Friday 11 October 2013

ယခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု

နိုဗဲလ် ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်ကတည်းက နှစ်စဉ် စတင်ပေးအပ်ခဲ့တာဖြစ်ပြီး  နိုဗဲလ်ငြိမ်းချမ်းရေး ဆုကို လူပုဂ္ဂိုလ်အရမဟုတ်ဘဲ အဖွဲ့အစည်းတခုအနေနဲ့ရသွားတာလည်းဖြစ်သလို ၉၄ ကြိမ် မြောက် နိုဗဲလ် ငြိမ်းချမ်းရေးဆုလည်းဖြစ်ပါတယ်။ 


 ယခုနှစ်အတွက် ကမ္ဘာနိုဗဲလ်ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက်များ တားဆီးကာကွယ်ရေးအဖွဲ့ ( OPCW) က ဓာတုလက် နက်များ ဖယ်ရှားရေး ကျယ်ကျယ်ပြန့်ပြန် ကြိုးစားခဲ့မှုအတွက် ဆွတ်ခူးရရှိသွားပါတယ်။ 




နိုဗဲလ် ငြိမ်းချမ်းရေးပေးရေး ဘုတ်အဖွဲ့က အခု မိနစ်ပိုင်းလေးမှာ ကြေညာသွားတာကတော့ “The Nobel Peace Prize 2013 was awarded to Organization for the Prohibition of Chemical Weapons "for its extensive efforts to eliminate chemical weapons"." ဆိုပြီး ထုတ်ပြန်ကြေညာသွားတာပါ 

 ဒီဆုကို အခုလို  OPCW အဖွဲ့ကို ပေးအပ်လိုက်တာဟာ မကြာသေးမီက ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုဆိုင်ရာ ကိစ္စအပေါ် တကမ္ဘာလုံးက အထူးအလေးပေးခဲ့ပြီး ဆီးရီးယားအရေး အာရုံထားမှု ပိုလာ တာကြောင့်ဖြစ်တယ်လို့ နိုင်ငံတကာ ရုပ်/သံတွေက ဝေဖန်သုံးသပ်နေကြပါပြီ။

စာပေ နိုဗဲလ်ဆု ကနေဒါ စာရေးဆရာမ အဲလစ်မန်ရို ရရှိ



၂၀၁၃ ခုနှစ် အတွက်
ဒီနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ကနေဒါက
စာရေးဆရာမ အဲလစ်မွန်းရို (Alice Munro) က
ဆွတ်ခူးရရှိသွားပါတယ်။

အသက် ၈၂ နှစ် အရွယ် ရှိပြီဖြစ်တဲ့ စာရေးဆရာမ မွန်းရိုဟာ
ခေတ်ပြိုင် ဝတ္ထုတိုတွေ ရေးသားရာမှာ ကျွမ်းကျင်ပိုင်နိုင်
တယ်လို့ ဒီဆုကို ချီးမြှင့်တဲ့ ဆွီဒစ်ရှ် အကယ်ဒမီက ပြောပါတယ်။

သူမ မွေးရပ်ဒေသဖြစ်တဲ့ အွန်တာရီယို ကျေးလက်ဒေသက
အမျိုးသမီးတွေရဲ့ လူမှုဘဝတွေကို ဇောင်းပေး ဖော်ကျူးတဲ့
အကြောင်းအရာတွေ အပါအဝင် အဲလစ်မွန်းရိုဟာ ဒါဇင်နဲ့
ချီတဲ့ ဇာတ်လမ်းတွေ ရေးခဲ့သူဖြစ်ပြီး ဆုအများအပြားလည်း
ဆွတ်ခူးရရှိခဲ့ပါတယ်။

အခု ရရှိတဲ့ နိုဗယ်ဆုဟာ ဒေါ်လာ ၁.၂၅ သန်းတန် ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေး Sakharov ဆု မာလာလာ ရရှိ

 ဥရောပ ပါလီမန်က ပေးတဲ့ ယခုနှစ် အတွက် Sakharov လူ့အခွင့်အရေးဆု ကို ပါကစ္စတန်နိုင်ငံက ဆယ်ကျော်သက် မာလာလာ က Freedom of Thought အတွက် ရရှိသွားပါတယ်။ 


 မာလာလာ၊ ဓာတ်ပုံ- The Telegraph

မာလာလာဆိုတာ ပါကစ္စတန်နိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အမျိုးသမီး အခွင့်အရေးတိုက်ပွဲဝင်ခဲ့လို့ တာလီဘန်တွေက သေနတ်နဲ့ ပတ်ခတ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာ အသက်ရှင်လာသူလေးပါ။ 

သူဟာ ဆယ်ကျော်သက် အမျိုးသမီး ငယ်လေး ဖြစ်လင့်ကား သူ့ရဲ့ ရဲစွမ်းသတ္တိက အံ့မခန်း ဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာ မာလာလာလို လူငယ်တွေရဲ့ အနာဂတ် ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ချက်တွေ ရှိတယ်ဆို တာ ကမ္ဘာကို သိခွင့်ရှိစေဖို့ အခုလို ဒီ Sakharov ဆုအတွက် မာလာလာကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဥရောပ ပြည်သူ့ပါတီ (EPP) ရဲ့ ဥက္ကဋ္ဌ Joseph Daul က အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောပါတယ်။ 

 

No comments:

Post a Comment

Note: only a member of this blog may post a comment.