Wednesday, 27 August 2014

Freedom To Lead

Freedom To Lead
အသစ်ထွက်တဲ့ပင့်ကူလူသားရုပ်ရှင်တွင်
ပင့်ကူလူသားရဲ့အိပ်ခန်းမှာ”FREEDOM TO LEAD”
လိုခေါင်းစဉ်တပ်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းချီကားကို
ချိတ်ဆွဲဂုဏ်ပြုထားတာတွေ့ရှိရတယ်။


Sunday, 24 August 2014

တစ်ဦးတည်းသောအမျိုးသမီးသူရ ဘွဲ့ရှင် သူရမချစ်ပို

ထိုနေရာသည် သချီ င်္င်းမဟုတ်ပါ


မေမြို့မိုးကကောင်းလှပေသည်။ စနေမှာစွေသည်မက တနင်္ဂနွေပါစွေလို့ နေချေသည်။ ကိစ္စတစ်ခုနှင့်မြို့ ထဲသို့
လာသည့်ကျတော်ခေါင်းထဲမှာပေါ်လာသည့် အတွေးတစ်ချက်ကြောင့် ညဏ်ကွဲရပ်က ရွှေမြင်တင်ဘုရား
ဆီသို့ ကားကိုလှည့်လိုက်မိသည်။ပြင်ဦးလွင်ရောက်ပါက မဖြစ်ဖြစ်အောင်သွားမည်ဟု ဆုံးဖြတ်ထားသောနေရာ၊ ရွှေမြင်တင်ဘုရားရောက်တော့ လူတစ်ယောက်ကိုမေးလိုက်မိတယ် “ သူရမချစ်ပို အုတ်ဂူက ဘယ်ဘက်လဲဗျ” ဒီလိုနဲ့ လမ်းသွယ်နှစ်ခုလောက်ထပ်မံချိုးကွေ့ပြီး လမ်းဆုံတစ်ခုအလယ်မှာ သံပန်းခြံစည်းရိုးလေးခတ်
ထားသောအုတ်ဂူငယ်တစ်ခုကိုကျတော်တွေ့လိုက်တယ် ကားကိုရပ်ပြီး မိုးရွာထဲကျတော်ဆင်းတယ်။ တွေ့တွေ့ခြင်းမြင်ကွင်းက အုတ်ဂူထက်ကစာသားတစ်ခု “ ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန့် ၊ နိုင်ငံ့ဝန်၌ ကုမ္ဘဏ်ယက္ခ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လဲ၊ ခွာ၍မတွန့်၊ အသက်စွန့်လော့”ရှင်မဟာရဌသာရ
ဂမ္ဘီသာရပျို့မှကြက်သီးထဖွယ်ကောင်းသော ကဗျာတစ်ပိုဒ်ဖြစ်ပေသည်။ ကျတော်လဲ မိုးရွာထဲမှာ အုတ်ဂူငယ်ကို ဓါတ်ပုံအနည်းငယ် ပါတ်ရိုက်ပြီး မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံး သူရသတ္တိဆိုင်ရာ ဘွဲ့ ကို ရရှိခဲ့သည့် တစ်ဦးတည်းသောအမျိုးသမီးသူရ ဘွဲ့ရှင် သူရမချစ်ပို အကြောင်း စာရေးချင်စိတ်ကလေး ဖြစ်ပေါ်လာခဲ့ပေတော့သည်။

