Saturday 31 May 2014

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်
 =======================
 Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။
နည်းလမ်း(၁)
=======
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။
အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

နည်းလမ်း(၂)
=======
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

နည်းလမ်း(၃)
======
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

Friday 30 May 2014

Thursday 29 May 2014

စင်ကာပူရဲ့ပညာရေးစနစ်

စင်ကာပူရဲ့ အခြေခံပညာအဆင့်ကို Primary နဲ့ Secondary ဆိုပြီး အဓိက ၂ ပိုင်းခွဲထားပါတယ်။ Primary ဟာ မတက်မနေရ ၆ နှစ်တက်ရမှာဖြစ်ပြီး ပထမ ၄ နှစ်ကို Foundation (အခြေခံအဆင့်) လို့ သတ်မှတ်ပါတယ်။ အဲဒီ ၄ နှစ်အတွင်းမှာ အင်္ဂလိပ်စာ၊ မိခင်ဘာသာစကား (တရုတ်၊ မလေး၊ တမီးလ်) နဲ့ သင်္ချာတို့ကို အဓိကထားပြီး သင်ကြားပါတယ်။ အခြားဘာသာရပ်တွေအနေနဲ့ စာရိတ္တ၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အားကစား စတဲ့ ကလေးငယ်တွေ သိထားသင့်တဲ့ အခြေခံဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ သိပ္ပံဘာသာရပ်တွေကိုတော့ P3 လို့ခေါ်တဲ့ တတိယနှစ်ကစပြီး သင်ပေးပါတယ်။ Primary ၆ နှစ်ရဲ့ နောက်ဆုံး ၂ နှစ်ကိုတော့ Orientation (Secondary အတွက် မိတ်ဆက်အဆင့်) လို့သတ်မှတ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ပထမ ၄ နှစ်ပြီးရင် ကျောင်းသားတွေရဲ့ စွမ်းဆောင်မှုကို ကြည့်ပြီး သင့်တော်တဲ့ အတန်းတွေ ထပ်မံခွဲခြားလိုက်ပြီး လက်ကျန် ၂ နှစ်မှာ သင်ရိုးလည်း နည်းနည်းကွာသွားတာကို တွေ့ရပါတယ်။ EM1, EM2 နဲ့ EM3 (English and Mother Tongue at 1st, 2nd and 3rd language) ဆိုပြီး အဆင့် ၃ ခုခွဲပြီး သင်ကြားပေးပါတယ်။ ဒီ Primary ကလေးတွေရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ PSLE လို့ အတိုကောက်ခေါ်တဲ့ Primary School Leaving Examination ပဲဖြစ်ပါတယ်။ ဒီစာမေးပွဲက ရလဒ်ကိုအခြေခံပြီး ကလေးတွေဟာ Secondary မှာ မတူညီတဲ့ သင်ရိုးတွေကို သင်ကြားရမှာဖြစ်လို့ ဒီစာမေးပွဲဟာ အလွန်ပဲ အရေးကြီးလှပါတယ်။
Primary မှာ ၆ နှစ်သင်ကြားပြီးလို့ စာမေးပွဲကြီးပြီးတဲ့အခါမှာ Secondary ကို တက်ရောက်ခွင့်ရကြပါတယ်။ အခြေခံအားဖြင့် Secondary ကို Express (အထူးတန်း) ၊ Normal (Academic) (သာမန်ပညာရေး) နဲ့ Normal (Technical) (သာမန်အသက်မွေးဝမ်းကျောင်း) ဆိုပြီး ၃ ခုခွဲထားပါတယ်။ ဒီ ၃ ခုအပြင် Special ဆိုတဲ့အတန်းတစ်ခုလည်း ရှိပါသေးတယ်။ Special နဲ့ Express ရဲ့ အဓိကကွာခြားချက်က မိခင်ဘာသာစကားကို ပုံမှန်ပဲသင်မလား၊ အဆင့်မြင့်သင်မလားဆိုတာပဲကွာလို့ အသေးစိတ်မရှင်းပြတော့ပါဘူး။ စင်ကာပူ ပညာရေးကို လေ့လာမယ်ဆိုရင် ဒီ Secondary အဆင့်ဟာ အရှုပ်ထွေးဆုံးလို့ ပြောလို့ရပါတယ်။ ပထမဆုံး Express ကိုရှင်းပြပါမယ်။
Express အတန်းကို တက်ခွင့်ရသူတွေဟာ PSLE မှာ အမှတ်အကောင်းဆုံးနဲ့ အောင်ကြတဲ့ ကလေးတွေဖြစ်ပါတယ်။ Secondary (Express) ကို ၄ နှစ်တက်ရပြီး နောက်ဆုံးအတန်းတင်စာမေးပွဲကတော့ GCE 'O' Level စာမေးပွဲပဲဖြစ်ပါတယ်။ မသင်မနေရဘာသာတွေကတော့ အင်္ဂလိပ်စာ၊ သချာင်္နဲ့ မိခင်ဘာသာစကားတို့ပဲဖြစ်ပါတယ်။ တကယ်လို့ မိခင်ဘာသာစကားကို အဆင့်မြင့် (Higher Mother Tongue) မဟုတ်ဘဲ သာမန်ပဲသင်ယူခဲ့မယ်ဆိုရင် GCE 'O' Level ပြီးတဲ့အခါ Polytechnic ဒါမှမဟုတ် Junior College တို့မှာ မိခင်ဘာသာစကား တစ်နှစ်ထက်တက်ရမှာ ဖြစ်ပါတယ်။ Secondary ကျောင်းသားတွေဟာ မသင်မနေရဘာသာတွေအပြင် သိပ္ပံဘာသာတွဲကိုလည်း တက်ကြလေ့ရှိပါတယ်။
နောက်ထပ် Secondary တစ်မျိုးကတော့ Normal (Academic) ပဲဖြစ်ပါတယ်။ ဒီအတန်းကို တက်ကြတဲ့ ကျောင်းသားတွေဟာ Express ကျောင်းသားတွေလောက် အမှတ်မကောင်းခဲ့သူတွေ ဖြစ်ပါတယ်။ Normal (Academic) ကိုလည်း ၄ နှစ်တက်ရပြီး ဒီအဆင့်ရဲ့ နောက်ဆုံးစာမေးပွဲကြီးကတော့ GCE 'N' Level ဖြစ်ပါတယ်။ တကယ်လို့ 'N' Level မှာ အမှတ်ကောင်းတယ်ဆိုရင်တော့ 'O' Level ကို တက်ခွင့်ရှိပါတယ်။ (ဒါကြောင့် တချို့က ၅ နှစ်တက်ရတယ်လို့ 'O' Level အထိမှန်းပြီး ပြောကြပါတယ်) အမှတ်မမီရင်တော့ ITE လို့ခေါ်တဲ့ အစိုးရအသိအမှတ်ပြု နည်းပညာအောင်လက်မှတ်တန်းတွေကို တက်ရမှာဖြစ်ပါတယ်။
