Tuesday 7 January 2014

မြန်မာအက္ခရာများနှင့် ဂဏန်းများ

တီထွင်မှူ
မြန်မာအက္ခရာများနှင့် ဂဏန်းများပါသည့် မြန်မာ့ပထမဆုံးနာရီမှာ မြန်မာ့ပထမဆုံးခရစ်ယာန် ဂိုဏ်းခုပ်ဆရာတော်ဖြစ် ခဲ့သူ ဆရာတော် ပီယို-ဂါလီဇီယာမှ မွန်ဘုရင်သမိန်ထောထံ (၁၇၄၃) ခုနှစ်က ဆက်သခဲ့သော တိုင်ကပ်နာရီကြီးဖြစ်ပါ တယ်။ယင်းနာရီကြီးအား ရောမမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ရေမြုပ်ဗုံးကို ပထမဆုံးတီထွင်ခဲ့သူမှာ ကနောက်မင်းသားကြီးဖြစ်ပြီး အောင်ပင်လယ်ကန်တွင် သက္ကရာဇ် (၁၂၄၀) ပြည့်နှစ်က အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။
မြန်မာအက္ခရာဖြင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီး ဦးဖိုးလှိုင်က တီထွင်ခဲ့တာပါ။
မြန်မာဘာသာဖြင့်ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့သောစာအုပ်မှာ (Alphabetum Barmanum) မြန်မာသင်ပုန်းကြီး ဖြစ်ပြီး၊ (၁၇၇၆) ခှုစ်တွင် အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဘရင်ဂျီသာသနာပြု ပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပုပ်ရဟန်းမင်း ကြီး (Pole Pius 6) ကိုအမူးပြုထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ စာမျက်နှာ(၁၁၅) မျက်နှာ ပါဝင်ပါတယ်။
မြန်မာ့ပထမဆုံးခဲစာလုံးများကို ဘိုးတော်ဘုရားမင်း လက်ထက် (၁၇၄၀) ပြည့်နှစ်တွင် သံလျင်မြို့သို့ ရောက်ရှိလာသော ဘုရင်ဂျီဘုန်းတော်ကြီး မက်ကော-ကာပါးနီး က အီတလီနိုင်ငံ၊ ရောမမြို့သို့ ပြန်အရောက်တွင် တီထွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်
မြန်မာ့ပထမဆုံးဒင်္ဂါးပြားများကို မင်းတုန်းမင်းလက်ထက်၊ (၁၈၆၅) ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့တွင် သွန်းလုပ်ထုတ်ဝေခဲ့ ပါတယ်။
မြန်မာလူမျိုးထဲမှ လော့ဂရစ်သမ် (Logarithm) ခေါ် ဂဏန်းတွက်ပုံကို ပထမဆုံးတက်မြောက်အသုံးပြုခဲ့သူမှာ ဘိုးတော်ဘုရား ၏ သားတော် မက္ခရာမင်းသားဖြစ်ပါတယ်။
မြန်မာ့ပထမဆုံးအင်္ဂလိပ်-မြန်မာအဘိဓာန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း) ၏သားတော် မက္ခရာမင်းသားက ပြုစုပြီး (၁၈၄၁) ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား (Calcutta) မြို့၌ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
မြန်မာလူမျိုးထဲမှ အင်္ဂလိပ်စွယ်စုံကျမ်းကို မြန်မာဘာသာသို့ ပထမဆုံးဘာသာန်ြဆိုခဲ့သူမှာ ဘိုးတော်ဘုရား၏သားတော် မက္ခရာမင်းသားဖြစ်ပြီး (ရီးစ်-စွယ်စုံကျမ်း) (Ree's Encyclopedia) ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ံသို့ ပထမဆုံးရောက်ရှိလာသောကင်မရာမှာ ဘိုးတော်ဘုရားလက်ထက် (၁၇၉၇)ခုနှစ်၊ မတ်လ (၂၁) ရက်နေ့က အရှေ့အန္ဒိယမှ (Captain Hiram Cox) ယူဆောင်လာသော (Camear obscura) ခေါ် သေတ္တာကင်မရာဖြစ်ပါတယ်။
မြန်မာ့ပထမဆုံး မြန်မာ-အဂ်လိပ်အဘိဓာန်ကို (ဒေါက်တာအဒိုနီရမ်-ဂျပ်ဆင်) (Dr Adoniram Judson) ခေါ် ဆရာယုဒ သန် (Saya Judson) က (၁၈၄၈) ခုနှစ်တွင်ပြုစုခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ပထမဆုံးမီးသတ်စက်မှာ အိန္ဒိယနိုင်ငံရှိ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံမှ အိမ်ရှေ့မင်းသားတစ်ပါးအား လက်ဆောင်ဆက်သခဲ့သော မီးသတ်စက်ဖြစ်ပြီး (၁၈၁၀) ပြည့်နှစ်တွင်စတင်အသုံးပြုခဲ့ပါတယ်။

No comments:

Post a Comment

Note: only a member of this blog may post a comment.