မချစ်ပိုသည် ထားဝယ်မြို့ သူတစ်ယောက်ဖြစ်ပေသည်။ သူ့အသက်(၂၀)အရွယ် ၁၉၄၇ ခုနှစ်တွင် BEတပ်ထဲဝင်သွားသောမောင်ဖြစ်သူအားရှာဖွေရန်ထားဝယ်မှပြင်ဦးလွင်သို့တစ်ဦးတည်းထွက်ခွါလာခဲ့ပြီးပြင်ဦးလွင်မြို့ တွင် BE တပ်မှ တပ်ကြပ် မောင်လှနှင့် အကြောင်းပါခဲ့ပြီး တပ်မတော်၏မိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့သည်။၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင်KNDOတပ်ဖွဲ့များသည် မေမြို့(ယခုပြင်ဦးလွင်မြို့)အားအလစ်အငိုက်စီးနင်းသိမ်းပိုက်လိုက်လေသည်။ ထိုအချိန်ကမေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့် ဗိုလ်ကြီး ဘဖြူ ဦးစီးသော BE တပ်မှတပ်ခွဲများသည် ရရာလက်နက်ခဲယမ်းများသိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာသွားသော တပ်များသည် လားရှိုးတွင်ပြန်လည်စုဖွဲ့ကာ မေမြို့ သို့ ပြန်လည် ချီတက်ခဲ့ကြလေသည်။
မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင် လာရောက်ပူးပေါင်းခဲ့ကြလေသည်။ ထို့နောက်.... တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ၂၄ ရက်နေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ ပြင်ဦးလွင်မြို့ ကို ပြန်လည်ရရှိခဲ့လေသည်။ အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သောထို ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့ခေါ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။ ထိုသို့... ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် စခန်းများရရှိပြီးဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးတစ်ဘက်နှင့်တစ်ဘက် ခြေကုတ်စခန်းများကိုအားပြုကာအဖွဲ့ငယ်များစေလွှတ်၍အပြန်အလှန်သတင်းထောက်လှမ်းတိုက်ခိုက်နေကြသည်။မြို့ပေါ်တွင်လည်းလေ့ကျင့်မှု မရှိသော အရပ်သားများသည်ပင် ရရာလက်နက်စွဲကိုင်ပြီး တပ်နှင့် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည်။သတင်းထောက်လှမ်းမှုအရေးကြီးချိန်တွင်ရန်သူသည် ယောက်ကျားမှန်သမျှ
တွေ့ သည်နှင့်ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ရာအမျိုးသမီးများသာ နွားကျောင်းခြင်း ဈေးရောင်းခြင်းများပြုလုပ်နိုင်ကြသည်။ ထိုအချိန်တွင် အမျိုးသမီးများထဲမှ မိမိသဘော အလျောက် ရန်သူ့သတင်းထောက်လှမ်းရန် တစ်ဦးထွက်လာလေသည် ထိုသူကား မချစ်ပို ပင်ဖြစ်ပေသည်။ မချစ်ပို၏ ယောက်ျားဖြစ်သူတပ်ကြပ်လှမောင်အပါအ၀င်အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့်တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြရာမှ တပ်ကြပ် လှမောင်အားသေနတ်မှန်ကာဒဏ်ရာရရှိခဲ့လေသည်။မချစ်ပိုသည် ဓါးတိုတစ်လက်နှင့်လက်ပစ်ဗုံးတို့ယူဆောင်ပြီးခမောက်ဆောင်းကာ၊တုတ်တစ်ချောင်း၊လွယ်အိတ်တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များ တပ်စွဲထားသော မေမြို့ လေ့ကျင့်ရေး တပ်ကုန်း၊ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာရန်သူ၏လက်နက်ကြီးများထားရှိရာနေရာ၊ကွပ်ကဲရေးရုံးတည်နေရာနှင့် အခြား ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေသည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။ မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ကြီးများချထားသည့်နေရာများအား တပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ်သုံးလေးဦးခန့်ဖြင့်ဆုံတွေ့စဉ်အခွင့်သာပါက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော်ပင်အထိနာခဲ့လေသည်။စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည်လက်ရှိလုပ်ဆောင်ချက်အားအားမလိုအားမရဖြစ်ကာထမီအစားဘောင်းဘီဝတ်လို
ကြောင်း နေရာတိုင်း သုံးမရသော လက်ပစ်ဗုံးအစား သေနတ်တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်
တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့် အတူ လိုက်ပါတိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။ မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့်မချစ်ပိုအားခြောက်လုံးပြူးထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင်ညတိုက်ပွဲများ ဆက်
လက် ဆင်နွှဲကြလေသည်။ တစ်ချိန်တွင် မချစ်ပိုသည် ရန်သူကို ရှေ့ တက်လုံးထွေးတိုက်ခိုက်ရင်းမှ ဗိုက်ကိုသေနတ်မှန်ခဲ့လေသည်။ သို့ သော် မာန်တင်းလျှက် ဒဏ်ရာကို အ၀တ်နှင့်စည်းပြီး ဆက်လက်တိုက်ခိုက်ခဲ့သည်။ ရရှိသည့်ဒဏ်ရာကိုတိုက်ပွဲအောင်မှ ပြန်လည်ကုသခဲ့သည်။ ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့်မချစ်ပို၏ ဒဏ်ရာကိုဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရသည်။ မချစ်ပို ဆေးကုသနေစဉ်ကာလတွင် မေမြို့ မှ BE တပ်များအား မန္တလေးရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆင့်ခေါ်ခြင်းခံရသဖြင့် ဆုတ်ခွာသွားကြသောကြောင့် တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစုဝင်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။ ထိုအချိန်တွင် KNDO ခေါင်းဆောင်စောဘစံသည်သတင်းရရှိပြီးမချစ်ပိုပုန်းအောင်းနေသောနေရာသို့ရောက်ရှိခဲ့ကာ မချစ်ပိုအားဖမ်းဆီးခဲ့လေသည်။ မချစ်ပိုသည် ထွက်ပြေးတိမ်းရှောင်းခြင်းမရှိပဲ ဓါးမြှောင်တိုတစ်ချောင်းကို ၀ှက်ကာယူသွားခဲ့သည်။ မချစ်ပိုသည် အံသွားအပို (အံပွား)ပါသူတစ်ဦးဖြစ်သည်။ ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမကနောက်ကလိုက်ပါကြသူများသည်လည်းကျည်ဆန်ထိမှန်ခြင်းမရှိဟုယုံကြည်နေကြသည်။ မချစ်ပို ကို ဖမ်းမိသည်နှင့်သူမ၏ အံသွားများကို ဓားဖြင့်ကလန့်ထုတ်ကြလေသည်။ “ နင်တို့ငါ့ အံသွားပဲနှုတ်လို့ရမယ် တပ်မတော်အပေါ်ထားတဲ့ ငါ့သစ္စာတော့ ဘယ်တော့မှနှုတ်လို့မရဘူး “ ဟုပြောပြီး မချစ်ပိုသည် ၀ှက်ယူလာသော ဓါးတိုဖြင့်ကလန့် နေသူနှစ်ဦးအားထိုးသတ်ရာ နှစ်ဦးစလုံးနေရာတွင်ပင် ပွဲချင်းပြီးသေလေသည်။ မချစ်ပို၏ လုပ်ဆောင်ချက်ကြောင့် စောဘစံသည် မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအားတရစပ်ပစ်ခတ်လေရာမချစ်ပိုမှာလဲကျသွားလေတော့သည်။မချစ်ပိုသည်ဒဏ်ရာပြင်း
ထန်စွာရနေသော်လည်းအတန်ကြာသည်အထိသေဆုံးခြင်း မရှိသဖြင့်အသက်ပြင်းသည်ဟုပြောစမှတ်ပြုကြလေသည်။ ထို့နောက်စောဘစံသည်မချစ်ပို၏အလောင်းအားရေတွင်းထဲသို့ ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ၊ပန်းအိုးကွဲများပစ်ချထားလိုက်လေသည်။ဤသို့ဖြင့် အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် ( ၈-၄-၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် သူမအသက်ကိုပေးအပ်ခဲ့လေတော့သည်။