နောက်ဆုံး Secondary တစ်မျိုးကတော့ Normal (Technical) ပဲဖြစ်ပါတယ်။ ဒီမှာလည်း ၄ နှစ်တက်ရပြီး နောက်ဆုံးစာမေးပွဲကြီးက GCE 'N' Level ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုင်းကအောင်လာတဲ့ ကျောင်းသားတွေဟာ 'O' Level ဖြေဆိုခွင့်မရှိဘဲ ITE ကိုသာ တက်ရပါတယ်။ Normal (Academic) နဲ့ Normal (Technical) တို့ဟာ 'N' Level ဖြေတာချင်းတူပေမယ့် သင်ရိုးတွေမတူပါဘူး။ Academic မှာ ပညာရေးနဲ့ ဘာသာရပ်ဆိုင်ရာတွေကို ဦးစားပေးသင်ကြားလေ့ရှိပြီး Technical မှာ အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုမယ့် ဘာသာရပ်တွေများပါတယ်။ Secondary ၃ မျိုးမှာ ထူးချွန်ရင် ထူးချွန်သလို အတန်း ကူးပြောင်းတက်ခွင့်ရှိပါတယ်။
Secondary ကျောင်းသားတွေဟာ သူတို့ရဲ့ GCE 'O' ဒါမှမဟုတ် 'N' Level အမှတ်ပေါ်မူတည်ပြီး Poly တက်မယ်၊ JC တက်မယ်၊ ဒါမှမဟုတ် GCE 'A' Level ဆက်တက်မယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။ ဒီနေရာမှာ အမှတ်ပေးပုံစံလေးကိုလည်း တင်ပြချင်ပါတယ်။ စင်ကာပူရဲ့ GCE စာမေးပွဲတွေဟာ အင်္ဂလန်နိုင်ငံက Cambridge University နဲ့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ စင်ကာပူလို နိုင်ငံအခြေအနေနဲ့ အဖြေလွှာတွေကို ပြည်တွင်းမှာပဲ အမှတ်ခြစ်နိုင်ပေမယ့် ဘာသာအများစုကို အင်္ဂလန်ပို့ပြီး မိခင်တက္ကသိုလ်ကြီးမှာ ခြစ်စေပါတယ်။ ဒါကြောင့် စာမေးပွဲအောင်သူတွေဟာ အလွန်ပဲ ဂုဏ်ယူကြပါတယ်။ အမှတ်ပေးစနစ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
A1/A2 (Distinction)
B3/B4 (Merit)
C5/C6 (Credit/Pass)
D7 (Sub-Pass/fail, that is, passing at a lower standard in the exam or fail)
E8/F9 (Fail)
A,B,C တွေရဲ့ နောက်က ၁၊၂၊၃ တွေဟာ သူတို့ရဲ့ အမှတ်တွေဖြစ်ပါတယ်။ GCE စာမေးပွဲတွေပြီးလို့ Post-Secondary ကျောင်းတွေ (ဥပမာ။ Poly) တက်မယ်ဆိုရင် L1R5 ဒါမှမဟုတ် L1R4 စသည်ဖြင့်သတ်မှတ်ပြီး တောင်းပါတယ်။ L ဆိုတာက ဘာသာစကား (အင်္ဂလိပ် သို့မဟုတ် အခြားမိခင်ဘာသာစကား) ဖြစ်ပြီး R ကတော့ သက်ဆိုင်ရာ အခြားအကောင်းဆုံး ဘာသာရပ်များဖြစ်ပါတယ်။ တစ်ခု သိထားရမှာက အမှတ်ပေါင်းနည်းလေ၊ ကောင်းလေဖြစ်ပါတယ်။ ဥပမာ L1R4 ကို ၁၈ တောင်းတယ်ဆိုရင် ဘာသာစကားနဲ့ အခြား ဆက်စပ်ဘာသာတွေထဲက အကောင်းဆုံး ၄ ခုပေါင်းဟာ ၁၈ မှတ်ထက်ကျော်လို့မရပါဘူး။ အများဆုံး ၁၈ ဖြစ်ရမယ်လို့ဆိုလိုပါတယ်။ စာမေးပွဲတွေကို အစိုးရကျောင်းသားအနေနဲ့ တစ်ကြိမ်သာ ဖြေခွင့်ရှိပြီး အမှတ်မကောင်းလို့ နောက်တစ်ကြိမ်ဖြေခွင့်မရပါဘူး။ နောက်တစ်ကြိမ်ဖြေချင်သူတွေ၊ စာမေးပွဲ ၂ ခုခွဲဖြေချင်သူတွေကတော့ အပြင်ပုဂ္ဂလိက ကျောင်းတွေမှာ တက်ပြီး Private Candidate အနေနဲ့ ဖြေခွင့်ရှိပါတယ်။ အဲဒီကအမှတ်ကိုလည်း အစိုးရကျောင်းက အမှတ်လိုပဲ အသုံးချနိုင်ပါတယ်။
မြန်မာတွေနဲ့ မစိမ်းလှတဲ့ Polytechnic တွေ၊ Junior College တွေ စတာတွေကို Post-Secondary လို့ခေါ်ပါတယ်။ တက္ကသိုလ်မတက်ခင် တက်ကြရတာပါ။ မြန်မာ့ပညာရေးနဲ့ အဓိကကွာဟနေတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ခွင့်ရပါတယ်။ Y.T.U (ယခင် Y.I.T ) ကို တက်ချင်ရင်တော့ G.T.C (ယခင် G.T.I) က တဆင့်ဝင်ရတာမျိုးတော့ ရှိတတ်ပါတယ်။ GCE 'O' Level မှာ Poly ဝင်ခွင့်အတွက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီမှာ လိုအပ်တဲ့ အမှတ်တွေရရင် ၃ နှစ်တက်ရတဲ့ Poly Diploma Course ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာတွေ သိကြတဲ့အတိုင်း စင်ကာပူမှာ Poly ၅ ကျောင်းရှိပြီး Republic Poly ကတော့ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ ကျောင်းပဲဖြစ်ပါတယ်။ Poly တွေမှာ ယခင်က Engineering တွေကိုပဲ အဓိကထားသင်ကြားခဲ့ကြပေမယ့် ခုတော့ Business, Art စတဲ့ ဘာသာရပ်တွေကိုလည်း ကမ္ဘာ့အဆင့်မီ သင်ကြားပေးနေပြီဖြစ်ပါတယ်။ Poly သင်ရိုးညွှန်းတမ်းတွေဟာ 'O' Level နဲ့ 'A' Level ကို အခြေခံထားတာဖြစ်ပါတယ်။
