မယ်မြန်မာ နန်းခင် ဇေယျာဟာ ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း၊ မြို့တော် နာဟာမှာ ကျင်းပပြုလုပ်
ခဲ့တဲ့Miss International 2012 Pageant ပြိုင်ပွဲကနေ ဆုနှစ်ဆုကို သိမ်းပိုက်လို့ မျက်နှာပန်း
လှစွာနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က အမိမြေကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။
အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲကြီးမှာ
နန်းခင်ဇေယျာ ရရှိ ခဲ့တဲ့ ဆုတွေကတော့ People Choice Award နဲMiss Internetဆုတွေပဲ
ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ လွန်ခဲ့တဲ့နှစ်ပတ် လောက်က လူအများရဲ့စိတ်ဝင်စားမှုကို တစ်ခဲနက်ရရှိခဲ့တဲ့
နန်းခင်ဇေယျာဟာ နှစ်ပေါင်းများစွာကြာမှ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် နိုင်ငံတကာ
မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသူ ဖြစ်တာကြောင့် မြန်မာပြည်သူပြည်သားများရဲ့ သဒ္ဓါတရားထက်သန်
စွာမဲပေးမှု (Auto vote)တွေနဲ့ မဲပေးမှုတွေကြောင့် အခက် အခဲအနည်းငယ်တွေ့ခဲ့ရပေမယ့်
နောက် ဆုံးမှာတော့ မြန်မာ့ဂုဏ်ကို ဆောင်တဲ့ ဆုနှစ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
(၅၂)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ တဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကို ပါဝင်
ယှဉ်ပြိုင်ဖို့အတွက်International Cultural Association က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment
Note: only a member of this blog may post a comment.