၁၆ ၄-၄၉ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး - မေမြို့ကားလမ်းအားစစ်ဆေးရန်ရာက်ရှိလာသော ဗိုလ်မှူးကြင်နှင့်စစ်သည်များသည် မချစ်ပို ကျဆုံးခဲ့သော ရေတွင်းအတွင်းမှ သူမအလောင်းကို ဆယ်ယူကာ စစ်အခမ်းနားဖြင့် ကောင်းမွန်စွာ သဂြိုလ်ခဲ့ပြီး သူမကျဆုံးခဲ့ရာ ရေတွင်းအားငုံ၍ အုတ်ဂူပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော်အတွက်...... အသက်ကို ပဓာန မထားပဲ......သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့
စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ`` သူရ ´´ဘွဲ့တံဆိပ်အား ချီးမြှင့်ပေးအပ်ခဲ့လေသည်။ ထိုသူရဘွဲ့ တံဆိပ်သည် မြန်မာ့နိုင်ငံအမျိုးသမီးအားလုံးတွင် တစ်ဦးတည်းသော ပေးအပ်ခဲ့သည့် ဘွဲ့တံဆိပ်ဖြင့်ယနေ့ ထက်တိုင် မှတ်တမ်းဝင်ခဲ့လေသည်။

မချစ်ပို၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘို ရပ်တွင်
ယနေ့ ထက်တိုင်တည်ရှိနေပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲရောက်နေသဖြင့်ရွှေ့ပစ်သင့်သည်ဟုထင်မြင်ယူဆနေကြပါသည်။
`` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်း မဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် မြန်မာအမျိုးသမီးများ၏ စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ ဖြစ်ပေလိမ့်မည်။ အမိမြေရဲ့ သူရဲကောင်းတွေသမိုင်းမှာ မချစ်ပိုဟာ အသံမဲ့စွာ ပါဝင်နေပေလိမ့်အုံးမည်။ သူမရရှိခဲ့သော သူရဘွဲ့ သည် တပ်မတော်သမိုင်းတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သား များစွာ၏ နောက်က မိသားစုတွေ၏ ဘ၀ပေါင်းများစွာကို ကိုယ်စားပြုနေပေလိမ့်အုံးမည်……………။