'O' Level အောင်ပြီးသူတွေအတွက် အခြားနည်းလမ်းတစ်ခုကတော့ Junior College နဲ့ Centralised Institute မှာ တက်ရောက်သင်ကြားခြင်းပဲ ဖြစ်ပါတယ်။ JC ဝင်ခွင့်ရဖို့အတွက် L1R5 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပြီး CI ဆိုရင် L1R4 အမှတ် ၂၀ နဲ့အောက်ရဖို့လိုပါတယ်။ အဲဒီ ကျောင်းတွေမှာတော့ GCE 'A' နဲ့ ညီမျှတဲ့ ပညာရေးကို ၂ နှစ်ကြာသင်ကြားပါတယ်။ နောက်ဆုံး စာမေးပွဲကြီးကတော့ Cambridge ကစစ်တဲ့ GCE 'A' Level ပဲဖြစ်ပါတယ်။
'A' Level ဒါမှမဟုတ် Poly ပြီးသူတွေဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြပါတယ်။ စင်ကာပူမှာ အဓိက တက္ကသိုလ်ကြီး ၄ ခုရှိပြီး ၂ ခုက အစိုးရပိုင်ဖြစ်ပြီး ၂ ခုက ပုဂ္ဂလိကပိုင်ဖြစ်ပါတယ်။ အစိုးရပိုင် တက္ကသိုလ်ကြီး ၂ ခုဖြစ်တဲ့ National University of Singapore (NUS) နဲ့ Nanyang Technological University (NTU) တို့ဟာ နာမည်ကြီးသလောက် အဆင့်အတန်း၊ သင်ရိုး၊ ကျောင်းအဆောက်အဦး၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးတွေဟာလည်း ကမ္ဘာ့အဆင့်မှာ ရှိပါတယ်။ ကျောင်းတစ်ကျောင်းစီကို တစ်နှစ် ကျောင်းသားအင်အား ၂ သောင်းလောက် လက်ခံသင်ကြားပေးနေပြီး ဒေါက်တာဘွဲ့အထိ သင်ကြားနိုင်ပါတယ်။ Resarch & Development အတွက်လည်း အများကြီး စီမံပေးထားပါတယ်။ NUS ဆိုရင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်းဝင်တယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဂုဏ်ယူစရာကောင်းတာက အဲဒီလို တက္ကသိုလ်ကြီးတွေမှာ မြန်မာအမြောက်အမြားဟာ ဘွဲ့အမျိုးမျိုးကို ဆွတ်ခူးခဲ့ကြပြီးသလို ဆက်လက်သင်ယူနေကြတုန်း ဖြစ်နေတာပါပဲ။ စင်ကာပူ တက္ကသိုလ်ကြီး ၄ ခု အနက်က ပုဂ္ဂလိကပိုင် ၂ ခုကတော့ Singapore Management University (SMU) နဲ့ Singapore Institute of Management (UniSIM) တို့ပဲ ဖြစ်ပါတယ်။ SMU ကို ၂၀၀၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ပုဂ္ဂလိက ပိုင်ဆိုပေမယ့် အစိုးရက ငွေကြေးအလုံးအရင်း ထောက်ပံ့ပေးထားပြီး အဆင့်မီတက္ကသိုလ်ဖြစ်စေပါတယ်။ UniSIM ကတော့ Adult Learner လို့ခေါ်တဲ့ လုပ်ငန်းအတွေ့အကြုံရှိပြီးသူ၊ ကျောင်းသားအရွယ်ကို လွန်လာသူတွေကိုသာလက်ခံပါတယ်။
အထက်မှာ ဖော်ပြထားတာတွေကတော့ အစိုးရရဲ့ အခြေခံပညာကနေ ဘွဲ့ရတဲ့အထိပညာသင်ကြားရေး လမ်းကြောင်းပဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားတက္ကသိုလ်တွေရဲ့ နိုင်ငံခြားကျောင်းခွဲတွေ၊ ပုဂ္ဂလိကကျောင်းနဲ့ အကယ်ဒမီတွေလည်း အများအပြားရှိပါတယ်။ MDIS, BMC, TMC, SAA, Kaplan စတဲ့ကျောင်းတွေဆို မြန်မာတွေနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိကကျောင်းတွေပဲဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာလည်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ ရနိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေအနေနဲ့ Course တစ်ခုကို သင်ကြားပေးချင်တယ်ဆိုရင် MOE လို့ခေါ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြု လက်မှတ်လိုပါတယ်။ Diploma ပဲဖြစ်ဖြစ်၊ ၂ ရက်လောက်ပဲ တက်ရတဲ့ ရက်တိုသင်တန်းလေးဖြစ်ဖြစ် MOE မှာ မှတ်ပုံတင်ရပါတယ်။ အဲဒီအချက်ကလည်း စင်ကာပူပညာရေး အဆင့်အတန်းကို အကျမရှိအောင် ထိန်းထားစေပါတယ်။
နောက်ထပ်ဖော်ပြချင်တာကတော့ မြန်မာတွေအနေနဲ့ စင်ကာပူကျောင်းတွေကို ဘယ်လိုတက်ရောက်နိုင်တယ်ဆိုတာပါပဲ။ အရင်က မြန်မာတွေဟာ Poly တက်ဖို့သာ အဓိက အာရုံစိုက်နေခဲ့ကြပေမယ့် ၁၉၉၀ ပြည့်နှစ်များရဲ့ နှောင်းပိုင်းကစလို့ Secondary ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ အပြင်ပုဂ္ဂလိကကျောင်းတွေမှာလည်း ပညာသင်ကြားလာကြပါတယ်။ ငွေကြေးတတ်နိုင်သူတွေ၊ လူခံကောင်းကောင်းရှိသူတွေက ကလေးငယ်တွေကို Secondary က စပြီး စင်ကာပူပညာရေးနဲ့ ရင်းနှီးစေခဲ့ကြပါတယ်။ တကယ်လို့ ကလေးငယ်တွေကို Primary ဒါမှမဟုတ် Secondary ကျောင်းလာတက်စေချင်တယ်ဆိုရင် ပြည်တွင်းအောင်လက်မှတ်တွေနဲ့တကွ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းကို တင်ပြရပါတယ်။ ကျောင်းကလက်ခံတဲ့အခါမှာ အင်္ဂလိပ်စာနဲ့ သင်္ချာကို ဝင်ခွင့်ဖြေရပါတယ်။ (တချို့ကျောင်းတွေကတော့ သိပ္ပံဘာသာတွဲကိုလည်း ဖြေခိုင်းပါတယ်) အဲဒီအဖြေပေါ်မူတည်ပြီး ဘယ်အဆင့်က စတက်ရမယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ အဲဒီနောက်တော့ Student Pass လျှောက်ထားပေးပါတယ်။ အဲဒီနောက်မှာတော့ စင်ကာပူ ပညာရေးရေစီးကြောင်းတလျှောက် တဆင့်ပြီး တဆင့်တက်သွားရုံပါပဲ။
