂန်းတွေကိုင်ထားတဲ့ သူပုန်အချို့ ကိုလည်း ဟိုတစ်စုသည်တစ်စု သွားလာ လှုပ်ရှားနေတာကို လည်း မကြာခဏတွေ့ရ တယ်။ သူတို့မျ က်နှာကြည့်ရတာ မှုန်ကုတ် ကုတ်တွေပါပဲ။ ကျွန်တော်တို့ နှစ်ဦးတောင် မသင်္ကာသလိုလိုနဲ့ တစ်ခါတစ်ရံအနားလာပြီး ပြူးတူးပြဲတဲ လုပ်ခြင်းခံရတယ်။ ကျွန်တော်တို့ ကေ တာ့ ကျိုက်ထီးရိုး ဘုရားကို ရုပ်ရှင်ရိုက်ရပြီးရော သဘောနဲ့ သူတို့အလစ်ကြည့်ပြီး ရင်တမမ စွန့်စားရိုက်ခဲ့ရတယ်” ဟု အခက်အခဲများကို ဖွင့်ချ၏။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတည်ခဲ့တဲ့ ဘုရားကို ကျိုက်ထီးရိုးအနီးမှာ ဖူးမြော်ခဲ့ရလို့ ဓာတ်ပုံရိုက်ခဲ့ကြသေးတယ်ဟုပြောပြီး ရိုက်လာသော ဓာတ်ပုံကို လက်တို့ပေးလေသည်။ စေတီ နှင့် ပတ်သက်၍ တိတိကျကျ ပြောကြားခဲ့ခြင်းမရှိသော်လည်း ဗိုလ်ချုပ်တည်ခဲ့သည်ဆိုသောစေတီမှာ အမှန်တကယ်ရှိ၍ ရိုက်ကူးလာခြင်း
ဖြစ်မည်။ ထို့ကြောင့် ယင်းစေတီကိုရှာဖွေ ဖော်ထုတ်သင့်သည်။
မှတ်ချက်-ရွှေနန်းကျင်ဇာတ်ကားသည် ၁၉-၄-၅၇ တွင် ရွှေဂုန်နှင့် ရီဂျင့်ရုံတွင် ပြခဲ့၏။
ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းအဓိက)
popularmyanmar

Friday 18 October 2013

Miss Grand International 2013,New Residence

Official Announcement : New Residence for Miss Grand International 2013 at the tower in Midtown area of Bangkok Thailand during 1 year of her reign and duties. The Special Prize for new Miss Grand International.

 Miss Grand International 2013 - New Residence
Location : Ibiza Condo, Bangkok Thailand. 

ဓါတ်ပုံ ပညာစုဆောင်းထား သမျှ Link လေးတွေ

ဓါတ်ပုံ ပညာကို ကျားကုပ်ကျားခဲ လေ့လာနေကြသော ညီအစ်ကို တွေအားလုံးကို ရည်ရွယ်ပါတယ် ခင်ဗျာ.... ဘယ်ကနေစ ရမှန်းမသိသေးတဲ့ မန်ဘာ အသစ် သူငယ်ချင်းတွေ အတွက် အဓိက ပေါ့.... ကျနော်တို့လဲ ဒီ Group ( MPKE) နဲ့ မတွေ့ရခင်မှာ တော်တော် ရွာလည်ခဲ့ပါတယ်.... ကျနော့်လို မဖြစ်ရအောင် သိစေချင် ဖတ်စေချင်တဲ့ စေတနာ သက်သက်ပါ.... အခြား မည်သည့် စိတ်ထားမျိုးမျှ မပါဝင်ပါကြောင်း...... အားလုံးကို လေးစားစွာ ဖြင့် စုဆောင်းထား သမျှ Link လေးတွေကို ရှယ်ပေးလိုက်ပါတယ်....

အားလုံး အောင်မြင်တဲ့ မြန်မာ့ အလှတွေကို ကမ္ဘာသိအောင် ဖော်ထုတ်နိုင်တဲ့ ဓါတ်ပုံဆရာတွေ ဖြစ်ကြပါစေဗျာ.....

လေးစားစွာဖြင့်...........

ထူးဝေ........

http://shlaing.blogspot.com/... (ဆရာစိုးလှိုင်ရဲ့ Blog ပါ) ,
 http://blog.aperture21.com/category/photography-tutorial/long-exposure/ (ဆရာ Black Dream ရဲ့ Blog ပါ), 
http://myanmarlensman.com/blogs/entry/Camera-Photographer (Myanmar Lens Men Photography Blog ပါ) 
 , http://www.facebookcollection.org/ဓာတ်ပုံ-အကြောင်း-ထွေရာ-လေးပါး.html (Facebook Page လေးတွေပါ) , 
https://www.facebook.com/permalink.php?id=503740649661288&story_fbid=529524673749552 (ကောင်းနိုးရာရာ Link များ), 
http://www.datponsaya.com/2013/06/557 (ဓါတ်ပုံ ဆရာ ဒေါ့ကွန်းပါ) , 
http://narlalthamya.blogspot.com/2012/11/dslr-camer.html (Photography Blog တစ်ခုပါ) , 
https://www.facebook.com/notes/pye-aye-nyein/bokeh-aperture-depth-of-field-creating-own-bokeh/10152882292095357 , https://www.facebook.com/notes/linn-soe-hlaing/ကိုယ်ပိုင်-dslr-ကင်မရာတွေအတွက်-ဘယ်လို-lens-တွေ-ရွှေးချယ်ဝယ်ယူကြမလဲ/10151311628987089 (ဗဟုသုတ ရဖွယ်ရာများ) ,
 https://www.facebook.com/notes/harry-lee-photography/hunting-the-milky-way/586179704727685 (Milky Way ရှာဖွေပြီါ် ရိုက်ကြမယ်) , 
http://www.pixel-peeper.com/ (ကင်မရာ မျိုးစုံ နဲ့ ရိုက်ထားသမျှတွေပါ) ,
 https://www.facebook.com/notes/aperture21-lives-beyond-the-light/ဘယ်-mode-နဲ့-ရိုက်ရမလဲ/468287053231471 (ဘယ် Mode နဲ့ ရိုက်ကြမလဲ) ,
https://www.facebook.com/notes/ဓါတ်ပုံဝါသနာရှင်များအသင်း/ဓါတ်ပုံကဗျာdslrကင်မရာတွေအတွက်/347048382032253 (ဓါတ်ပုံ ကဗျာ), 
https://www.facebook.com/notes/aperture21-lives-beyond-the-light/white-balance-ဆိုတာဘာလဲ/405472009512976 (White Balance ဘယ်လို ထိမ်းမလဲ ),
 http://www.dslrtips.com/lens_guide/Lens_buying_guide.shtml , Lightroom အခြေခံအသုံးပြုနည်း (၃) 
https://www.facebook.com/notes/aperture21-lives-beyond-the-light/lightroom-အခြေခံအသုံးပြုနည်း-၃/476042039122639,