သူရဲကောင်းတို့ ၏၀ိညဉ်သည် ကောင်းကင်ယံတွင် ထာဝရ တည်တံနိုင်ကြပါစေ ။

ထူးဝေ

ကိုရီးယားသွားရောက်လိုသူများ အသေးစိတ်သိရှိလိုက ဖတ်ရှုရန်...

ကိုရီးယားသွားရောက်လိုသူများ အသေးစိတ်သိရှိလိုက ဖတ်ရှုရန်...

ကိုရီးယားဘာသာကို လေ့လာရန်အတွက်လည်းကောင်း ကိုရီးယားနှင့်ပတ်သက်သည့် လုပ်ငန်းအမျိုးအစား နှင့် ခေါ်ယူရွေးချယ်သည့် စနစ်များ နည်း ဥပဒေများ အစားအသောက် ရာသီဥတု ယဉ်ကျေးမှုဓလေ့စရိုက်အစရှိသည့် အထွေထွေဗဟုသုတများကို မသွားရောက်မီ သိရှိစေရန် အထောက်အပံ့ဖြစ်စေရန်အတွက် သိသင့်သိထိုက်သည်များကို ကိုရီးယားနို်ငံ၇ှိ စက်ရုံပေါင်းများစွာနှင့် လေဘာရုံးများစွာတို့သို့ EPS စနစ်အတွက် စနစ်တကျ သွားရောက်လေ့လာခဲ့သော ဆရာမှ Update လုပ်တင်ပြပေးသွား မည်ဖြစ်ပါသည်။
ကိုရီးယားသို့ EPS ( Employment Permit System- 고용허가제 )လုပ်သားခေါ်ယူမှုစနစ်သည် (G To G) အစိုးရချင်း ပူးပေါင်းဆောင်ရွက် ပို့ဆောင်ပေးသောစနစ်ဖြစ်ပါသည်။ ပုဂ္ဂလိက ကုမ္ပဏီများမှ ပို့ဆောင်သည့် စနစ်မဟုတ်ပါ။ ကိုရီးယား အစိုးရနှင့် မြန်မာဘက်မှ အလုပ်သမားဝန်ကြီးဌာနမှ ကိုင်တွယ်ဆောင်၇ွက်ပါတယ်။
ကိုရီးယားသို့ သွားရောက်အလုပ်လုပ်လိုပါလျှင် EPS-TOPIK စာမေးပွဲ ဖြေဆိုရပါသည် ။ စာမေးပွဲ အောင်မြင်မှ သွားလို့ရပါသည်။ စာမေးပွဲကို ပုံမှန်အားဖြင့်( ၅) လပိုင်းနှင့် (၁၁)လပိုင်းတို့တွင် ပြုလုပ် ကျင်းပလေ့ရှိပါသည်။ ပညာအရည်ချင်းမလိုပဲ ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ အောင်မြင်တယ်ဆိုလျှင် သွားရောက်နိုင်ပါသည်။ အကျဉ်းချုပ်ကို အောက်တွင်ဖော်ပြပေးထားပါသည်။
ကိုရီးယားသွားလိုသူများ သိသင့်ထားသောအချက်လက်များ
(1) လုပ်အားခ ( 2014)
အခြေခံလစာ = 1088090 won 1003460 ks)
တစ်နာရီလုပ်အားခ = 5210 won
အချိန်ပို တစ်နာရီနှုန်း = 7815 won
( အခြေခံလစာနှင့် အချိန်ပိုကြေးများ စုပေါင်းလျှင် အနည်းဆုံး မြန်မာငွေ ကျပ်(၁၀) သိန်းခန့်မှ စ၍ အများဆုံး (၂၅)သိန်းကျော်အထိရရှိနိုင်ပါသည်။)

(2) လုပ်ကိုင်နေထိုင်နိုင်သော ကာလ
ပထမစာချုပ် = 3 နှစ်
သက်တမ်းတိုးချုပ်ဆိုနိုင်သောကာလ = 1 နှစ်နှင့် 10 လ