Poly တက်ချင်သူတွေအတွက်ကတော့ လမ်းရိုးကြီးတွေဟာ အလုပ်ဖြစ်ဆဲလို့ ဆိုရမှာပါ။ မြန်မာပြည်က Poly အသိအမှတ်ပြု Agent တွေကနေ တဆင့် ဝင်ခွင့်ဖြေပြီး တက်ရောက်ခွင့်ရကြတာဟာ အသုံးဝင်နေဆဲပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်ပိုများတယ်ဆိုပေမယ့် အစစအရာရာ စီစဉ်သင်ပြပေးလို့ စင်ကာပူနဲ့ စိမ်းသေးရင် အဲဒီနည်းလမ်းက အလွယ်ဆုံးပါပဲ။ နောက်တမျိုးကတော့ Online ကနေလျှောက်လွှာတင်၊ ကျောင်းကလက်ခံရင် စင်ကာပူမှာ ဝင်ခွင့်လာဖြေလို့ရပါတယ်။ ဝင်ခွင့်ရဖို့အတွက် ဆယ်တန်းမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံတွေမှာ အမှတ်ကောင်းဖို့ လိုပါတယ်။ ဝင်ခွင့်ရတဲ့အခါမှာလည်း အစိုးရ ပညာသင်စရိတ်ထောက်ပံ့တဲ့အတွက် ရာခိုင်နှုန်းအနည်းငယ်ကိုသာ ကျောင်းသားကပေးရပါတယ်။ တကယ်တော့ အဲဒီအနည်းငယ်ဟာ မိဘတွေအတွက် မနည်းလှသေးပါဘူး။ ထောက်ပံ့ကြေးယူသူတွေဟာ Poly ပြီးတဲ့အခါ စင်ကာပူမှာ ၃ နှစ်ပြန်အလုပ်လုပ်ပေးပါမယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးရပါတယ်။ အလုပ်စဝင်တာနဲ့ ကျောင်းကနေ PR လျှောက်ထားခွင့်ပေးပါတယ်။ ဒါကြောင့် Poly လမ်းကြောင်းဟာ ဖြောင့်ဖြူးဆဲပဲလို့ ဆိုလို့ရပါတယ်။
Poly အပြင် အစိုးရကျောင်းတက်ချင်သူတွေ အနေနဲ့ မာစတာနဲ့ ဘွဲ့လွန်ဒီပလိုမာတန်းတွေ ရှိပါသေးတယ်။ ထင်ရှားတဲ့ ကျောင်း ၂ ခုကတော့ ISS လို့ခေါ်တဲ့ NUS လက်အောက်ခံ IT Diploma တန်းနဲ့ NTU က မာစတာဘွဲ့တန်းတွေပဲဖြစ်ပါတယ်။ ISS ကို Internet ကနေ တိုက်ရိုက်လျှောက်ထားနိုင်ပြီး ရေးဖြေဝင်ခွင့်စာမေးပွဲနဲ့ လူတွေ့ သို့မဟုတ် ဖုံးအင်တာဗျူးဖြေရပါတယ်။ သင်တန်းကာလတစ်နှစ်ဖြစ်ပြီး Poly လိုပဲ ကျောင်းပြီးတဲ့အခါ PR လျောက်ဖို့ offer letter ရပါတယ်။ NTU က ပေးတဲ့ မာစတာဘွဲ့ သင်တန်းတွေမှာ IT နဲ့ ဆက်စပ်နေတဲ့ ဘာသာခွဲပေါင်းများစွာအပြင် အင်ဂျင်နီယာ၊ ဒီဇိုင်းနဲ့ သိပ္ပံဘာသာရပ်များစွာကို လျှောက်ထားနိုင်ပါတယ်။ အစိုးရက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေ ပေးတဲ့အတွက် အဆင်ပြေပါတယ်။ အစိုးရကျောင်းတွေဖြစ်တဲ့အတွက် Student Pass အတွက် ပူစရာမလိုပါဘူး။ ပူစရာလိုတာက ပုဂ္ဂလိကကျောင်းတွေမှာဖြစ်ပါတယ်။
ပုဂ္ဂလိကကျောင်းတော်တော်များများဟာ အစိုးရရဲ့ နိုင်ငံတကာကျောင်းသားလက်ခံခွင့်ကို ရထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးရှိတာကို သတိပြုသင့်ပါတယ်။ အဓိကက Security Deposit လို့ခေါ်တဲ့ စင်ကာပူအစိုးရကို ပေးထားရတဲ့ အာမခံကြေးကိစ္စပဲဖြစ်ပါတယ်။ စင်ကာပူမှာ Singapore Quality Class (SQC) လက်မှတ်ကို အစိုးရအသိအမှတ်ပြု အဆင့်အတန်းရှိတဲ့ Industry အမျိုးမျိုးကို ချီးမြှင့်ပါတယ်။ အဲဒီ SQC လက်မှတ်ရပြီးသားကျောင်းတွေမှာ နိုင်ငံတကာကျောင်းသားတွေ Student Pass နဲ့ ကျောင်းလာတက်ရင် Deposit တင်စရာမလိုပါဘူး။ မရှိရင်တော့ မြန်မာကျောင်းသားတွေအနေနဲ့ စင်ကာပူဒေါ်လာ ၅ ထောင်လောက်တင်ရပါလိမ့်မယ်။ Student Pass ပြန်အပ်တာနဲ့ ၁၀၀% ပြန်ပေးပါတယ်။ ကျောင်းတချို့နဲ့ ရန်ကုန်မှာ ရုံးခန်းဖွင့်ထားတဲ့ Agent တချို့က အဲဒီကိစ္စကို နောက်ဆုံး Student Pass ကျမှ ဖွင့်ပြောတတ်ကြတဲ့အတွက် သတိထားပြီး မေးသင့်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက တကယ်လို့ Student Pass အဆင်မပြေရင် ဘယ်လောက်ပေးရမလဲ၊ ဒါမှမဟုတ် ဘယ်လောက်ပြန်အမ်းမလဲဆိုတာလည်း အစကတည်းက ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ Part Time အလုပ်ထွက်လုပ်ခြင်းပဲဖြစ်ပါတယ်။ အစိုးရကျောင်းသားတွေဟာ သတ်မှတ်တဲ့ နာရီအကန့်အသတ်အတွင်း တရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်။ ပုဂ္ဂလိကကျောင်းသားတွေ အနေနဲ့ လုံးဝအလုပ်လုပ်ခွင့်မရှိတဲ့အပြင် ကျောင်းခေါ်ချိန်ပြည့်ဖို့ လိုပါတယ်။ တကယ်လို့ တရားမဝင် အလုပ်ထွက်လုပ်နေတာ တွေ့ရင် ဒဏ်ကြေး ၅ ထောင်လောက်ဆောင်ရတတ်ပြီး မိခင်နိုင်ငံကိုတောင် ပြန်ပို့တတ်ပါတယ်။