Thursday 17 October 2013

Site Engineer's Note (1)

Site Engineer's Note (1)

October 15, 2013 at 10:29pm
I Building Materials
1. Steel
Unit weight = 490 lb/ft3
သံချောင်းဆိုဒ်များ၏ တစ်မီတာတွင်ရှိသော အလေးချိန် ပုံသေနည်း
d2/162 (kg/m), where d=diameter in mm

၁၂မီတာ(၄၀ပေ) အရှည်ရှိသံချောင်းဆိုဒ်များ၏ (၁)တန်တွင်ရှိသော အချောင်းရေ
25mm = 21 no
22mm =  27 no
20mm = 33 no
18mm = 41 no
16mm = 53 no
12mm = 88 no
10mm = 135 no

Ties & Stirrups အတွက်သုံးတဲ့ 6.5mm, 8mm စတာတွေက အချောင်းရေနဲ့မလာဘဲ coil နဲ့လာပါတယ်
8mm   =  0.395 kg/m, 1ton=2531m, 1 viss = 13.35 = 13'4"
6.5mm = 0.26 kg/m, 1ton=3834m, 1 viss = 20.22 = 20'3"

2. Cement
1 bag = 50 kg = 112 lb (Including bag) = 1.2 cft

3. Brick
Brick wt = 6 lb>8lb

အုတ်ကောင်းအရည်အသွေးများ
> အုတ်အရွယ်အစား နှင့် ပုံစံ ညီနေရမည်
> အုတ်ချပ်ချင်း တီးခပ်လျှင် ကြည်လင်သော အသံလွင်ရမည်
> ကျိုးနေသော အုတ်သားကိုကြည့်လျှင် ညီညာပြီး သမသော အသား ပေါ်နေရမည်
> အုတ်များ အားကောင်းပြီး ဖိအားဒဏ်ကို 35MPa အထက် ခံနိုင်ရည်ရှိရမည်
> အုတ်များသည် ကောင်းစွာမာကျောပြီး လက်သည်းဖြင့်ခြစ်ကြည့်လျှင် အုတ်၏မျက်နှာပြင်တွင် လက်သည်းရာ ထင်ကျန်ခြင်း မရှိစေရ။
> အုတ်ကို ၂၄နာရီ ရေစိမ်ထားရင် ၄င်းအလေးချိန် ၂၀% ထက်ပိုသောရေကို မစုပ်ရပါ
> အုတ်ချပ်တွင် အရည်ပျော်ဆား ပါဝင်စေခြင်းမရှိစေရ။ ဆားများပါဝင်ခဲ့လျှင် မျက်နှာပြင်ပေါ်တွင် မီးခိုးရောင် (သို့) အဖြူရောင် အဖတ်များကျန်နေမည်။

4. Sand & Stone
၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

5. Wood
1 ton = 50 cft
အသား  ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။




II Ready mixed concrete grade
Ready mixed concrete မှာ M20, M25, M30 စသဖြင့်ရှိပါတယ်။ အဲဒီမှာ ဥပမာ M20 ဆိုရာမှာ M က mix ကို ဆိုလိုပါတယ် 25 ကတော့ 28 days cube strength 25 MPa (N/mm2) လို့  ဆိုလိုပါတယ်။ 1MPa ဟာ 145.04 Psi နဲ့ ညီမျှပါတယ်။ (M အစား G ကို သုံးတာကိုလည်း တွေ့ရပါတယ်)
G 20 = 20 MPa = 2900 psi
G 25 = 25 MPa =  3625 psi
G 30 = 30 MPa = 4350 psi
G 35 = 35 MPa = 5075 psi
ဒီမှာသတိပြုရမှာက Structural Designer က 28 days မှာ ရှိတဲ့ concrete ရဲ့ cylinder strength (f'c )ကို ပြောပါတယ်။ Concrete ရောင်းတဲ့သူတွေကတော့  28 days cube strength (f'c cube) ကို ပြောပါတယ်။ ဒီနှစ်ခုရဲ့ ဆက်သွယ်ချက်ကတော့
    CQHP guidelines အရ
    f'c ~ 0.78 f'c cube (f'c
    f'c ~ 0.8 f'c cube (3500
    f'c ~ 0.81 f'c cube (5000
    f'c ~ 0.83 f'c cube (f'c >6000 psi) ဖြစ်ပါတယ်။
ဒါကြောင့် concrete မှာရာမှာ  Structural Designer ကပေးတဲ့ f'c တန်ဖိုးကို  f'c cube ပြောင်းကြည့်ပြီးမှ ကိုက်ညီတဲ့ grade ကို မှာရမှာပါ။

Grade နဲ့ concrete အရည်အသွေး သတ်မှတ်ချက်တွေကတော့
    Ordinary concrete - M10, M15, M20
    Standard Concrete - M25, M30, M35, M40, M45. M50, M55
    High strength concrete - M60, M65, M70, M75, M80 ဖြစ်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