(3) ကိုရီးယားသွားကုန်ကျစရိတ်
(၁) လေယဉ်လက်မှတ် နှင့် ဗီဇာကြေး = ၆သိန်းခွဲ
(၂) အာမခံကြေး (စပေါ်ငွေ) = ၁၅ သိန်း (ဘဏ်မှာထည့်ပေးခဲ့ရမည်)
(* မှတ်ချက် = ယခင်ကစပေါ် ၁၅သိန်းမပေးရသော်လဲ ယခုတောင်းခံပြီး ထိုငွေကိုလဲ ကိုရီးယားတွင် တရားမဝင်နေထိုင်သွားပါက ပြန်ပေးမည်မဟုတ်ပေ။ တရားဝင်ပြန်လာမှသာ ပြန်ထုတ်ပေးမည်ဟု လေဘာရုံးမှ ဆိုပါသည်။တရားဝင်ပြန်လာသော်လဲ ဘဏ်တိုးနှုန်းတော့မပေးဟုသိရပါသည်)

(3) လျှောက်ထားနိုင်သူ
(က) အသက် ၁၈နှစ်မှ ၃၉ နှစ်အောက်
(ခ) ကိုရီးယားမှ နှင်ထုတ်ခြင်းခံမထားရသူ
(ဂ) ရာဇဝတ်မှု ကျူးလွန်ထားခြင်းမရှိသူ
(ဃ) ပညာအရည်ချင်းမရှိသူလဲ လျှောက်ထားဖြေဆိုနိုင်သည်။

(4) စာမေးပွဲ ပုံစံ
ပေးမှတ် စုစုပေါင်း = (၂၀၀)
ဖတ်ဖြေ (Reading ) = ၂၅ ပုဒ် (အမှတ် ၁၀၀ ဖိုး )
နားထောင်ဖြေ ( Listening) – ၂၅ ပုဒ် (အမှတ် ၁၀၀ ဖိုး)
ပျမ်းမျှအားဖြင့် ရမှတ် = ၈၀ ကို အောင်မှတ်သတ်မှတ်သည်။( သို့သော် လျှောက်ထားသူဦးရေနှင့် ခေါ်ယူသူအရေတွက်ပေါ် မူတည်ပြီး အမှတ်သတ်မှတ်မှုကွဲပြားတဲ့အခါ ရှိတတ်သည်။)
ဖြေဆိုရာတွင် ရေးစရာမလိုပဲ အဖြေလေးခုပေးထားသည်တွင် အဖြေမှန်တစ်ခုကို ရွှေးချယ်ပေးရန်သာဖြစ်ပါတယ်။)


(5) ‘ HANUL ’ သင်တန်းမှ ကိုရီးယားစာသင်တန်းကြေး
သင်တန်းကြေး = 150000 ကျပ် ( လေးလစာ စာအုပ်စာတန်းဖိုး အားလုံးပါပြီး)
သင်တန်းကာလ = လေးလနှင့်အထက်
သင်တန်းရက် = တနင်္လာ ၊အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး
သင်တန်းချိန် = တစ်ရက်ကို အနည်းဆုံး (2) နာရီဖြစ်ပြီး အခြားအချိန်များတွင်လဲ တက်ရောက်နိုင်။
သင်ကြားပေးသည့်ဘာသာရပ်= ကိုရီးယားဘာသာစကား အခြေခံ သဒ္ဒါ ၊
= အဆင့်မြင့်သဒ္ဒါ များ စကားပြောများ (4 skills)
= EPS-TOPIK သင်ရိုးညွှန်းတမ်းစာအုပ်များ
= အလုပ်သမားဥပဒေများ ၊ယဉ်ကျေးမှု ၊အစားအသောက်၊ နေထိုင်သွားလာမှုနှင့် အခြားအထွေထွေသိမှတ်ဖွယ် ဗဟုသုတများ။
(6) သင်တန်းမှ ဝန်ဆောင်ပေးမှု
ကိုရီးယားစကားကို အခြေခံမှစ၍ အဆင့်မြင့်သဒ္ဒါများ EPS မေးခွန်းများကို ပြည့်စုံစွာသင်ကြားပေးခြင်း ၊ စကားပြောလေ့ကျင့်ခန်း များ ဘာသာပြန်လေ့ကျင့်ခန်းများကို သင်တန်းတွင်းမှာပင် video အခွေများဖွင့်၍ ကြည့်ရှု နားထောင်စေခြင်း လက်တွေ့ပြောစေခြင်း၊ စာမေးပွဲလျှောက်လွှာတင်ခြင်း ဖြေဆိုခြင်း၊ အလုပ်လျှောက်လွှာတင်ခြင်း ဖြည့်စွက်ခြင်း အားလုံးကို လမ်းညွှန်ဆောင်ရွက်ပေးပါသည်။ စာမေးပွဲအောင်မြင်ပြီးလျှင် အလုပ်ခေါ်စာအမြန်ကျရန် အတွက် မြို့ရွေးချယ်မှု အလုပ်ရွေးချယ်မှု ၊ ဖောင်ဖြည့်ခြင်းများကို အမှားအယွင်းမရှိစေရန် ကိုရီးယားရှိစက်ရုံအလုပ်ရုံပေါင်းများစွာနှင့် လေဘာရုံးများတွင် အလုပ်ရွေးချယ်နည်းစနစ်များကို စနစ်တကျ ကောင်းစွာလေ့လာခဲ့သော ဆရာကိုယ်တိုင်မှ ဖြည့်စွက် လုပ်ဆောင်ပေးပါသည်။
အလုပ်စောမေးပွဲ အောင်စာရင်းများနှင့် ကိုရီးယားမှ အလုပ်ခေါ်စာကျသည်များကို နယ်ရောက်နေသော်လဲ သင်တန်းမှ ကြည့်ရှုဆက်သွယ်ဆောင်ရွက်အကြောင်းကြားပေးခြင်း၊ သင်တန်းပြီး၍ နယ်ရောက်သွားလျှင်လဲ ဆက်လက်လေ့လာနိုင်အောင် အင်တာနက်မှ သင်ခန်းစာများဆက်လက်ကြည့်ရှုလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါသည်။