Wednesday 28 May 2014

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website
၁ ။ http://www.freebookspot.in/
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com/
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org/
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူး ထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်

ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library

ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …

၁၈ ။ http://www.ebooklobby.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..

ဖတ်စရာမှတ်စရာ ဝက်ဆိုဒ်များ

၁၉။ - မိုးသောက်ကြယ် <http://www.moethaukkye.com/>

၂၀။- လောကအလှအွန်လိုင်းမဂ္ဂဇင်း <http://www.lawka-ahla.com/>

၂၁- ရိုးမ-၃ <http://www.yoma3.org/>

၂၂ - ရွေအမြုတေ <http://www.shweamyutay.com/site/index.php>

၂၃ - လောကအလှ <http://www.lawka-ahla.com/>

၂၄ - နေ့သစ် <http://www.naytthit.com/>

၂၅- အိုးဝေ (စင်္ကာပူ) <http://www.owaysingapore.net/>

၂၆ - ဖွဲ့တည်ရာ မီဒီယာ < http://existencemediagroup.com/>

၂၇ - ခေတ်လူငယ် <http://www.khitlunge.org.mm/>

၂၈ - သံလွင်အိမ်မက် <http://www.thanlwin.com/thanlwinainmat/>

၂၉ - ဈေးကွက် <http://www.zaygwet.com/>

၃၀ - ပေါ်ပြူလာမြန်မာ <http://www.popularmyanmar1.com/>

၃၁ - ပလန်းနက် <http://www.planet.com.mm/>

၃၂ - တူဒေးမြန်မာ <http://www.myanmar2day.com/>

၃၃- မြန်မာ့အလင်း <http://www.myanmar.com/newspaper/myanmarahlin/index.