Friday 11 October 2013

ဦးသန့် ဇာတိမြို့

ဦးသန့် ပုံစံတူ ကြေးရုပ်တု (ဓာတ်ပုံ - ဆိုင်မွန် ရော့ဂ်နင် / ဧရာဝတီ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကြောင့် မြန်မာကို ကမ္ဘာက သိစေခဲ့သော်လည်း သူ့အကြောင်းကို ကျောင်းသင်ခန်းစာ များတွင် သီးသီးသန့်သန့် ထည့်သွင်း သင်ကြားခြင်း မရှိခဲ့သောကြောင့် ဧရာဝတီတိုင်း ပန်းတနော်မြို့ ဆိုသည်မှာ သူ၏ ဇာတိ ဆိုသည်ကိုပင် မသိသူ များစွာ ရှိနေပါသေးသည်။
ဦးသန့်မွေးဖွားခဲ့ရာ ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့သို့ အလုပ်ကိစ္စတခုဖြင့် သွားရောက်ရန် အကြောင်း ဖန်လာသောကြောင့် ဦးသန့်နှင့် ပတ်သက်သမျှ ကြွင်းကျန်ရစ်သည်များကို လေ့လာခွင့် ရခဲ့သည်။
ရန်ကုန်မြို့နှင့် မိုင် ၅၀ ကျော်သာ ဝေးသော ပန်းတနော်မြို့အ၀င်တွင် စိမ်းစိုသော လယ်ကွင်းများ၊ ပုစွန်ကန်၊ ငါးကန်များကို ရန်ကုန် – ပုသိမ် လမ်းမကြီး၏ တဘက်တချက်တွင် တွေ့ရသည်။
ရန်ကုန်မြို့မှ ပန်းတနော်သို့သွားမည်ဆိုလျှင် လှိုင်သာယာ အဝေးပြေးဘက်သို့ ထွက်ကာ ပုသိမ်မြို့သို့ သွားရောက်သော လမ်းပေါ်သို့ တက်ရသည်။ လမ်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ထန်းတပင်မြို့ ကျော်သည်နှင့် ဧရာဝတီတိုင်း ဒေသကြီးအစ ညောင်တုန်းမြို့သို့ ၀င်လေသည်။
 ထိုမှတဆင့် ညောင်တုန်းတံတားကြီးကို ဖြတ်ကျော်ပြီးသောအခါ လမ်း ဘယ်ဘက်ခြမ်းတွင် မြန်မာပြည်သား ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး မွေးဖွားရာ ပန်းတနော်မြို့က စောင့်ကြိုနေသည်။

ဦးသန့် အမှတ်တရ ဆောက်လုပ်ဆဲ စာကြည့်တိုက် (ဓာတ်ပုံ - ထက်နိုင်ဇော် / ဧရာဝတီ)
“ပန်းတနော်မြို့က ကြိုဆိုပါ၏” ဆိုသော ဆိုင်းဘုတ်ကြီး တခုနှင့် ကိုက် ၂၀၀ ခန့် အကွာတွင် ဆောက်လက်စ သုံးထပ်တိုက် တလုံးကို တွေ့လိုက်ရသည်။ သတင်းထောက် မျက်စိဖြင့် စပ်စုကြည့်လိုက်သောအခါ ဦးသန့် စာကြည့်တိုက်နှင့် ရုပ်တု ဖြစ်မြောက်ရေး လုပ်ဆောင်နေသော နေရာဟု သိလိုက်ရသည်။ ဦးသန့်စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် အလှူငွေများ ဖိတ်ခေါ်ထားပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ရေးသားထားရာ ထိပ်ဆုံးတွင် ဦးစောနိုင်ဆိုသော နာမည်နှင့် ဆက်သွယ် ရမည့် ဖုန်းနံပါတ်ကိုပါ တွေ့ရသည်။
ဦးစောနိုင်မှာ အသက် ၈၇ နှစ်အရွယ် ဟိန္ဒူ ဗုဒ္ဓဘာသာ တဦး ဖြစ်ပြီး ဦးသန့်စာကြည့်တိုက် ဖြစ်မြောက်ရေး အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တဦးဖြစ်သည်။ ဦးစောနိုင်သည် ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတွင်လည်း ပါဝင်ခဲ့သည်။

“နိုင်ငံရေးကို နားလည်လို့မဟုတ်ဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေ ပါတော့ ၀င်လုပ်ဖြစ်တယ်။ နိုင်ငံရေး ဆိုတာကိုတော့ အခုမှ နားလည် လာတော့တယ်” ဟု ဦးစောနိုင်က ဆိုသည်။
စိုက်ပျိုးရေး ဆေးဆိုင် ဖွင့်ထားသော သူ၏အိမ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ဓာတ်ပုံကို စနစ်တကျ မှန်ဘောင် သွင်းထားသည်။ မြန်မာနိုင်ငံရှိ မည်သည်မြို့ကိုမဆို ရောက်သွားလျှင် တိုင်းပြည်၏ လွတ်လပ်ရေးဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တု၊ ဓာတ်ပုံများကို တွေ့ရမည် ဖြစ်သော်လည်း ပန်းတနော်မြို့တွင်မူ ဦးသန့် ဓာတ်ပုံများကို လူနေအိမ်များမှ အစ၊ ဘုန်းကြီးကျောင်းအဆုံး နေရာတိုင်းတွင် တွေ့ရသည်။
ထိုကဲ့သို့ ဦးသန့်ဓာတ်ပုံများကို နေရာတိုင်းတွင် တွေ့ရသော်လည်း ဦးသန့် စာကြည့်တိုက်နှင့် ရုပ်တုကို ဦးသန့် ကွယ်လွန် ခဲ့သော ၁၉၇၄ ခုနှစ်မှ ယနေ့အချိန် နှစ်ပေါင်း ၄၀ နီးပါး ကြာမြင့်သည်အထိ အကောင်အထည် မဖော်နိုင်သေးပေ။ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင် အကောင်အထည် ဖော်ရန် စီစဉ်ခဲ့သော ဦးသန့် စာကြည့်တိုက်မှာ ကျပ်သိန်း ၆၀၀ ကုန်သွား သော်လည်း အဆောက်အအုံ အကြမ်းအဖြစ်သာ ရှိသေးသည်ကို တွေ့ရသည်။ ခေတ်မီစာကြည့်တိုက် အဖြစ် လုံးဝ အဆုံးသတ်နိုင်ရန် ကျပ်သိန်း တထောင်ခန့် လိုမည်ဖြစ်ကြောင်း ဦးစောနိုင်က ဆိုသည်။
ရရှိထားသော ကျပ်သိန်း ၆၀၀ တွင် သိန်း ၃၀၀ မှ ပန်းတနော် မြို့ခံများထံမှ ရရှိထားသော အလှူငွေဖြစ်ပြီး ကျန်သိန်း ၃၀၀ မှာ ကရင် အမျိုးသားခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင် ကိုယ်တိုင် လာရောက် လှူဒါန်းသွားခြင်း ဖြစ်သည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် လာရောက်လှူဒါန်းခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်ငွေ ဖြစ်ကြောင်း သိရသည်။ ကရင်ခေါင်းဆောင်က သိန်း ၃၀၀ လှူခဲ့သော်လည်း ဦးသန့် စာကြည့်တိုက် ဖြစ်မြောက်ရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ငွေကြေး ထောက်ပံ့ပေးခြင်းမျိုး ယနေ့အချိန်အထိ မရှိသေးပေ။