(7) လုပ်ငန်းစိတ်များ
(က) ကုန်ထုတ်လုပ်ငန်း
(ခ) ဆောက်လုပ်ရေးလုပ်ငန်း
(ဂ)စိုက်ပျိုးမွေးမြူရေးလုပ်ငန်း
(ဃ) ရေလုပ်ငန်း (ငါးဖမ်းလုပ်ငန်း)
(င) ဝန်ဆောင်မှုလုပ်ငန်း
ထိုလုပ်ငန်းစိတ်များတွင် ယခုနှစ်များ၌ အပေါ်ဆုံး((၃)မျိုးသာ ပို့ဆောင်ပြီး နံပါတ်(ဃ)နှင့် (င) မပါဝင်တော့ပေ။ ထိုလုပ်ငန်းများထဲတွင် (က) ကုန်ထုပ်လုပ်ငန်းသာ အကောင်းဆုံဖြစ်ပြီး စက်ရုံများအတွင်းလုပ်ရခြင်းဖြစ်၍ အပူပေးစက်များနှင့်လုပ်ကိုင်ရသောကြောင့် အဆင်ပြေပြီး (ခ)ဆောက်လုပ်ရေးနှင့် (ဃ) စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာ အပူချိန် အနှုတ်အောက် အပြင်ဘက် အရမ်းအေးသောနေရာများတွင် လုပ်ကိုင်ရပြီးဥပဒေအရ အခွင့်အရေးများလဲ နည်းပါးသောကြောင့် ထိုလုပ်ငန်းစိတ်များလျှောက်ထား၍ မသွားသင့်ပေ။ ကိုရီးယားအလုပ်သမားဥပဒေအရ မိမိတို့လျှောက်ထားသောလုပ်ငန်းစိတ်တူ အမျိုးစားအတွင်းသာ (၃)ကြိမ်အထိ ပြောင်းလဲနိုင်ပြီး အမျိုးမတူသောလုပ်ငန်းစိတ်တစ်ခုမှတစ်ခုသို့မပြောင်းနိုင်ပေ။ ဥပမာ ကုန်ထုတ်လုပ်ငန်းနှင့်သွားရောက်သောသူအတွက် ဆောက်လုပ်ရေးသို့မပြောင်းနိုင်ပေ။ စိုက်ပျိုးရေးနှင့်လာသူကလဲ ကုန်ထုတ်သို့ပြောင်းမရပေ။ ဆောက်လုပ်ရေးနဲ့လာသူကလဲ ဆောက်လုပ်ရေး လုပ်ငန်းချင်းသာ ပြောင်းရွှေ့နိုင်ပါတယ်။
ထို့ကြောင့် အအေးဒဏ်လဲမခံရ လစာလဲကောင်းပြီး စက်ရုံလုပ်ငန်းစိတ်ပေါင်းများစွာရှိတဲ့ ကုန်ထုတ်လုပ်ငန်းသာ ရွေးချယ်လျှောက်ထားခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။ ဆက်လက်ဖော်ပြပါမည်။