Saturday 24 May 2014

Historical Record Of Government Technical Institutes In Burma.

Historical Record Of Government Technical Institutes In Burma.

  မြန်မာနိုင်ငံ စက်မှုလက်မှုသိပ္ပံကျောင်းများ၏ ကနဦးအစဖြစ်သော Government Engineering School
ကို ဧပြီလ (၁)ရက် ၁၈၉၅ တွင် ရန်ကုန်မြို့ ၊ လမ်းမတော်ဘူတာ အနောက်ဘက်မြေကွက်လပ်ပေါ်ရှိ သစ်သားအိမ်ကလေးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယနေ့ ခေတ် အနေအထားအရဆိုလျှင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမှတ်(၁၀)မှုလတန်း ကျောင်းဝင်းနေရာ ဖြစ်ပါသည်။ ဂျူးလူမျိုး ပီကေဟယ်လ်ဒါ (P-K Helder) ပိုင်အိမ်ကလေးတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ကြီးက မစ္စတာဘရောင်း (Mr.Brown) ဖြစ်သည်။
၁၈၉၈ ခုနှစ်တွင် ယင်းနေရာမှ အင်းစိန် ဘူတာအရှေ့ ဘက် နှစ်ထပ်အဆောက်အဦးသို့  ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ ကော်နာမစ်ချယ် (Conner Mitchel) ဖြစ်ပြီး ဦးထွန်းကျော်၊ ဦးမြဟူသော လက်ထောက်ဆရာနှစ်ယောက်နှင့် စက်မှုလက်မှုအတတ်ပညာများကို သင်ကြားပေးခဲ့သည်။ ယင်းနှစ်ထပ်ကျောင်း အဆောက်အဦးနေရာမှာ ယနေ့ခေတ် အနေအထားအရ တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ် နေရာပင်ဖြစ်သည်။ ၁၉၀၇-ခုနှစ်တွင် Government Engineering School ၌ ကျောင်းသားဦးရေ ၆၃ ဦးရှိခဲ့ရာ ကပြား ၉ဦး၊အိန္ဒိယတိုင်းသား ၄၀ ဦး၊ မြန်မာကရင်တိုင်းရင်းသား ၁၄ ဦးဖြစ်ပါသည်။
၁၉၀၈-ခုနှစ်တွင် အင်ဂျင်နီယာကျောင်းကို အင်းစိန်ရွာမ လက်ရှိနေရာသို့ ပြောင်းရွှေလိုက်ပြီး ကျောင်းအမည်ကိုလည်း Government School of Engineering and Technical High School ဟု အမည်ပြောင်းလဲ ခေါ်ဆိုလိုက်ပါသည်။ ၁၉၁၂-ခုနှစ်တွင် ကျောင်းအုပ်ဆရာကြီး ကော်နာမစ်ချယ် (Conner Mitchel) နေရာ၌ မစ္စတာ မောရစ် (A.P Morris) ရောက်ရှိလာခဲ့၏ ။ ထိုစဉ် ကျောင်းအမည်ကို Government Technical Institute (G.T.l) ဟု အမည်ပြောင်းလဲ ခေါ်ဆိုလိုက်ပါသည်။ ၁၉၁၂ခုနှစ်တွင် ဂျီတီအိုင်ကျောင်း၌ ကျောင်းသား ၃၅ ဦးသာ တက်ရောက်လျက်ရှိတော့ကြောင်း သိရှိရပါသည်။ ဆရာကြီးမစ္စတာမေရစ်လက်ထက် ၁၉၂၆ခုနှစ်မှစ၍ ပညာရည်ချွန်ကျောင်းသားများအား မောရစ်ဆု (Winners of the Morris Medal)ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
၁၉၂၈-ခုနှစ်တွင် ကျောင်းအုပ်ဆရာကြီး မစ္စတာမောရစ်နေရာ၌ မစ္စတာရှော(Mr.Shaw)ရောက်ရှိလာကာ ဂျီတီအိုင်ကျောင်းအုပ် ဆရာကြီးအဖြစ် တာဝန်ယူခဲ့ပါသည်။ မစ္စတာရှောသည် ၁၉၃၆ခုနှစ်အထိ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မစ္စတာရှော လက်ထက်တွင်လည်း မောရစ်ပညာရည်ချွန်ဆုကို ဆက်လက်ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး အပြောင်းအလဲအဖြစ်ချိန်အထိ ဖြစ်ပါသည်။ ၁၉၃၆ ခုနှစ်တွင် မစ္စတာရှောနေရာ၌ ပထမဆုံး မြန်မာလူမျိုးကျောင်းအုပ် ဆရာကြီးဦးဘလှီက စတင် တာဝန်ထမ်းဆောင်ပါသည်။
ဂျပန်ခေတ်ကာလအတွင်း ၁၉၄၄ စက်တင်ဘာ (၁၈)ရက်နေ့တွင် ဂျပန်အစိုးရက ဂျီတီအိုင်ကို State Technical Institute ဟု အမည်ပေးလျက် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်းသို့  ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ သို့ သော် ယင်းကျောင်းမှာ ၂၃ ဧပြီ ၁၉၄၅ တွင် ရပ်စဲသွား၏ ။ ဖက်ဆစ် ဂျပန်တို့  မြန်မာနိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီးနောက် ၁၉၄၅ခုနှစ် သြဂုတ် ၁၅ ရက်နေ့တွင် စက်မှုလက်မှုကျောင်းကို ဗြိတိသျှအစိုးရက ရန်ကုန်မြို့ ၊ ချာချီလမ်း (ကိုယ့်မင်းကိုယ့်ချင်းလမ်း) အမှတ် (၆)နေအိမ်၌ ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ကျောင်းအမည်ကို “ဗမာနိုင်ငံတော် အစိုးရလက်မှု စက်မှုပညာသင်ကျောင်း” ဟု ခေါ်ဆိုဆိုခဲ့ပြီး ၂၄ သြဂုတ် ၁၉၄၅ တွင် သင်တန်းများကို ၀င်ခွင့်စာမေးပွဲဖြင့် ခေါ်ယူခဲ့သည်။
ကျောင်းဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ရန် သတ်မှတ်ထားသော ပညာအရည်အချင်းမှာ အင်္ဂလိပ်ဘာသာ၊ သို့ မဟုတ် အင်္ဂလိပ်နှင့်တိုင်းရင်းသားဘာသာ ဒသမတန်းတွင် တက်ရောက် ပညာသင်ယူခဲ့ဘူးသူ ဖြစ်ရမည်ဟူ၍ သတ်မှတ်ခဲ့၏ ။ ၁၉၄၅ခု စက်တင်ဘာ ၁ ရက်နေ့တွင် ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့ရာ လမ်းပန်း အဆောက်အဦးနှင့် စက်မှုအင်ဂျင်နီယာ သင်တန်း နှစ်မျိုးကိုသာ ထားရှိခဲ့သည်။ ကျောင်းအုပ်ဆရာကြီးမှာ ဦးဘလှီဖြစ်ပြီး လက်ထောက်ဆရာများအဖြစ် ဦးလူအေး၊ ဦးထင်စီ စသူတို့ ရှိကြ၏ ။ ကျောင်းသားဦးရေမှာ
မူ ၃၀ ခန့် သာရှိပါသည်။ အခြေအနေ တည်ငြိမ်အေးချမ်းသွားသောအခါ ဂျီတီအိုင်ကျောင်းကို အင်းစိန်ရွာမ မှုလနေရာသို့ ပြန်လည်ပြောင်းရွှေ့ ခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၉ခု ဇန်န၀ါရီ ၃၁ရက်နေ့တွင် ကရင်သောင်းကျန်းသူများ အင်းစိန်မြိုကို ၀င်ရောက်သိမ်းပိုက်လိုက်သဖြင့် ဂျီတီအိုင်ကျောင်းကို ဦးဝိစာရလမ်းရှိ ဂူဂျရတ္တီ (Gujaratty) ကျောင်းဆောင်သို့  ပြောင်းရွှေ့ လိုက်ရပြန်ပါသည်။ ယင်းကျောင်းမှာ အိန္ဒိယ တိုင်းသား ဂူဂျရတ္တီလူမျိုးများအတွက် ဖွင့်လှစ်ပေးခဲ့သည့် စာသင်ကျောင်းဖြစ်၏ ။ ယင်းနေရာ၌ တစ်နှစ်ကျော်မျှ ဖွင့်လစ်ပေးခဲ့ပြီးနောက် ၁၉၅၀-ပြည့်နှစ်တွင် အင်းစိန်ရွာမ မှုလနေရာသို့  ပြန်လည် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။
စက်မှုလက်မှု သိပ္ပံကျောင်းများကို ဆက်လက်တိုးချဲ့ ဖွင့်လှစ်ရာတွင် မန္တလေး (၁၉၅၅)၊ ကလော (၁၉၆၈)၊ ပြည် (၁၉၇၂)၊ ချောက် (၁၉၇၂) မော်လမြိုင် (၁၉၈၂)၊ ဟင်္သာတ(၁၉၈၂)၊ တောင်ငူ (၁၉၈၅)၊ မုံရွာ (၁၉၈၆)၊ မိတ္ထီလာ(၁၉၈၆)၊ မအူပင်(၁၉၉၁)၊ သံလျင် (၁၉၉၅) တို.၌ ကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ယင်းစက်မှုလက်မှုသိပ္ပံ ကျောင်းများမှ A.G.T.I (Associateship of Government Technical Institute) ဒီပလိုမာဘွဲ့ လက်မှတ်များကို ပေးခဲ့၏ ။ ယင်းနောက်ပိုင်းတွင် ဂျီတီအိုင် ကျောင်းအချိုကို နည်းပညာကောလိပ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည့်နည်းတူ သီးခြားကျောင်းသစ်များကိုလည်း ဖွင့်လှစ်ခဲ့ရာ အေဂျီတီအိုင်ဒီပလိုမာရရှိသူ အင်ဂျင်နီယာ ကျောင်းသူ၊ ကျောင်းသားများ ဆက်လက်ပေါ်ထွန်းလာခဲ့ပါသည်။
စာရေးဆရာ တင်နိုင်တိုး A.G.T.I (Civil)1983,Insein၊``အောင်မြင်ကျော်ကြား ၊အေဂျီတီအိုင်များ´´စာအုပ်မှ ကူးယူဖော်ပြပါသည်။