“ဦးသန့်က စာအရမ်းဖတ်တဲ့ တကယ့်စာသမား။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့၊ သူရဲ့ လုပ်ရပ်တွေကို လေးစားတဲ့အနေနဲ့ ဒီစာကြည့်တိုက်ကို ထူထောင်မှာပါ။ မည်သူမဆို လွတ်လပ်စွာ လာရောက်ပြီးတော့ စာဖတ်နိုင်အောင် လုပ်ပေးမယ်။
ကွန်ပျူတာ၊ အင်တာနက် အထိ သုံးနိုင်အောင် ခေတ်မီစာကြည့်တိုက် တခုအဖြစ် လုပ်ပေးဖို့ပါ” ဟု ဦးစောနိုင်က ပြောသည်။
ဦးသန့် ကြေးရုပ်တုကို မြို့၏ အထင်ကရ ဘုန်းကြီးကျောင်း တခုတွင် ထိန်းသိမ်းထားသောကြောင့် သွားရောက်ကြည့်ရှုရန် ဦးစောနိုင်က လမ်းညွှန်လိုက်သည်။
ဦးသန့်ကြေးရုပ်တုကို ကြေးသွန်းပညာရှင် ပန်းပု တင်ဝင်းထွန်း (ပေါင်းတည်) က ၂၀၁၂ ခုနှစ်တွင် သွန်းလုပ်ပေးခဲ့ပြီး ကြေးရုပ် ထားရှိမည့် စာကြည့်တိုက် အပြီးမသတ်နိုင်မီတွင် ပန်းတနော်မြို့ မြတောင် ကျောင်းတိုက်တွင် ယာယီ ထိန်းသိမ်းပေး ထားကြောင်း ဦးသန့်ရုပ်ထုကို ထိန်းသိမ်းပေးထားသူ မြို့မိမြို့ဖတဦးဖြစ်သည့် ဦးသိန်းအေးက ပြောသည်။
မြတောင် ကျောင်းတိုက်တွင် ဦးသန့်နှင့် ပတ်သက်သော အကြောင်းအရာမျိုးစုံ ရေးသားထားသည့် စာအုပ်၊ စာတမ်းများ၊ သတင်းစာ၊ ဂျာနယ် များကို ဖြတ်ညှပ်ကပ် ပြုလုပ်၍ ပြသထားသည်။

ဦးသန့် နေထိုင်ခဲ့သည့် အိမ်နေရာဟောင်း (ဓာတ်ပုံ - ထက်နိုင်ဇော် / ဧရာဝတီ)
ဦးသန့် နေထိုင်ခဲ့သောအိမ်မှာ မြတောင်ကျောင်း အနီး စဥ့်အိုးတန်း လမ်းတွင် ရှိပြီး ၁၉၅၇ ခုနှစ်တွင် ယင်းမြေ အိမ်နေရာကို မြန်မာကျပ်ငွေ ၁၇၅၀ ကျပ်ဖြင့် ရောင်းချသွားခဲ့သည်။ ထိုစဉ်က ဦးသန့်မှာ ၀န်ကြီးချုပ်ရုံး အတွင်းဝန် ရာထူးဖြင့် ရန်ကုန်မြို့တွင် ရောက်ရှိနေပြီး အိမ်ရောင်းရခြင်းမှာလည်း ကျန်းမာရေး အခြေအနေကြောင့် ဆေးကုရန် စရိတ် လိုအပ်ခြင်းကြောင့် ဖြစ်သည်ဟု ဦးသန့်၏ညီ ဦးခန့်က ပြောပြခဲ့ကြောင်း ပန်းတနော်မြို့ခံ ဦးသိန်းအေးက ပြောဆိုပြီး ဦးသန့် အိမ်ဟောင်း နေရာသို့၎င်းက လိုက်ပို့သည်။

ဦးသန့်၏ လက်ရေးမူ (ဓာတ်ပုံ - ထက်နိုင်ဇော် / ဧရာဝတီ)