U Zaw Lin (B.A,Korean ,YUFL)
" HANUL "
ကိုရီးယားဘာသာစကားသင်တန်းကျောင်း
Ph: 09400475420 , 0947113848
လိပ်စာ >>
သင်တန်းကျောင်း (1) လှဆန်းယဉ်တိုက် (5) အခန်း(6-C) ၊ဦးထွန်းလင်းခြံလမ်း ၊ လှည်းတန်းလမ်းဆုံ ၊ ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။
သင်တန်းကျောင်း (2) အလင်းရောင်မူလတန်းကျောင်းအနောက်ဘက် ၊လမ်းမတော်၊ အမှတ်(၆)ရပ်ကွက် ၊ မြင်းခြံမြို့။

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုံတော် ကျောက်တုံး (Leshan Gian Buddha)

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုံတော် ကျောက်တုံး (Leshan Gian Buddha)
တရုတ်နိုင်ငံ Sichuan ပြည်နယ်တောင်ပိုင်း Minjiang, Dadu နှင့် Qingyi မြစ်ဆုံ၊ Leshan မြို့ မြစ်ကမ်းပါးဆောင်း တစ်နေရာ ရှိ ကျောက်ဆောင်တွင် ထွင်းထုထားသော Leshan Gian အမည်ရ ဗုဒ္ဓဆင်းတုတော် ရှိသည်။
ယင်းကျောက်တောင်နံရံတွင် အေဒီ ၆၁၈-၉၀၇ တွင် ထွင်းထုတည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ထိုခေတ်အချိန်အခါ၌ ကမ္ဘာ့ (ဥာဏ်တော်) အမြင့်ဆုံး ဆင်းတုတော် ဖြစ်ခဲ့ဖူးသည်။
ယနေ့အချိန်အခါအထိတွင် Leshan Gian Buddha သည် ကမ္ဘာ့အကြီး ဆုံး ကျောက်ဆောင်ပေါ်ထွင်းထုသော ဆင်းတုတော်အဖြစ် အသတ်မှတ်ခံ ထားရကြောင်း သိရသည်။

Saturday, 23 August 2014

ဘရူနိုင်းဘုရင့်ဖလားချန်ပီယံဆုကို ဆွတ်ခူးရယူခဲ့သော မြန်မာ ယူ-၁၉

မြန်မာနိုင်ပြီ
-------------
ဘရူနိုင်းဘုရင့်ဖလားချန်ပီယံဆုကို ဆွတ်ခူးရယူခဲ့သော မြန်မာ ယူ-၁၉ အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းအား မြန်မာနိုင်ပြီ တေးသီချင်းဖြင့် ဂုဏ်ပြုအပ်ပါသည်။