Sunday 18 May 2014

ဓမ္မစကူးလ်ဆီသို့

ဓမ္မစကူးလ်ဆီသို့

မဃလုလင်

ဖားနတ်သား

အင်တာနက်မှာ ကြော်ငြာကလစ်ယုံဖြင့် ဝင်ငွေရရှိစေမည့် သတင်းကောင်း


အင်တာနက်မှာ ကြော်ငြာကလစ်ယုံနဲ့ ဝင်ငွေရတယ်ဆိုတာ ကြားခါစမှာ မယုံနိုင်စရာပါပဲ အချို့ကလည်းပြောပါတယ် လာလိမ်နေတာတို့ နောက်ပိုင်း ဘဏ်ထဲမထည့်ပေးဘူးတို့ ပြောကြပါတယ်
တချို့သူငယ်ချင်းတွေမေးကြည့်တော့လည်း USA ကုပ္ပဏီတွေ ရှိတယ် Pay Pal အကောင့်နဲ့ လုပ်ရမယ် ငွေထုတ်ဖို့မလွယ်ဘူး လို့ပြောကြပါတယ်

ကျွန်တော်တို့လည်း ကြားခါစဘယ်ယုံမလဲ ဒါပေမယ့် မယုံရင်မယုံတဲ့ အတိုင်းထားလိုက်မယ်ဆိုရင် တစ်ကယ်ဖြစ်လာတော့မှ လုပ်ရင် ကိုယ်ကအရင်သိပြီး သူများနောက်မှလုပ်ရမှာလည်းမလိုလားဘူး ဒါကြောင့် ကျွန်တော်တို့ အမြန်လေ့လာစုံစမ်းခဲ့ပါတယ်
ဘာတွေသိခဲ့ရလဲဆိုတော့
ကြော်ငြာကလစ်တာနဲ့ ရရှိတဲ့ ငွေကြေးတွေဟာ လုပ်ငန်းရှင်တွေမှပေးခြေခြင်းသာဖြစ်ပါတယ် လုပ်ငန်းရှင်းများသည် သူတို့၏ကုန်ပစ္စည်းများ သတင်းအချက်အလက်များ Promotion များကို လူသိစေဖိုအတွက် TV မှကြော်ငြာမည်ဆိုကြပါဆို့ သူတို့ကြော်ငြာကို ဘယ်နယောက်ကြည့်မယ်မသိပဲ စက္ကန့်ပိုင်းလေးကို ငွေကြေးအများကြီးပေးကြရသည်
ယခုခတ်တွင် TV ကြည့်သူထပ် Internet ကြည့်ရှု့သူ အရည်အတွက် ဘယ်အရာက ပိုများမည်ဆိုတာ ပြောစရာမလိုအောင်ကွာခြားနေသည့် အခြေအနေကိုရောက်ရှိလာပါပြီ
လုပ်ငန်းရှင်တို့ဖက်မှကြည့်မည်ဆိုလျှင်လည်း သူတို့ ကြော်ငြာသတင်း အချက်အချက်အလက်ကို လူတွေကြည့်မှ ကလစ်မှ ပိုက်ဆံပေးရမှာ ဆိုတော့ သူတို့အတွက်လည်း ပိုလို့တောင်အဆင်ပြေနေပါတယ် ဒါကြောင့် ဒီကြော်ငြာကလစ်တဲ့ စီပွားရေးဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့စီပွားရေးတစ်ခုဖြစ်နေခဲ့ပါတယ်
ဟုတ်ပြီကမ္ဘာပေါ်မှာ လူကြိုက်များပြီးအောင်မြင်နေရဲ့သားနဲ့ အခုမှမြန်မာနိုင်ငံကိုဘာလို့ရောက်လာတာလဲ မေးစရာဖြစ်လာပါမယ် မြန်မာ့ Banking စနစ်သည် ကမ္ဘာ့Banking စနစ်ကိုမမှီသေးတဲ့ အတွက် ငွေပေးချေမှု့အပိုင်းမှာ ပြသနာရှိပါတယ်
ကနဦးကုမ္ပဏီအချို့သည် online မှာသာရှိပြီး မြန်မာနိုင်ငံတွင် ရုံးချုပ်မရှိသေးတဲ့အတွက် ကိစ္စတစုံတရာဖြစ်လာပါက ဖြေရှင်းမှု့စနစ် သင်ကြားမှု့စနစ်များ အာမခံမှု့များ မလုပ်ပေးနိုင်ပါဘူး
ငွေပေးချေမှု့အပိုင်းမှာလဲ (Pay Pal) Online ငွေပေးခြေမှု့စနစ်ဖြင့်သာငွေပေးချေကြပါတယ်။ မြန်မာနိုင်ငံမှာ Pay Pal အကောင့်မှ ငွေထုတ်ဖို့အတွက်မလွယ်ပါဘူး အဓိကကတော့ internet line ပါ
ဒါကြောင့်ထိုကောင်းမွန်သောစီပွားရေးအခွင့်အလမ်းသည် မြန်မာနိုင်ငံတွင်မှေးမှိန်နေခြင်းသာဖြစ်ပါသည်
ယက္ခု Asia Dream Myanmar ကုမ္ပဏီမှ onocoro affiliate cafe' အမည်ဖြင့် Register ကျပြီဖြစ်တဲ့အတွက် ရန်ကင်း စင်တာအနီး ရန်ကင်းပန်ခြံလမ်းတွင် လာမည့် 20.5.2014 တွင် ထို ၃ ထပ်အဆောက်အဦးကို ဖွင့်လှစ်ပေးနိုင်ရန် ကြိုးပန်းလျှက်ရှိပါသည်။ ငွေပေးချေမှု့စနစ်မှာလည်း Online Banking စနစ်မဟုတ်ပဲ လတစ်လ၏ ၁၅ရက်နေ့တိုင်း မိမိဘဏ်စာအုပ်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းစနစ်နဲ့ ပေးချေသွားမှာဖြစ်ပါတယ်
Internet စနစ်ကောင်းမွန်သောအခြေအနေဖြစ်လာမည့် လာမည့် 1.7.2013 တွင်စတင်ကလစ်လို့ရမှာဖြစ်ပါတယ်
Online မှကြော်ငြာတွေကို ကလစ်ပြီး ဝင်ငွေရမယ် နည်းလမ်းလေးကို စိတ်ဝင်စားတဲ့သူငယ်ချင်းတွေအတွက် အသေးစိတ်ရှင်းပြပေးပါမယ် .....
ကြော်ငြာတွေကို စတင်ကလစ်ဖို့အတွက် အရင်ဆုံး Leader ( ကိုယ်စားလှယ် ) တွေဆီမှာ ဖောင်ဖြည့်ရပါမယ် ငွေကြေးပေးစရာမလိုပါဘူး
- အမည်
- မှတ်ပုံတင်နာပါတ်
- နေရပ်လိပ်စာ
- လက်ရှိအသုံးပြုနေသောဖုန်းနာပါတ်
- Email Add (ကုမ္ပဏီမှ အလွယ်တကူဆက်သွယ် နိုင်ဖို့ပါ မရှိလည်းရပါတယ်)
- မွေးသက္ကရာဇ်
- ဇူလိုင် တစ်ရက်နေ့တွင် ရှိမည့်အသက်
- (KBZ , CB မှ )Bank စရင်းနာပါတ်
- ငွေစရင်းအမည်
- ဘဏ်ခွဲအမည်
- မိတ်ဆက်ပေးသူ ကိုယ်စားလှယ်အမည်
( ဘဏ်စာအုပ်မလုပ်ရသေးသူများ နောင်မှပေးပို့လို့ရပါတယ် )
Online မှသူငယ်ချင်းများလည်း ဖောင်မရသေးပါက လည်းထိုအချက်အလက်များကို ရေးပြီး မိမိအားမိတ်ဆက်ပေးသူထံပေးပို့လို့ရပါတယ်
Leader ( ကိုယ်စားလှယ် ) များမှ ၂၀ ရက်နေ့ ကုမ္ပဏီဖွင့် ပြီးသည်နှင့် ၂၀ ရက်နောက်ပိုင်းတွင် မိမိထံ အကောင့်နံပါတ်များ ပြန်လည်ပို့ပါမည်
Free အကောင့်ပိုင်ရှင်များသည် 1.7.2014 တွင် စတင်ကလစ်လို့ရပါပြီ
Free Member ကလစ်နှုန်းမှာ
1Click ကိုပြန်းမျှ 5 ကျပ်ဖြစ်ပြီး
1နာရီကို 150 ကြိမ်ခန့် ကလစ်လို့ရပါတယ်
တွက်ကြည့်မယ်ဆိုရင်တော့
1နာရီ အင်တာနက် အသုံးပြုခ = 120 Kyat
5Ks x 150 Time (1Hr)= 750 Ks
တနေ့ကို ၁နာရီကလစ်မယ် ဆိုရင် တစ်လကို အင်တာနက်အသုံးပြုခ နှုတ်အပြီး 18,900 Kyat ရပါပြီ
မိမိသည်လုပ်ငန်းချဲ့ထွင်လိုပြီး ဝင်ငွေတိုးချင်တယ်ဆိုရင်တော့
( ကိုယ်စားလှယ် )တစ်ယောက် အဖြစ်ပြောင်းလဲလိုက်ဖို့ အကြံပြုပါရစေ
1.7.2014 မတိုင်ခင် ( Promotion ကာလ ) ဝင်ရောက်ထားသော
Free အကောင်ပိုင်ရှင်များသည် ကုမ္ပဏီဖွင့်ပြီးသည်နှင့်နောက်ပိုင်း onocoro office သို့ ကျပ်ငွေ ၁သိန်း ပေးသွင်းလိုက်ရုံဖြင့် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါပြီ
1.7.2014 မှစတင်ဝင်ရောက်သူများမှာတော့ ၂သိန်းကျပ်အဖြစ်တိုးမြင့်ကောက်ခံသွားမည်ဟုသတင်းရရှိပါတယ်
ကိုယ်စားလှယ်တစ်ယောက် ဖြစ်သည်နှင့် အောက်ပါ ခံစားခွင့်များကို စတင်ရရှိပါပြီ .....
- ကိုယ်စားလှယ်တစ်ယောက် သည်နောက်ထပ်သူငယ်ချင်း များအား Free Account , Official Account ဖွင်နိုင်ဖို့အတွက် sponsor ပေးခွင့်ရှိပါပြီ
- လုံခြုံရေးစနစ်ပါ International email add တစ်ခု
ထို email သည်ကုမ္ပဏီ၏ လုံခြုံရေးစနစ်အတိုင်း ထပ်တူလုံခြုံမှု့ရှိပါသည်
- Affiliate Account ID တစ်ခု
Affiliate Account ID သည် မိမိ Sponsor ပေးထားသော သူငယ်ချင်များမှ မိတ်ဆက်လူဦးရေ Point အခြေအနေ စသည်တို့ အားကြည့်ရှု့နိုင်ပါသည်
- ကိုယ်ပိုင် Blog တစ်ခု
Blog တစ်ခုတည်ထောင်ဖို့အတွက် စနေတနင်္ဂနွေရက်များတွင် ကိုယ်စားလှယ်များအတွက် အခမဲ့သင်တန်းများ ပေးသွားပါမည် ထိုကိုယ်ပိုင် Blog တွင်မိမိကြိုက်နှစ်သက်ရာ များတင်နိုင်ပါပြီ မိမိ Blog Page ၏ ညာဖက်ထောင့်တွင် ကုမ္ပဏီက ကြော်ငြာများထည့်သွင်းပေးသွားမည်ဖြစ်ပြီး လာရောက်လည်ပါတ်သော သူငယ်ချင်းများသည် ထိုကြော်ငြာများကို Click သွားရုံဖြင့်လည်း မိမိထံ ကြော်ငြာကလစ်ခ ရောက်ရှိလာမှာဖြစ်ပါတယ်
- Affiliate လုပ်ငန်းနှင့်ပါတ်သက်ပြီး လိုအပ်တဲ့ စာအုပ်စာတန်း အချက်အလက်မူရင်းများ လည်းရရှိမှာပါ
- ကိုယ်စားလှယ်များအတွက် ဂျပန်စကားပြောသင်တန်း နှင့် Web Page / Blog တည်ထောင်ခြင်းသင်တန်းများကိုလဲ စနေတနင်္ဂနွေ နေ့တိုင်း အခမဲ့သင်ကြားပေးသွားမှာပါ
- ကိုယ်စားလှယ်တစ်ယောက်၏ ကြော်ငြာ ကလစ်မှရရှိမည့်ဝင်ငွေ
1 Click ကို ပျမ်းမျှ 30 ကျပ် ဖြစ်သွားပါပြီ
တစ်နာရီကို ၁၅၀ခန့် ကလစ်ခွင့်ရမယ်ဆိုရင် တွက်ချက်ချက်မှု့နှုန်းအရ
အင်တာနက် အသုံးပြုခ = 120 ကျပ်
WiFi နဲ့ဆို Free ပါ
30ကျပ် x 150 Click = 4500 ကျပ်
တနေ့ကို တစ်နာရီကလစ်မယ်ဆိုရင်တောင်
အင်တာနက်အသုံးပြုခ နှုတ်အပြီး
တလကို 13,1400 ကျပ်ရရှိစေမှာပါ
- Free Member ဝင်များ နှင့် မိမိသူငယ်ချင်းများ ကြော်ငြာကလစ်ရင်း ကြိုက်နှစ်သက်သော ကုန်ပစ္စည်းများ မှာယူချင်ပါက ကိုယ်စားလှယ်များထံတွင် မှာယူနိုင်ပြီး မှာယူသောကုန်ပစ္စည်း၏ တန်ဖိုး၏ 10% ကို ကိုယ်စားလှယ်များ၏ ငွေစာရင်းအတွင်း ကုမ္ပဏီမှထည့်သွင်းပေးသွားမှာပါ
- ကိုယ်စားလှယ် များသည် ကုမ္ပဏီ၏ Website တွင်ကြော်ငြာလိုသော ကြော်ငြာရှင်နှင် မိတ်ဆက်ပေးပါက ကြော်ငြာ ကျသင့်ငွေ၏ 10% သည် ကိုယ်စားလှယ်၏ ငွေစရင်းအတွင်းသို့ကုပ္ပဏီမှပေးပို့သွားမှာပါ
ဥပမာ။ ။ ADM ကုမ္ပဏီတွင် ကြော်ငြာကလစ် ၅၀၀၀၀ အတွက် ကျသင့်ငွေ သိန်း ၅၀ ဖြစ်လျှင် မိတ်ဆက်ပေးသူ ကိုယ်စားလှယ်အတွက် 10% ၅ သိန်း ရရှိမှာဖြစ်ပါတယ်
- မိမိသည် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး မိမိ Sponsor ပေးထားသော သူငယ်ချင်း ( G1= Generation 1 ) သည်လည်း free member မှကိုယ်စားလှယ်တစ်ယောက် အဖြစ်ပြောင်လည်းမည်ဆိုပါက သူပေးသွင်းသော ငွေပမာဏ၏ 10% သည် မိမိ Account ထဲသို့ကုမ္ပဏီမှပြန်လည်ထည့်သွင်းပေးပါသည် ။
- မိမိ Sponsor ပေးထားသောသူငယ်ချင်းများမှ ထပ်ဆင့် Sponsor ပေးသူ ( G2 = Generation 2 ) များထံမှ လည်းပေးသွင်းငွေ၏ 5% အကျိုးခံစာခွင့် ရှိပါသည်
- မိမိ G1, G2, G3, . . . . များ ၁ချက် ကလစ်တိုင်း မိမိထံ 3% ရောက်ရှိနေမှာပါ
ထိုဝင်ငွေမှပင် လစဉ်ဝင်ငွေ သိန်းရာဂဏန်းထိ ဖြစ်ခွင့်ရှိပါတယ်
နိုင်ငံခြားခရီးစဉ်ခံစားခွင့်များနှင့်
အခြား အခြားသော ခံစားခွင့်များ အား အသေးစိတ်သိရှိလိုခြင်းနှင့် Free Account & Official Account ရရှိလိုပါက
Message Box သို့ ဆက်သွယ်နိုင်ပါကြောင်းသတင်းကောင်းပါးလိုက်ပါရစေ....
 ဒီကပါ
ဒီမှာလည်းငွေ ရနိုင်တဲ့နောက်တခုshweVerts ပါ

Friday 16 May 2014

renewable solar and wind power


By 2030, renewable solar and wind power will become more economical than gas and coal, according to Australian researchers at UNSW. A new study has shown that all fossil-fuelled power stations in Australia’s National Electricity Market could be phased out and replaced cheaply and reliably with commercially available renewable energy technologies.
Bridge Generating Green Energy using Innovative Very Efficient Wind Turbine.

Check out wind-loving designer Michael Jantzen’s newest invention, a wind tunnel footbridge. Jantzen thinks it’ll be cool to have a bridge that doubles as a modern windmill in museums and public parks around the world. The five giant wheels have blades on them that spin according to surrounding winds, and the power generated by then can presumably be used to produce energy. I could see one in the Parc de la Villette in Paris, or maybe in Odaiba, Tokyo, but I think it might look a little gaudy elsewhere.