ယင်းမြေအိမ်နေရာကို ၀ယ်ယူခဲ့သူ အသက် ၈၁ နှစ်အရွယ် ဒေါ်ကြည်မှာ ဦးသန့်အိမ်ကို ၀ယ်ယူခဲ့သောကြောင့် ဂုဏ်ယူလျက် ရှိပြီး ဦးသန့် ရောင်းချခဲ့သော စာရွက် အထောက်အထားကို ပလစ်စတစ်လောင်းကာ အမှတ်တရ သိမ်းထားသည်။
“အဲဒီတုန်းက ဦးသန့် ပိုက်ဆံလိုတော့ မြို့ပိုင် ဦးဘိုးအေးကို ဒီအိမ်လေး ရောင်းပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ အဘွား အဖေက ဆရာသန့် တပည့်အရင်း။ အဖေက ဆရာသန့်အိမ်ကို ၀ယ်လိုက်တာ။ ဆရာသန့်ညီ ဦးခန့်ကျတော့ အဖေနဲ့ သူငယ်ချင်းတွေပဲ” ဟု ဒေါ်ကြည်က ဆိုသည်။
ဦးသန့်၏ အိမ်ကို စိတ်ဝင်စားသူ နိုင်ငံခြားသားများစွာ လာရောက်ကြည့်ရှုကြ သောကြောင့် တော်လှန်ရေးကောင်စီ လက်ထက်၊ မဆလ လက်ထက်နှင့် ယခင် နအဖ အစိုးရ လက်ထက်တွင် ထောက်လှမ်းရေးက အမြဲပင် စောင့်ကြည့်လျှက် ရှိကြောင်း၊ နိုင်ငံခြားသား ဧည့်သည်များ ပြန်သွားသောအခါ လာရောက် မေးမြန်းလေ့ရှိကြောင်း သိရသည်။
“ထောက်လှမ်းရေးက ဘာပြောသွားလဲ လာလာ မေးတယ်။ အဘွားက ပြန်ပြောမပြတတ်တော့ နောက်ပိုင်းမှာ ဧည့်သည် လာရင် သူတို့ပါ လာနားထောင်တယ်။ အခုတော့ အဲဒါမျိုးတွေ မရှိတော့ဘူး” ဟု ဒေါ်ကြည်က ဆိုသည်။
ဦးသန့်၏ နေအိမ်ဟောင်းသို့ အမေရိကန် အမျိုးသမီး သံအမတ်တဦး၊ ဗြိတိန်သံအမတ်၊ အိန္ဒိယ နိုင်ငံမှ ပါမောက္ခနှစ်ဦး အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ထိုင်း၊ တရုတ်နှင့် ကိုရီးယားနိုင်ငံတို့မှ ပုဂ္ဂိုလ်များ လာရောက် လေ့လာခဲ့ဖူးကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း၊ ပန်းတနော်မြို့နယ် အမျိုးသား ကျောင်းအုပ်ကြီး၊ ၀ဏ္ဍကျော်ထင်၊ သီရိပျံချီ၊ စည်သူ၊ မဟာစည်သူ စသည့် ဘွဲ့အသီးသီး ပိုင်ဆိုင်ခဲ့သည့် ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ပန်းတနော်မြို့၌ မွေးဖွားခဲ့သည်။ ပန်းတနော်မြို့ အမျိုးသား အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်လက် သင်ယူခဲ့သည်။ အသက် ၂၅ နှစ်အရွယ်တွင် ပန်းတနော် အမျိုးသား
အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ယူစဉ် ပန်းတနော် ဦးသန့် အမည်ဖြင့် စာပေများ ရေးသားခဲ့သည်။
ထိုစဉ်က ၀န်ကြီးချုပ် ဦးနုထံတွင် အစိုးရ ၀န်ထမ်းအဖြစ် တာဝန် အမျိုးမျိုး ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာသည်။ ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပြီး ၁၉၇၁ ခုနှစ်အထိ ရာထူးသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဦးသန့် နှစ်တရာ ပြည့်ခဲ့ပြီ ဖြစ်သည်။
အာရှတိုက်၏ အလင်းရောင်ဟု ထိုစဉ်က တင်စားခံခဲ့ရသော ဦးသန့်၏ ဇာတိ ပန်းတနော်မြို့မှ ပြန်ထွက်လာသောအခါ နှုတ်ဆက်မိုးက အသည်းအသန် ရွာသွန်းတော့သည်။
ပန်းတနော်မြို့အထွက် ဥတိုဟုခေါ်သော ရွာလေးသို့အရောက် လမ်းဘေး၌ ကားခဏရပ်နားပြီ ဒေသခံတချို့နှင့် စကားလက်ဆုံ ကျလိုက်သောအခါ ပန်းတနော်ဒေသတွင် မြန်မာနိုင်ငံ၏ တခြားဒေသများကဲ့သို့ လယ်မြေ အသိမ်းခံရသော
အကြောင်းများ ကြားရသည်။ စစ်တပ်အရာရှိ အငြိမ်းစားများ၊ ပုဂ္ဂလိက ကုမ္ပဏီများက လယ်မြေများ သိမ်းသွားသောကြောင့် ဒေသခံများ ကွမ်းစိုက်စားနေ ကြသည်။
ယနေ့ခေတ်တွင် တိုင်းပြည်က ဘာလုပ်ပေးမှာလဲဟု မျှော်လင့်လျှက်ရှိသော၊ ကိုယ်ကျိုးစီးပွားအတွက် အသည်းအသန် ကြိုးပမ်းနေကြသော စစ်ဘက် အရပ်ဘက် ပုဂ္ဂိုလ်များကို တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲဟု အမြဲတွေးနေသော ဦးသန့်သာ ပြန်တွေ့လျှင် အလွန်စိတ်မကောင်း ဖြစ်နေလိမ့်ဦးမည်။
ထိုအချိန်တွင် ဦးသန့်၏ ကမ္ဘာမကျော်သော စကားလေးတခွန်းကို ပြန်အမှတ်ရ နေမိသည်။
“တပည့်တို့၊ လူတော်လူကောင်း ဖြစ်အောင် ကြိုးစားကြပါ။ လူတော်မဖြစ်ရင်တောင် လူကောင်း ဖြစ်အောင်တော့ ကြိုးစားကြပါ။ ဒီနေ့ တို့နိုင်ငံမှာ လူတော်တွေ သိပ်ရှားနေပြီး လူဆိုးတွေလည်း အများကြီးပဲ” ဟူ၍ ဖြစ်၏။
ဧရာဝတီစာမျက်နာမှကူးယူဖေါ်ပြပါသည်
----------------------------------------
  

ယခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု

နိုဗဲလ် ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်ကတည်းက နှစ်စဉ် စတင်ပေးအပ်ခဲ့တာဖြစ်ပြီး  နိုဗဲလ်ငြိမ်းချမ်းရေး ဆုကို လူပုဂ္ဂိုလ်အရမဟုတ်ဘဲ အဖွဲ့အစည်းတခုအနေနဲ့ရသွားတာလည်းဖြစ်သလို ၉၄ ကြိမ် မြောက် နိုဗဲလ် ငြိမ်းချမ်းရေးဆုလည်းဖြစ်ပါတယ်။ 


 ယခုနှစ်အတွက် ကမ္ဘာနိုဗဲလ်ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက်များ တားဆီးကာကွယ်ရေးအဖွဲ့ ( OPCW) က ဓာတုလက် နက်များ ဖယ်ရှားရေး ကျယ်ကျယ်ပြန့်ပြန် ကြိုးစားခဲ့မှုအတွက် ဆွတ်ခူးရရှိသွားပါတယ်။ 




နိုဗဲလ် ငြိမ်းချမ်းရေးပေးရေး ဘုတ်အဖွဲ့က အခု မိနစ်ပိုင်းလေးမှာ ကြေညာသွားတာကတော့ “The Nobel Peace Prize 2013 was awarded to Organization for the Prohibition of Chemical Weapons "for its extensive efforts to eliminate chemical weapons"." ဆိုပြီး ထုတ်ပြန်ကြေညာသွားတာပါ 

