Sunday 3 November 2013

Voyager 1 နေစကြာဝဠာအပြင်သို့ထွက်ခွာပြီ



 
Voyager 1 နေစကြဝဠာ အပြင်သို့ ထွက်ခွာပြီ

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ကနေ လွန်ခဲ့တဲ့ ၃၆ နှစ်က လွှတ်တင်ခဲ့တဲ့ Voyager 1 အာကာသယာဉ်ဟာ ကျွန်ုပ်တို့ရဲ့ နေစကြဝဠာ အပြင်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီအာကာသယာဉ်ဟာ နေရဲ့ ဆွဲငင်အား သံလိုက် စက်ကွင်းကနေ ကျော်လွန်ပြီး ကြယ်တွေ ကြားက Interstellar Space ထဲကို ဝင်ရောက်သွားပြီ ဆိုတာကို တိုင်းတာ သိရှိရပြီလို့ နာဆာ က ပညာရှင်တွေက ပြောပါတယ်။
ဒါဟာ နေစကြဝဠာကနေ ထွက်ခွာသွားနိုင်ခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ ရင်သွေး အာကာသ ယာဉ်လည်း ဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ဒီယာဉ်ဟာ အခုတော့ ကမ္ဘာ့ကနေ မိုင်ပေါင်း ၁၂ ဘီလျံ အကွာကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အလှမ်းကွာ ဝေးလွန်း တာကြောင့် အဲဒီယာဉ်ကနေ ထုတ်လွှင့်တဲ့ ရေဒီယို လှိုင်းတွေကို ကမ္ဘာကနေ ဖမ်းယူဖို့ ၁၇ နာရီ အချိန်ကြာတယ်လို့ သိရပါတယ်။

ရွှေဓာတ်ပြား
 

ရွှေဓာတ်ပြားထဲမှာ မြန်မာလို နှုတ်ဆက်သံလည်း ပါတယ်လို့ ဆိုပါတယ်။
အကယ်၍ တခြား သက်ရှိ ဂြိုလ်သားတွေ အနေနဲ့ ဒီဗိုရေဂျာယာဉ်ကို တွေ့ရှိခဲ့လို့ လေ့လာခဲ့ရင် ကိုယ့် ဘက်က ပြောပြနိုင်ဖို့ ဂိုးဒင်းရကော့ ဆိုတဲ့ ရွှေဓာတ်ပြား တစ်ချပ်ကို နာဆာက ထည့်ပေး ထားတယ်လို့ ဆိုပါတယ်။
အဲဒီ ရွှေဓာတ်ပြားထဲမှာ ကမ္ဘာမြေပေါ်က ဓာတ်ပုံတွေ၊ သဘာဝအသံတွေ၊ သီချင်းတွေနဲ့ သင်္ချာပုစ္ဆာ တွက် ချက်မှုတွေကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ထူးခြားတာကတော့ ကမ္ဘာပေါ်က နှုတ်ခွန်းဆက်စကားတွေကို ဘာသာစကား ၅၅ မျိုးနဲ့ ထည့်ပေးလိုက်တာ ဖြစ်ပြီး အဲဒီထဲက တစ်မျိုးကတော့ 'မာရဲ့လားဗျာ' ဆိုတဲ့ မြန်မာစကားနဲ့ နှုတ်ဆက်သံကိုပါ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် 'အညာစေရော' ဆိုတဲ့ ကိုရီးယားစကားနဲ့ နှုတ်ဆက်သံပါ ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာ စတုန်း


 
ဗိုရေဂျာယာဉ် တာဝန်ခံ ဒေါက်တာ အက်ဒ်ဝက် စတုန်း
နာဆာရဲ့ အခု စီမံကိန်းမှာ ဗိုရေဂျာယာဉ် အတွက် တာဝန်ယူထား သူက သိပ္ပံပညာရှင် ဒေါက်တာ အက်ဝက် စတုန်း ဖြစ်ပြီး သူဟာ ဘီဘီစီ 'ကူးတက် နည်းပညာ ကမ္ဘာထဲမှာ' လာရောက် ရှင်းလင်း ပြောကြား ပေးခဲ့ဖူးပါတယ်။
သူက ရှင်းလင်း ပြောပြခဲ့ရာမှာ ဗိုရေဂျာယာဉ်ဟာ ၂၀၂၀ ခုနှစ်လောက် အထိ ကမ္ဘာပေါ်ကို လှမ်းပြီး အချက် အလက်တွေ ပို့ပေး နိုင်ဦးမယ်လို့ မျှော်လင့် ကြောင်း၊ ၂၀၂၅ ခုနှစ် မှာတော့ လောင်စာ ကုန်ပြီဖြစ်လို့ ဘာမှာ သိရတော့မှာ မဟုတ်ကြောင်း အဲဒီ တုန်းက ရှင်းပြ သွားခဲ့ပါတယ်။
ဒီဗိုရေဂျာ ယာဉ်အတွက် လောင်စာ ကတော့ ရေဒီယို အိုင်ဆိုတုတ် လို့ခေါ်တဲ့ အက်တမ်ကို ဖြိုဖျက်ပြီး အပူထုတ်ပေးတဲ့ RTG စနစ်လို့ ဆိုပါတယ်။ ပလူတိုနီယံ ၂၃၈ ကို သုံးထားပြီး အဲဒီ ကနေ အပူ ထုတ်ပေး ပါတယ်။ အပူ ကနေမှ သာမို လျှပ်စစ်ထုတ်တဲ့ စက်ကနေ လျှပ်စစ်ဓာတ် ပြန်ထုတ်ပေးတာ ဖြစ်တယ် လို့ သိရပါတယ်။
ဗိုရေဂျာယာဉ် အနေနဲ့ တစ်စက္ကန့်ကို ၁၇ ကီလိုမီတာ နှုန်းနဲ့ ကမ္ဘာကြီး ကနေ အဝေးကို အဆက် မပြတ် ခရီးဆက် နေတာ ဖြစ်ပါတယ်။(BBC ) 


Voyager 1( VIDEO)





No comments:

Post a Comment

Note: only a member of this blog may post a comment.