Wednesday, 27 November 2013

အမေရိကန်ကတရုတ်ကိုဂရုမစိုက်တဲ့အနေနဲ့ရန်စချင်

  

အရှေ့တရုတ် ပင်လယ်ပြင်က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ကျွန်းတွေပါရှိရာ တရုတ်က လေကြောင်းကာကွယ်ရေးဇုန် အဖြစ် ကြေညာထားတဲ့ နေရာကနေ B-52 ဗုံးကြဲလေယာဉ် နှစ်စင်း ပျံသန်းခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။
ဒီလေယာဉ်တွေ ပျံသန်းမယ့် အကြောင်းကို တရုတ်ကို အကြောင်းမကြားခဲ့ဘူးလို့ အမေရိကန် ပင်တာဂွန် စစ်ဌာနချုပ်က ပြောပြီး အခုလို ပျံသန်းမှုတွေ လုပ်တာဟာ ပုံမှန် စစ်ရေး လေ့ကျင့်တာလို့ ဆိုပါတယ်။
ဒီဗုံးကြဲလေယာဉ်တွေ ပျံသန်းခဲ့တဲ့ ကျွန်းတွေဟာ ဂျပန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ဒီကျွန်းတွေကို သူတို့ပိုင်တာပါလို့ တရုတ်က ပြောနေတာ ဖြစ်ပါတယ်။
အဲဒီ လေကြောင်းပိုင်နက်ဇုန်ထဲကို ၀င်လာမယ့် ဘယ်ပျံသန်းမှုမျိုးမဆို သူတို့ကို သတင်းပို့ အကြောင်းကြားရမယ်လို့ ပြီးခဲ့တဲ့ စနေနေ့တုန်းက တရုတ်က ဆိုခဲ့တာ ဖြစ်ပါတယ်။(BBC)

No comments:

Post a Comment

Note: only a member of this blog may post a comment.