 ဒီဆုကို အခုလို  OPCW အဖွဲ့ကို ပေးအပ်လိုက်တာဟာ မကြာသေးမီက ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုဆိုင်ရာ ကိစ္စအပေါ် တကမ္ဘာလုံးက အထူးအလေးပေးခဲ့ပြီး ဆီးရီးယားအရေး အာရုံထားမှု ပိုလာ တာကြောင့်ဖြစ်တယ်လို့ နိုင်ငံတကာ ရုပ်/သံတွေက ဝေဖန်သုံးသပ်နေကြပါပြီ။

စာပေ နိုဗဲလ်ဆု ကနေဒါ စာရေးဆရာမ အဲလစ်မန်ရို ရရှိ



၂၀၁၃ ခုနှစ် အတွက်
ဒီနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ကနေဒါက
စာရေးဆရာမ အဲလစ်မွန်းရို (Alice Munro) က
ဆွတ်ခူးရရှိသွားပါတယ်။

အသက် ၈၂ နှစ် အရွယ် ရှိပြီဖြစ်တဲ့ စာရေးဆရာမ မွန်းရိုဟာ
ခေတ်ပြိုင် ဝတ္ထုတိုတွေ ရေးသားရာမှာ ကျွမ်းကျင်ပိုင်နိုင်
တယ်လို့ ဒီဆုကို ချီးမြှင့်တဲ့ ဆွီဒစ်ရှ် အကယ်ဒမီက ပြောပါတယ်။

သူမ မွေးရပ်ဒေသဖြစ်တဲ့ အွန်တာရီယို ကျေးလက်ဒေသက
အမျိုးသမီးတွေရဲ့ လူမှုဘဝတွေကို ဇောင်းပေး ဖော်ကျူးတဲ့
အကြောင်းအရာတွေ အပါအဝင် အဲလစ်မွန်းရိုဟာ ဒါဇင်နဲ့
ချီတဲ့ ဇာတ်လမ်းတွေ ရေးခဲ့သူဖြစ်ပြီး ဆုအများအပြားလည်း
ဆွတ်ခူးရရှိခဲ့ပါတယ်။

အခု ရရှိတဲ့ နိုဗယ်ဆုဟာ ဒေါ်လာ ၁.၂၅ သန်းတန် ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေး Sakharov ဆု မာလာလာ ရရှိ

 ဥရောပ ပါလီမန်က ပေးတဲ့ ယခုနှစ် အတွက် Sakharov လူ့အခွင့်အရေးဆု ကို ပါကစ္စတန်နိုင်ငံက ဆယ်ကျော်သက် မာလာလာ က Freedom of Thought အတွက် ရရှိသွားပါတယ်။ 


 မာလာလာ၊ ဓာတ်ပုံ- The Telegraph

မာလာလာဆိုတာ ပါကစ္စတန်နိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အမျိုးသမီး အခွင့်အရေးတိုက်ပွဲဝင်ခဲ့လို့ တာလီဘန်တွေက သေနတ်နဲ့ ပတ်ခတ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာ အသက်ရှင်လာသူလေးပါ။ 

သူဟာ ဆယ်ကျော်သက် အမျိုးသမီး ငယ်လေး ဖြစ်လင့်ကား သူ့ရဲ့ ရဲစွမ်းသတ္တိက အံ့မခန်း ဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာ မာလာလာလို လူငယ်တွေရဲ့ အနာဂတ် ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ချက်တွေ ရှိတယ်ဆို တာ ကမ္ဘာကို သိခွင့်ရှိစေဖို့ အခုလို ဒီ Sakharov ဆုအတွက် မာလာလာကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဥရောပ ပြည်သူ့ပါတီ (EPP) ရဲ့ ဥက္ကဋ္ဌ Joseph Daul က အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောပါတယ်။ 

 

အာဆီယံ ဥက္ကဋ္ဌ ရာထူး မြန်မာလက်ခံရယူပြီ


အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ဖို့ ဒီကနေ့ ၁၀.၁၀.၂၀၁၃မှာ မြန်မာ နိုင်ငံက တရားဝင်လွှဲပြောင်း ရယူလိုက်ပြီဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝန်မြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူလိုက်တာဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကျမှသာ ဥက္ကဋ္ဌတာဝန်တွေကို စပြီး ထမ်းဆောင်မှာပါ။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာ ရတဲ့အပေါ် တုန့်ပြန်ယူဆမှုများ 


အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ခုနှစ်မှာ တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံက တရားဝင် လွှဲပြောင်းရယူလိုက်ပြီဖြစ်ပါတယ်။  မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသားဒေသတွေ မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေဆဲဖြစ်ပြီး လူမျိုးရေးအသွင်ဆောင်တဲ့ ပဠိပက္ခတွေ ရှိနေတာကြောင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူတာဟာ စောနေသေးတယ် ဆိုပြီး ဝေဖန်သူတချို့ ရှိနေပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံအနေနဲ့ ဒီတာဝန်ကို ယူသင့်တဲ့ အချိန်ရောက်ပါပြီ ဆိုပြီး ကြိုဆိုသူတွေလည်း ရှိနေပါတယ်။ မအေးသန္တာကျော်က ဆက်ပြီး တင်ပြပါလိမ့်မယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ ပဠိပက္ခတွေမှာ အာဏာပိုင်တွေဘက်က လုံခြုံရေးကို ထိထိရောက်ရောက် မယူနိုင်ခဲ့ဘူးဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ လူ့အခွင့်အရေး ကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါ့မလားဆိုပြီး မေးခွန်းတွေ ထွက်ပေါ်နေခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံကြား ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ၂၀၀၆ ခုနှစ်မှာ အလှည့်ကျခဲ့တဲ့ အချိန်ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေအပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ ကြုံခဲ့ရတဲ့အတွက် နောက်ဆုံးမှာ ဒီတာဝန်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုတော့ အာဆီယံ အဖွဲ့ဖြစ်လာပြီး ၁၆ နှစ် အကြာမှ မြန်မာနိုင်ငံအနေနဲ့ အလှည့်ကျ ဥက္ကဌရာထူးကို ပထမဆုံးအကြိမ်အဖြစ် လက်ခံ ရယူတော့မှာ ဖြစ်ပါတယ်။ " ကြွယ်ဝချမ်းသာပြီး ငြိမ်းချမ်းသော အသိုက်အ၀န်း ဆီသို့ တူညီတက်လှမ်းဖို့" ဆိုတဲ့ ဆောင်ပုဒ်ကို မြန်မာနိုင်ငံက ဆောင်ပုဒ် အဖြစ် စွဲကိုင်ထားပါတယ်။ အာဆီယံအဖွဲ့ရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Le Luong Minh ကတော့ မြန်မာနိုင်ငံနဲ့  ပတ်သက်ပြီး အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေဆီကနေ အင်မတန် ခိုင်မာတဲ့ ထောက်ခံ အားပေးမှုကို ရခဲ့တဲ့အကြောင်း၊ ဥက္ကဋ္ဌတာဝန်ကို ထိရောက်စွာနဲ့ အောင်မြင်စွာ ထမ်းဆောင်နိုင်မယ်ဆိုတာ မိမိတို့ ယုံကြည်တဲ့အကြောင်း အာဆီယံအဖွဲ့ရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Le Luong Minh ပြောခဲ့ပါတယ်။