ပရိသတ်အားပေးမှု ရရှိခဲ့သည့် မြန်မာ ယူ-၁၉ အသင်း ရာနှုန်းပြည့်နိုင်ပွဲယူပြီး ဘရူနိုင်းဘုရင့်ဖလား ဆွတ်ခူး၊ မြန်မာ့ဘောလုံး အနာဂတ်အတွက် အလားအလာကောင်းသည့် အသင်းအဖြစ် မျှော်လင့်နေကြ
ဘရူနိုင်းဘုရင့်ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဩဂုတ် ၂၃ ရက်က ကျင်းပရာ မြန်မာ ယူ-၁၉ အသင်းက ဗီယက်နမ် ယူ-၁၉ အသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာအသင်းမှာ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာအသင်းမှာ ပထမပိုင်း၌ ကစားပုံ လိုအပ်ချက်အချို့ ရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် ပုံစံကောင်းရရှိကာ အနိုင်ဂိုးများသွင်းယူပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းမှာ ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အနည်းငယ်ပြုလုပ်ခဲ့ပြီး ခံစစ်ကစားပုံ အမှားယွင်းများခဲ့သောကြောင့် ဗီယက်နမ်အသင်းကို သုံးဂိုးအထိပေးခဲ့ရခြင်းဖြစ်သည်။ ၁၇ မိနစ်တွင် မျိုးကိုထွန်းက မြန်မာအသင်းအတွက် ဂိုးစတင်သွင်းယူ ပေးခဲ့သော်လည်း ၃၉ မိနစ်တွင် ဖန်ဗန်လောင်က ချေပဂိုးနှင့် ၄၇ မိနစ်တွင် ဟောင်ထရန်သီက ဗီယက်နမ်အတွက် ဦးဆောင်ဂိုးသွင်းယူ ခဲ့သောကြောင့် မြန်မာအသင်း အရှုံးမှလိုက်ကစားခဲ့ရသည်။ ၅၈ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် မျိုးကိုထွန်းက ချေပဂိုးပြန်လည် သွင်းယူပေးခဲ့ပြီး မိနစ် ၆ဝ တွင် ငြိမ်းချမ်းအောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် မောင်မောင်စိုးက တတိယဂိုးသွင်းယူပေးခဲ့သည်။ မိနစ် ၇ဝ တွင် ငုယင်ကောင်ဖောင်က ဗီယက်နမ်အတွက် ချေပဂိုးသွင်းယူ ပေးခဲ့သော်လည်း ၈၁ မိနစ်တွင် အောင်သူက မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြကစားခဲ့သည့် မြန်မာ ယူ-၁၉ အသင်းမှာ ယခုဗိုလ်လုပွဲတွင် အမှားအယွင်းအချို့ ရှိခဲ့သော်လည်း ချန်ပီယံဆုနှင့် ထိုက်တန်သည့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့သည်။ ၂ဝဝ၅ ပြိုင်ပွဲနှင့် ၂ဝဝ၇ ပြိုင်ပွဲတို့တွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာအသင်းမှာ ဗိုလ်လုပွဲရလဒ်ဆိုးများကို ချေဖျက်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းမှာ လာမည့်အောက်တိုဘာလ အတွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ယင်းပြိုင်ပွဲအတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်သည်။ မြန်မာဘောလုံးပရိသတ်များကလည်း မြန်မာ ယူ-၁၉ အသင်းကို မြန်မာ့ဘောလုံး အနာဂတ်အတွက် အလားအလာကောင်းသည့် အသင်းအဖြစ် လက်ခံထားကြပြီး အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
 မြန်မာ ယူ၁၉ အသင်းရဲ့ နည်းပြချုပ် ဂျာမနီ နိုင်ငံသား ဂတ်ဆီဇီ နဲ့အသင်းသားတွေ အမှတ်တရပုံပါ။ သူဟာ မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်မှာ ယူ၁၉ အသင်းအတွက် တာဝန်ထမ်းဆောင်ခဲ့တာ ကာလအတန်ကြာမြင့်ခဲ့ပါပြီ။ ချန်ပီယံ ဆုဖလား (၂) ကြိမ်ရယူပေးခဲ့တဲ့ ဂတ်ဆီဇီဟာ အနေအထိုင် အေးဆေးပြီး မည်သည့် ဖိအားမှ မပေးဘဲ၊ မည်သည့်တောင်းဆိုမှုမှ ကြီးကြီးမားမား မလုပ်ခဲ့ဘဲ အလုပ်နဲ့ သက်သေပြခဲ့တဲ့ နည်းပြတစ်ဦးပါ။

Sunday, 10 August 2014

Super moon

Full moon falls on August 10, 2014 at 18:09 UTC (1:09 p.m. CDT in the U.S.). This full moon is not only the closest and largest full moon of the year. It also presents the moon’s closest encounter with Earth for all of 2014.
သြဂုတ်လ ၁၀ရက် ဝါခေါင်လပြည့်နေ့ မြန်မာစံတော်ချိန် ည ၁၁နာရီ ၅၅မိနစ်တွင် မြန်မာမိုးကောင်းကင်ပြင်ကို `လ´ရောက်ရှိကာ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်သာ ကြုံကြရသည့် Super moon ဖြစ်စဉ်နှင့်ကြုံတွေ့ရမည် လဆွဲအား မြင့်မားမည်။ ဒီရေအတက်ကြမ်း ရေကြီးဖွယ်ရာ ရှိသည်။
 
 ၂၀၁၄ခုနှစ်အတွက် ကမ္ဘာနှင့် အနီးဆုံးကြုံရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လကို အကြီးမားဆုံးအဖြစ် မြင်ရမည်။ ပုံတွင် အတွင်းဝိုင်းသည် မြင်ရနေကျ လပြည့်။ အပြင်ဝိုင်းသည် မြင်ရမည့် စူပါမွန်း လပြည့်ဖြစ်တော့သည်။
 ဓမ္မစေတီခေါင်းလောင်းဆယ်မည့် အချိန်လည်း ဖြစ်သည်။