လေ့လာသူတွေကတော့ အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ၀င်ပြီးတော့ မစွက်ဖက်ရေးဆိုတဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲထားခဲ့ပေမဲ့ ပဋိပက္ခ အခြေ အနေတွေကို ကိုင်တွယ်ဖြေရှင်းရေး ပိုပြီးအခိုင်အမာလုပ်ဆောင်ဖို့ တိတ်တိတ်ဆိတ်ဆိတ် နဲ့ ဆက်ပြီး တွန်းအားပေးသွားလိမ့်မယ် လို့ သုံးသပ်တာမျိုးရှိပါတယ်။

ဒီအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ သူရဦးတင်ဦးကလည်း လက်ခံပါတယ်။

လက်ရှိမြန်မာအစိုးရခေါင်းဆောင်တွေအနေနဲ့လည်း အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူဖို့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ သူ့အနေနဲ့ မြင်တဲ့အကြောင်း သူရဦးတင်ဦးက ပြောဆိုသွားတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုတွေဟာ ဒီလို အကျိုးစီးပွားကို အခြေခံတဲ့ ချဉ်းကပ်မှုတွေ ဖြစ်မယ်လို့  မျှော်လင့်တဲ့အကြောင်း ရန်ကုန် အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုရန်မျိုးသိန်းကပြောပါတယ်။

" တရုတ်ရဲ့သြဇာသက်ရောက်မှု၊ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာ သက်ရောက်မှုကို သူတို့ ထိန်းညှိလိုတဲ့အတွက်ကြောင့်မို့လို့လည်း ခုနက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးကိစ္စတွေကို အတိုင်းအတာတခုအထိ ဘေးဖယ်ထားပြီးတော့ မြန်မာနိုင်ငံနဲ့နီးစပ်ရေးကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရော၊ အာဆီယံ နိုင်ငံတွေရောက ကြိုးစားလာတယ်လို့မြင်တယ်။"

ဘရူနိုင်းမှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကတော့ မြန်မာနိုင်ငံမှာတွေ့မြင်နေ ရတဲ့ အခြေအနေတွေဟာ စိတ်လှုပ်ရှားစရာကောင်းပေမဲ့လည်း ပြီးပြည့်စုံမှု မရှိသေးဘူးလို့ အာဆီယံနိုင်ငံ တွေက လူငယ်တွေနဲ့ တွေ့ဆုံ ချိန်မှာ ပြောဆိုပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန်မှာ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေး တိုးတက်မှုတွေပိုရလာဖို့ မျှော်လင့်တဲ့ အကြောင်းသူ့ရဲ့ညီလာခံမိန့်ခွန်းထဲမှာ မစ္စတာကယ်ရီ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ မြန်မာနိုင်ငံ အာဆီယံရဲ့ ဥက္ကဋ္ဌတာဝန်ရယူတာဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလွန် အရေးကြီးတဲ့ သမိုင်း မှတ်တိုင်တခု ဆိုပြီး ပြောဆိုသွားပါတယ်။
 (VOA-သတင်း)

Sunday 6 October 2013

ပန်းတိုင်းပွင့်ပါစေ

ပန်းချစ်သူများအတွက်-
ကျွန်တော် သည်ပန်းကိုအပြင်မှာမမြင်ဘူးသေးပါ။ဓါတ်ပုံများသာတွေ့မြင်ဘူးပါသည်။
ငယ်ငယ်တုန်းကသူငယ်ချင်းပြောတာမှတ်မိနေတယ်၊သူကတော့သူ့အဖေတာဝန်ကျရာလိုက်ပါရသူမို့ ထိုပန်းကိုမြင်ဘူးသောကြောင်အင်မတန်လှကြောင်းပြောတာကိုမှတ်မိနေတယ်။

တန်ဖိုးကြီးသောပန်းဟုကျွန်တော်ဆိုချင်မိပါသည်။အဘယ်ကြောင့်ဆိုသော်
နိုင်ငံတကားကစိတ်ဝင်းစားတဲ့တန်ဘိုးအကြီးဆုံးပန်းပါ

သင်အပြင်မှာမြင်လျှင်သူ့ရဲ့အလှကိုအံသြသွားရအောင်လှတာမြင်ရပါမည်
ဒီလိုတန်ဘိုးကြီးတဲ့ပန်းတွေဒို့နိုင်ငံရဲ့တောင်ပေါ်ဒေသတွေမှာအလွန်ဖြစ်ထွန်းပါသည်။

ဖြစ်ထွန်းလွန်းလို့စိုက်ပျိုးရေးမြေရပို့ခုတ်ထွင်ရှင်းလင်းခဲ့ကြရလောက်အောင်ပေါက်ရောက်ပါသည်
ကျတော်တို့နိုင်ငံမှာ
သဘာဝသယံဇာတတွေပေါကြွယ်ဖြစ်ထွန်းနေလို့နိုင်ငံတကာကရင်းနှီးမြုပ်နှံချင်ကြတာပါ လို့ထင်မြင်မိတယ်။
 


ဒီလောက်ပေါကြွယ်နေတာဒို့နိုင်ငံဘာကြောင့်ဆင်းရဲနေတာလဲလိုမေးယင်-
အမေစုစကားကိုလေးစားမိတယ်၊အမေစုမိန့်ခွန်းများနားမထောင်မိခဲ့ဘူး၊

အခွေတွေလက်ဝယ်ရှိသော်လည်း 
စဆုံးနားမထောင်မိခဲ့လိုသလောက်ပဲ့ကျော်ကာနားထောင်မိတာများတယ်၊ပြင်ပမှာတော့သင်္ယန်းကျွှန်း
ဗေဒါစာကြည့်ဖွင့်ပွဲမှာအမေစုဟောပြောပွဲကိုခရီးသွားဟန်ကြုံလို့ခဏလောက်ပဲ့နားထောင်ခဲ့ဘူးတယ်
ဒါကြောင်လဲနှလုံးသားထဲ့မဆွဲခဲ့ပေအမေစုစင်္ကာပူရောက်ရှိပြီးလူထုနဲ့တွေဆုံပွဲကိုအွန်လိုက်ကနေပြီး
ဓမ္မဒေါင်းလုပ်ကျေးဇူးကြောင့်စင်္ကာပူရောက်နေတုန်းကွန်နရှင်ကလည်းကောင်းတာကြောင့်စဆုံးကြည့်ရှုခဲ့ဖြစ်တယ်

လေးစားအားကျအတုမိလောက်အောင်ရင်မှာဆွဲထင်ခံစားမိခဲ့ရတယ်
သူရဲ့နိုင်ငံနဲ့လူမျိုးအပေါ်ထားတဲ့စေတနာကိုသူ့ရဲ့ပြုလုပ်ဆောင်ရွက်နေတဲ့ကာယကံ၊
နိုင်ငံနဲ့လူမျိုးအပေါ်ထားတဲ့စေတနာကိုမိန့်ခွန်တွေမှာတွေ့ရတဲ့ဝစီကံ၊
ကျင့်ကျန်အားထုတ်မှုမနောကံများတွေ့မြင်ခဲ့ရပါသည်။
အဲ့ဒါတွေကြောင့်လည်းပြည်သူပြည်သားများပါမကနိုင်ငံတကာကပါလေးစာခြင်းခံရတာပဲဟုထင်မြင်မိပါသည်
အယင်တန်းက လေးစားရသမျှယခုရင်မှာစွဲကျန်မှတ်သားလောက်အောင်မှတ်တန်းတင်မိမှတ်ချက်ချမိသည်

ဒီလောက်ပေါကြွယ်နေတာဒို့နိုင်ငံဘာကြောင့်ဆင်းရဲနေတာလဲမေးခွန်းကိုအမေစုစကားအရ-

"နိုင်ငံနဲ့လူမျိုးကညံ့လို့ဆင်းရဲတာမဟုတ်ပါဘူး၊အခွန့်အရေးတွေဆုံးရှုံးရလို့နိုင်ငံဆင်းရဲရတာပါ၊

အခွန့်အရေးတွေကောင်းလာအောင်စောင့်မနေပါနဲ့၊အခွင့်အရေတွေကောင်းလာအောင်ကြိုးစားကြပါတဲ့"ဗျာ

အဖိုးတန်ပန်းများကိုလည်းအကျိုးရှိအောင်သုံးတတ်ကြပါစေ"


"ပန်းတိုင်းပွင့်ပြီးသင်းထုံမွှေးပြန့်ကျပါစေ"


"အမေစုကျန်းမာပါစေ၊အမေစုသက်တော်ရာကျော်ရှည်ပါစေ"ဗျာ 

ဒီနေရကကူးယူဖေါ်ပြပါသည်။
------------------------------

Saturday 5 October 2013

လျှပ်စစ်ဆိုင်ရာဗဟုသုတများ

6ø Transmission Line For Electric Guitar Strings




မကြာခင်တွေ့ရတော့မဲ့ရေအောက်ကလျှပ်စစ်ထုပ်ပုံ

ရေအောက်သုံးမော်တာ
Parking Area With Solar Panels to Charge Electric Cars, Germany.


လျှပ်စစ်ဆိုင်ရာဗဟုသုတများ


World's Highest Voltage Class







Tuesday 1 October 2013

ရေသန့်ဗူးတလုံးနဲ့အလင်းရောင်ပေးနိုင်ပြီတဲ့

ရေသန့်ဗူး တလုံးနဲ့ အလင်းရောင် ပေးနိုင်ပြီ

ဘီဘီစီမြန်မာပိုင်းကူးလ်တက်အစီအစဉ် မှာတွေ့လိုက်ရတယ်
ရေသန့်ဘူးကိုနေရောင်ခြည်သုံးပြီး
အလင်းရောင်ရအောင်လုပ်တာ။
 

 

နေရောင်ခြည်သုံး ရေသန့်ဗူး မီးသီး နဲ့ တီထွင်သူ အယ်လ်ဖရာဒို မိုဆာ
 
 


နှစ်လီတာ ရေသန့်ဗူးထဲ ရေဖြည့် ၊ ချွတ်ဆေး Bleach အမှုန့် နှစ်စွန်းထည့်ကာ အိမ်ခေါင်မိုးမှာ 

အပေါက်ဖောက်လို့ ရေသန့်ဗူးကို စိုက်ထားလိုက်ရင် နေရောင်ခြည်နဲ့ အိမ်တွင်း အခန်းတွင်း 

အလင်းဖြာအောင် လုပ်နိုင်ပြီ ဆိုတာကို တင်ဆက် ပေးထားပါတယ်။

ချွတ်ဆေးသုံးတာရေကိုအမြဲကြည်နေအောင်ရေညှိမတက်အောင်သုံးတာပါ
  

ဘီဘီစီမြန်မာပိုင်းကူးလ်တက်ဒီရေလျှပ်စစ်အစီအစဉ်


အဲ့ဒီနည်းအစား 


ပက်လပ်စတစ်အကြည်မိုးသုံးလိုက်ယင်ဝပ်၅၀မကဘူး

ဝပ်၅၀၀လောက်မကလင်းမှာပါ